Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

မိန်းကလေးတွေရှေ့မှာ သိပ်မှားတတ်ကြတဲ့ ယောက်ျားလေးတွေရဲ့ အပြုအမူများ


၁။  စင်းလုံးချောလူကောင်း သိပ်လုပ်ပြကြတဲ့ အပြုအမူ
    ယောက်ျားလေးတွေအများစုက ကိုယ့်ချစ်သူ၊ကိုယ်စိတ်ဝင်စားနေတဲ့ မိန်ကလေးရဲ့ရှေ့ရောက်ရင် ကိုယ့်ကိုယ်
     စင်းလုံးချောလူကောင်းပုံစံ သိပ်ဖမ်းပြတတ်ကြတယ်။သိပ်တော်တယ်၊သိပ်သိ၊သိပ်တတ်တယ်ဆိုတာမျိုးပေါ့။
     အဲဒါမျိုးကို မိန်းကလေးတွေက မနှစ်သက်ဘူး။သဘာဝကျကျ နည်းနည်းပါးပါး ပြသနာလေးတွေ၊ဘာလေးတွေနဲ့
     အမှားအယွင်းလေးတွေတော့ရှိနေရမှာပေါ့။ဒါပေမယ့် အထစ်ထစ်အငေါ့ငေါ့ တလွဲတချော်လူတော့လည်း မဟုတ်ရဘူးပေါ့။
၂။  သူကတော့ ငါ့ကို သိပ်ခိုက်နေပြီဆိုတာမျိုးထင်နေတတ်တဲ့ကိစ္စ
     တချို့ယောက်ျားလေးတွေက ကိုယ့်ကိုယ်သူကငါ့စတိုင်ကို သိပ်ခိုက်နေပြီဆိုတာမျိုး တစ်ဖက်မိန်းကလေးအပေါ်
     ထင်နေတတ်၊လုပ်ပြတတ်တယ်။သတ်ထားရမှာက ကိုယ်က လီယိုနာဒို လည်းမဟုတ်ဘူး၊ဂျုဒ်လောလည်းမဟုတ်ဘူး၊
     သင်နေထိုင်တာကလည်း ရုပ်ရှင်ထဲမှာမဟုတ်ဘူး လက်တွေ့ဘ၀ထဲမှာပါ။ဒါကြောင့် အားလုံးပုံမှန်တိုင်းပဲ
     လုပ်တာကောင်းပါတယ်။'ဘ၀င်'ကို မိန်းကလေးတွေက မနှစ်သက်တတ်ပါ။
၃။  နေရာတကာ သူ့ဆီကနေခွင့်တောင်းတာမျိုး
    မိန်းကလေးတွေက သူတို့ကိုအလိုလိုက်တာကြိုက်ကြတယ်ဆိုပေမယ့် သူတို့လိုချင်တာက ယောက်ျားပီပီသသ
     ယောက်ျားတစ်ယောက်ပါ။နေရာတကာ ခြေသုတ်ပုဆိုး မြွေအဆွယ်ကျိုးဆိုသလိုမျိုး အပိုးကျိုးပြရုံမက
     အသေးအဖွဲကိစ္စလေးကအစ သူခွင့်ပြုမှလုပ်တတ်တာမျိုးဆိုရင် သူပစ်သွားရင် အံ့သြမနေနဲ့လို့ ပြောရမှာပဲ။
၎။  မိန်းကလေးရဲ့အချစ်ကို လက်ဆောင်ပစ္စည်းနဲ့ဆွဲဆောင်လို့ရမယ်လို့ထင်နေတတ်တာမျိုး
    မိန်းကလေးအများစုက လက်ဆောင်ကိုမြတ်နိုးတတ်ကြတယ်။ဒါပေမယ့် အချစ်ကို ၀ယ်တာ၊
     အ၀ယ်ခံလိုက်ရတာမျိုးကိုတော့ မကြိုက်ဘူး။(ဒီထက်ကောင်းတဲ့နည်းလမ်းနဲ့ ဦးနှောက်သုံးပြီးကြိုးစားကြည့်ပါနော်)
၅။  သင့်ရဲ့အားနည်းချက်၊ပြသနာတွေ၊စိတ်ညစ်မှုတွေကိုဇွတ်အတင်းရင်ဖွင့်တာမျိုး
    လူချင်းရင်းနှီးတာမှမကြာသေးဘူး ပြသနာတွေ၊ချွတ်ယွင်းအားနည်းချက်တွေထုတ်ပြီး ညည်းညူပြတာမျိုး
     ကိုလည်း မိန်းကလေးတွေက စိတ်ပျက်တတ်တယ်။တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာရင် သူကကိုယ့်အကြောင်းကို
     နှိုက်နှိုက်ချွတ်ချွတ် သိချင်လာမှာပါ။အဲဒီလိုအခါမေးလားတော့မှ ရင်ဖွင့်ပါ။
၆။  သူတို့စိတ်ကိုနားမလည် အလိုက်ကန်းဆိုးမသိတတ်တာမျိုး
     အဲဒါမျိုးကို သူတို့အမုန်းဆုံးပဲ။အကင်းပါးပါးနဲ့ချဉ်းကပ်ပါ၊ချစ်သူဆိုရင် အကင်းပါးပါးနဲ့ချစ်တတ်ပါစေ။
၇။  အ၀တ်အစားဝတ်ရာမှာ ရှိုးထုတ်လွန်းတဲ့ကိစ္စ
    ဒီကိစ္စက သူတို့အမြင်ကပ်ဆုံးကိစ္စပဲ။ရိုးရှင်းပြီးစတိုင်ကျတဲ့ အ၀တ်အစားမျိုးရွေးချယ်ဝတ်ဆင်ပါ။
၈။  အနံ့အသက်ရှိတာမျိုး၊ဂျိုင်းစော်၊ချွေးစော်နံတာမျိုး
      အဲဒီအနံ့အသက်ရှိတာကတော့ သူတို့လုံးဝလုံးဝ ခွင့်မလွှတ်နိုင်တဲ့အချက်ပဲ။ရေမွှေးမသုံးလဲ အနံ့မထွက်ရင်ရပါပြီ။
      ရေမွှေးနံ့ပြင်းနေရင်လည်း များသောအားဖြင့် မိန်းကလေးတွေမကြိုက်တတ်ဘူး။
၉။  သူနဲ့အတူရှိနေချိန်မှာ တခြားမိန်းကလေးတွေကို မျက်စိကစားတာမျိုး
     ဒီအချက်က သူတို့စိတ်အနာဆုံးပဲ ဗိုက်ခေါက်သာ ဆွဲလိမ်ခံရဖို့ပြင်ထားပေတော့။
      သူနဲ့အတူရှိချိန်မှာသူ့ကိုသာအာရုံစိုက်ဂရုစိုက်ပါ။
     
      ကဲကဲ....ပြောပြထားပြီနော် သူတို့မကြိုက်တာလေးတွေကိုရှောင်ပြီး သူတို့နှလုံးသားကိုရယူနိုင်ကြပါစေကွယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့