Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 October 2012

လယ်ယာသုံး ပစ္စည်းပြပွဲတွင် အရစ်ကျ စနစ်ဖြင့် နိုင်ငံပေါင်းစုံမှ စက်ကိရိယာ ပစ္စည်းများပါဝင် ရောင်းချမည်


စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တို့က ကြီးမှူး ကျင်းပမယ့် မြန်မာ ဆန်စက်နှင့် လယ်ယာ ထွက်ကုန်
တန်ဖိုးမြင့် စက်ကိရိယာ ပြပွဲကို မတ်လ ၂ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗန်းရှင်း စင်တာ MCC မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ပြပွဲ မှာတော့ နိုင်ငံ ပေါင်းစုံမှ စက်ကိရိယာ လုပ်ငန်းရှင် များကို မြန်မာနိုင်ငံသို့ လာရောက် ပြသနိုင်ဖို့ ဖိတ်ကြား သွားမှာ ဖြစ်ပြီး စက်ကိရိယာ ပစ္စည်းများ ကိုလည်း အရစ်ကျ စနစ်နဲ့ ရောင်းချ နိုင်ဖို့ စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ပြပွဲမှာ အခြောက်ခံ စက်များ ပေါင်းဆန် စက်များ၊ လယ်ယာသုံး စက်ကိရိယာများ၊ ဆန်ကြိတ် ခွဲစက်များ၊ ဆန်စက်နဲ့ ပတ်သက်တဲ့ ကိရိယာများကို ပြသသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီပြပွဲကို နိုင်ငံတကာ ဈေးကွက်မှာ မြန်မာ့ဆန် ပြန်လည် နေရာရရှိ စေဖို့နဲ့ ဈေးကွက် ထိန်းသိမ်း ထားနိုင်စေဖို့ ၊အရည်အသွေး မြင့်မားတဲ့ မြန်မာ့ ဆန်များနဲ့ လယ်ယာ ထွက်ကုန် တန်ဖိုးမြင့် ကုန်ထုတ် လုပ်ငန်းများ တိုးတက် ထုတ်လုပ်နိုင်ဖို့ ပြသမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ဆန်စက် လုပ်ငန်းများနှင့် ဒေသ ဆိုင်ရာ စက်မှု၊ လက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေဖို့၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ၀င်ငွေများ တိုးတက် ရရှိစေဖို့ အတွက်  ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီလို စက်ကိရိယာ ပြပွဲ ပြုလုပ်ခြင်းမှာ ဒုတိယ အကြိမ်မြောက် ကျင်းပတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် မှာလည်း တစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယခု ကျင်းပြုလုပ်မယ့် ပြပွဲကို ပါဝင်ပြသလိုသူ စီးပွားရေး လုပ်ငန်းရှင်များဟာ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းနဲ့ UMFCCI တို့ကို ဆက်သွယ် စာရင်းပေး သွင်းနိုင်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့