Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 October 2012

ကျပ်သိန်း ၁၅၀၀ ပေါက်မဲ၏ အက္ခရာနှင့် ရှေ့ဂဏန်း ၂ လုံးတူ လက်မှတ်များအား ဆုငွေချီးမြှင့် သွားမည်


၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၈၆ ကြိမ်မြောက် ကျပ်နှစ်ရာတန် အောင်ဘာလေ ထီဖွင့်ပွဲမှ စတင်ပြီး ကျပ်သိန်း ၁၅၀၀ အထူးဆု
ပေါက်မဲနဲ့ အက္ခရာ၊ ရှေ့ဂဏန်း နှစ်လုံးတူ ဆုလက်မှတ် တွေကို တစ်ဆု အတွက် ကျပ် ၅ သောင်း ချီးမြှင့်ပေး တော့မှာ ဖြစ်တယ်လို့ အောင်ဘာလေ သိန်းဆု ဌာနခွဲရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ဆုငွေ ဖွင့်လှစ် ပေးရာမှာ ကျပ်သိန်း ၁၅၀၀ ဆု ပေါက်မဲ နံပါတ်နဲ့ အက္ခရာ၊ နံပါတ်တူ လက်မှတ် အားလုံး အတွက် ကျပ် ၅ သောင်းစီ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

အဲ့ဒီလို နံပါတ်တွေကို ဆုချီးမြှင့်ရာမှာ ပေါ်ထွက်လာတဲ့ ဆုမဲ အက္ခရာနဲ့ တစ်ဆက်တည်း ကိန်းဂဏန်းဟာ ၁၀၀၀၀၀ နဲ့  ၁၀၀၀၀၁ ဂဏန်းစဉ် ဖြစ်ရင်တော့ ပုံနှိပ်စဉ်မှာ မပါဝင်တဲ့ အတွက် အဲ့ဒီဆုမဲ အတွက် ထပ်မံကာ ဖွင့်လှစ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆုချီးမြှင့် ပေးမှုတွေ တိုးချဲ့ပေး လိုက်တာကြောင့် ၂၈၆ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာ ကျပ်သိန်း ၁၅၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၃၀၀ လေးဆု၊ ကျပ်သိန်း ၂၀၀ ငါးဆု၊ ကျပ်သိန်း ၁၀၀ မင်္ဂလာစုံတွဲ ယူနစ် ၁၄ ယူနစ်နဲ့ ဖြည့်စွက် ယူနစ်၊ အပိုဆုများ အပါအ၀င် ဆုမဲပေါင်း နှစ်သောင်း ငါးထောင် တစ်ရာ နှစ်ဆယ့်ငါးဆု ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် လာမယ့် အောင်ဘာလေ ထီဖွင့်ပွဲမှာ ပြီးခဲ့တဲ့ ၂၈၅ ကြိမ် မြောက် အောင်ဘာလေ ထီဖွင့်ပွဲထက် ဆုမဲပေါင်း ခြောက်ထောင် တစ်ရာ သုံးဆယ့်တစ်ဆုကို တိုးမြှင့် ခွဲဝေပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့