Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

နားမလည်နိုင်ဘူး

နားမလည်နိုင်ဘူး
လူနှစ်ယောက်မြို့တော်ကြီးအတွက် အလုပ်လုပ်နေကြသည်။ တစ်ယောက်ကတွင်းတူး၏။ တူးရင်းတူးရင်း တူး၏။ နောက်တစ်ယောက်က သူ့နောက်ကလိုက်ပီးတွင်းကိုဖို့သည်။ ဖို့ရင်းဖို့ရင်းဖို့၏။ သူတို့သည်စည်းချက်ညီညီ အလုပ်လုပ်နေ၏။ တစ်ယောက်ကတွင်းတူး တစ်ယောက်ကတွင်းဖို့။

လူတစ်ယောက်သည် လမ်းလျှောက်ရင်းသူတို့ကို စောင့်ကြည့်နေသည်။ သူကားထိုသူများ၏ အလုပ်ကိုမယုံနိုင်ဖြစ်ပြီး သူတို့ ဘာလုပ်နေကြသည်ကိုလည်း နားမလည်နိုင်ဖြစ်နေလေသည်။ နောက်ဆုံး တော့သူကမကျေနပ်နိုင်ပဲသွားမေးလေတော့သည်။

ခင်ဗျားတို့အလုပ်ကအတော့်ကိုပင်ပန်းပါတယ်ဗျာ ဒါပေမယ့်ခင်ဗျားတို့ဘာလုပ်နေကြတာတုန်း ခင်ဗျားကတွင်းတူးတယ် ပြီးတော့ခင်ဗျားအဖော်က နောက်ကလိုက်ပြီးတွင်းကိုဖို့ဖို့နေတယ်။

တွင်းတူးသမားကပြန်၍ဖြေလေသည်။ အို ဟုတ်ပါရဲ့ဗျာ ဒါဟာတကယ့်ကိုရယ်စရာကြီးပါပဲ ကျုပ်တို့က ကိုယ့်အလုပ်ကို လုပ်နေကြတာလေ။ မလုပ်နိုင်တဲ့လူကရှိတယ်ဗျ။ သူကနေမကောင်းလို့ဒီကနေ့မလာနိုင်ဘူး။ သူကသစ်ပင်စိုက်ပေးရတဲ့လူလေ။ တိန်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့