Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

***** (လအလိုက် အဟော) ၊ (လဆန်း၊လဆုတ်အဟော) နှင့် (နေ့ဖွား ၊ညဖွားအဟော)****

***** (လအလိုက် အဟော) ၊ (လဆန်း၊လဆုတ်အဟော) နှင့် (နေ့ဖွား ၊ညဖွားအဟော)*****


***** (လအလိုက် အဟော) ၊ (လဆန်း၊လဆုတ်အဟော) နှင့် (နေ့ဖွား ၊ညဖွားအဟော)*****
2 attachments — Download all attachments View all images Share all images
Jeep Kan2 Kgmalay.jpg Jeep Kan2 Kgmalay.jpg
8K View Share Download



***** (လအလိုက် အဟော)*****



*** တန်ခူးလဖွားသော သူတို့အဟော



* .တန်ခူးလ ဖွားသောသူတို့သည် ဥစ္စာစီးပွား ကောင်းမွန်စွာရှိအံ၊ အသက်ရှည်အံ၊

သားသမီးများအံ၊

များစွာသောအတတ်ပညာတို့ကို တတ်အံ၊ ချမ်းသာခြင်းနှင့်ပြည့်စုံအံ။ ။



*** ကဆုန်လဖွားသော သူတို့အဟော



ကဆုန်လ ဖွားသောသူတို့သည် အလွန်ပင်ပန်းခြင်း၊ ကြမ်းကြုတ်သော နှလုံးရှိခြင်း၊
ငြင်းခုံခြင်းကို အလိုရှိခြင်း၊ အသက်ရှည်၍ ခွန်အားနှင့် ပြည့်စုံခြင်း ဖြစ်အံ့။ ။



*** နယုန်လဖွားသော သူတို့အဟော



နယုန်လ ဖွားသောသူတို့သည် ကျမ်းဂန်ကို နားလည်အံ၊ ကောင်းသော အကျင့်ရှိအံ့၊
ဥစ္စာပေါအံ့၊ အရပ်တစ်ပါးတွင် နေတတ်အံ့၊ ဘုန်းရှိအံ့။ ။



*** ၀ါဆိုလဖွားသော သူတို့အဟော



ဝါဆိုလ ဖွားသောသူတို့သည် ထူးသောချမ်းသာ၊ ထူးသောဂုဏ်၊ မင်္ဂလာရှိခြင်း၊
အနာကင်းခြင်း၊ ကုသိုလ်ကို အလိုရှိခြင်း၊ စည်းစိမ်ဥစ္စာပွားများခြင်း ဖြစ်အံ့။ ။





*** ၀ါခေါင်လဖွားသော သူတို့အဟော





ဝါခေါင်လ ဖွားသောသူတို့သည် ကျက်သရေရှိအံ့၊ မှန်ကန်သော စကားကိုဆိုအံ့၊
ဆန်ရေစပါးများပြားအံ့ ၊ သားမယားနှင့် ကောင်းမွန်စွာ ပေါင်းသင်းရအံ့။ ။



*** တော်သလင်းလ ဖွားသောသူတို့အဟော



တော်သလင်းလ ဖွားသောသူတို့သည် များစွာသော မိတ်ဆွေရှိခြင်း၊ အနာကင်းခြင်း ၊
ကုသိုလ်ကောင်းမှုများစွား ပြုလုပ်ခြင်း၊ တစ်ရပ်တစ်ပါးတွင် နေထိုင်ရခြင်း၊ ဘုန်းကံရှိခြင်း ဖြစ်အံ့။ ။



*** သီတင်းကျွတ်လ ဖွားသောသူတို့အဟော



သီတင်းကျွတ်လ ဖွားသောသူတို့သည် မင်းအိမ် စိုးမှုးတို့ထံတွင် ဆက်ဆံလိုလား၍ ၊
သားမယားတို့နှင့်ယှဉ်၍ ကျော်စောအံ့။ ။



*** တန်ဆောင်မုန်းလ ဖွားသောသူတို့အဟော



တန်ဆောင်မုန်းလ ဖွားသောသူတို့သည် သစ္စာရွှေ့လျှော့၍၊ နှမြောချုပ်ချယ်တတ်ဧ။် ။
မိုက်မဲတွေဝေခြင်း ၊ မသန့်ရှင်းခြင်း၊ စားခင်းသောက်ဖွယ်တို့ကို များစွာ စားတတ်ဧ။် ။ ။



