Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

ပထမဆုံးအကြိမ် မြန်မာ-သြစတြေးလျ စီးပွားရေး တွေ့ဆုံမှု ပြုလုပ်ခဲ့


မြန်မာနိုင်ငံနဲ့ သြစတြေးလျ နိုင်ငံ နှစ်နိုင်ငံ စီးပွားရေး တွေ့ဆုံ ဆွေးနွေးမှုကို အောက်တိုဘာလ ၂၅ ရက်နေ့က UMFCCI မှာ ပထမဆုံး အကြိမ် အဖြစ်
ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲမှာ သြစတြေးလျ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၂၃ ဦး ပါဝင်တွေ့ဆုံခဲ့ ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ကိုယ်စားလှယ် အဖွဲ့ဟာ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်နိုင် ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က စတင် ပြည်တွင်းကို ရောက်ရှိခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့ အထိ တွေ့ဆုံကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့ဟာ ပညာရေး လုပ်ငန်း၊ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း၊ သတ္ထုတွင်း လုပ်ငန်း၊ သစ်တောနဲ့ သစ်တောထွက် ပစ္စည်းလုပ်ငန်း၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်း၊ စာရင်းအင်းနဲ့ ဥပဒေအကြံပေး လုပ်ငန်း၊ စက်မှုလုပ်ငန်း အစရှိတဲ့ လုပ်ငန်းတွေမှာ နှစ်နိုင်ငံ အကျိုးတူ ပူပေါင်း ဆောင်ရွက် နိုင်ဖို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း ရင်းနှီး မြှုပ်နှံရေး အခွင့်အလမ်း တို့ကို လေ့လာ နိုင်ဖို့ အတွက်လည်း တွေ့ဆုံ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ စီးပွားရေး တွေ့ဆုံ ဆွေးနွေးမှု မှာတော့ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ သြစတြေးလျ နိုင်ငံမှ စီးပွားရေး  လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြကာ အဲ့ဒီ တွေ့ဆုံမှုဟာ စီးပွားရေး တွေ့ဆုံ ဆွေးနွေးမှု သီးသန့် ဖြစ်ပြီး MoU လက်မှတ် ရေးထိုး တာတော့ မရှိဘူးလို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့