*** နတ်တော်လ ဖွားသောသူတို့အဟော



နတ်တော်လ ဖွားသောသူတို့သည် လျှပ်ပေါ်ရှိခြင်း ၊ ရှည်မြင့်ဝပြောသော ကိုယ်ရှိခြင်း၊
သားမယားနှင့်ပြည့်စုံ၍ လယ်လုပ် ကုန်သွယ်ခြင်းကို လိုလားဧ။်။ ။



*** ပြာသိုလ ဖွားသောသူတို့အဟော



ပြာသိုလ ဖွားသောသူတို့သည် ဆင်းရဲခြင်းအဖို့ရှိလျှက်၊ စက်ဆုတ်ဖွယ် အလေ့ဝါဒနှင့်
ကြုံလှီသော ကိုယ်ရှိသည် ဖြစ်အံ့။ ။



*** တပို့တွဲ လဖွားသောသူတို့အဟော



* တပို့တွဲလ ဖွားသောသူတို့သည် ပြည့်စုံသောကိုယ်၊ ရှည်သောပြားသာ ဦးခေါင်း နဖူး

ဖြစ်၍ ဥစ္စာရှိခြင်း ၊လွန်သော မာန်မာန ရှိခြင်း ဖြစ်အံ့။ ။



*** တပေါင်းလ ဖွားသော သူတို့အဟော



တပေါင်းလ ဖွားသောသူတို့သည် တိုသော ပြည့်ဖြိုးသော လည်ရှိဧ။် ။
မျက်ထွက်တတ်ဧ။်၊ မိမိနေရာအရပ်ကို စွန့်တတ်ဧ။်၊ ရေကိုဆည်းပူးတတ်ဧ။်
များသော ရတနာရှိဧ။်။ ။





***** လဆန်း လဆုတ် အဟော ***



*** လဆန်းဖွား သူတို့ အဟော



လဆန်း တွင် မွေးဖွားသောသူတို့သည် ပြည့်သော လ၀န်းနှင့်တူသော မျက်နှာရှိဧ။် ။
ကျက်သရေရှိခြင်း ၊ လုံ့လပြုခြင်း ၊များစွာသော ကျမ်းဂန်ကို တတ်ခြင်း၊ ဥာဏ်ရှိခြင်း၊
ကုသိုလ်ရှိခြင်း ၊မြဲမြံ ခိုင်ခံသော နှလုံးသားတို့ရှိအံ့။ ။



*** လဆုတ် ဖွား သူတို့အဟော



လဆုတ် တွင် မွေးဖွားသော သူတို့သည် ဘုန်းတန်ခိုးကြီးခြင်း ၊ အကျင့်သီလရှိခြင်း၊
ခွန်အားနည်းခြင်း ၊ လျှပ်ပေါ်ခြင်း၊ ငြင်းခုံခြင်းကို အလိုရှိခြင်း၊
မိမိ အမျိုးဂုဏ်ကို ဖော်ထုတ်ခြင်း၊ အလိုကြီးအံ့။ ။





***** နေ့ဖွား ၊ ညဖွား အဟော *****



*** နေ့ဖွား သူတို့ အဟော



နေ့ဖွားသော သူတို့သည် အကျိုးတရားတွင် ယှဉ်ဧ။် ၊များသော သားသမီး
စည်းစိမ်ချမ်းသာ ခံစားရခြင်း ၊ချစ်သောသူနှင့် ပေါင်းဖော်ရခြင်း၊ ကာမဂုဏ်ဖြင့်
နှိပ်စက်သော ကိုယ်ရှိခြင်း ၊ အ၀တ်အစားအကောင်းတို့နှင့်ယဉ်၍ ၀တ်ရခြင်း၊
အဆင်းလှခြင်း ၊လိမ္မာခြင်း ဖြစ်အံ့။ ။



*** ညဖွား သူတို့အဟော



ညဇွားသော သူတို့သည် မကောင်းမှုနှင့်တကွ ဖြစ်ပွားတတ်ခြင်း၊ များစွာသော
သားသမီး စည်းစိမ် ချမ်းသာ ခံစားရခြင်း၊ မိန်းမဖြစ်သူနှင့် ပေါင်းယှဉ်ရခြင်း၊
ညတွင် အားရှိရခြင်း၊ ခိုးဝှက်ရန်လုံ့လ အားထုတ်ခြင်း၊ လိမ္မာမြော်မြင်ခြင်းရှိဧ။်
ကောင်းသောတန်ဆာဆင်ရခြင်း ၊ရန်ကင်းခြင်းရှိဧ။်။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့