Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

အာဆီယံဆိုင်ရာ တခုတည်းသော သင်္ဘော သယ်ယူပို့ဆောင်ရေး ဈေးကွက် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိ


၂၄ ကြိမ်မြောက် အာဆီယံ ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေးကို အောက်တိုဘာလ ၁၇ ရက်နေ့ ကနေ ၁၉ ရက်နေ့
အထိ ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ် လျက်ရှိပြီး အဆိုပါ အစည်းအဝေးမှာ အာဆီယံ ဆိုင်ရာ တခုတည်းသော သင်္ဘော သယ်ယူ ပို့ဆောင်ရေး ဈေးကွက် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် ဆွေးနွေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆွေးနွေးမှုကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံတို့မှ ပါဝင် ဆွေးနွေး လျက်ရှိတာ ဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးမှာ ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အစရှိတဲ့ နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင် ပါတယ်။ အဲ့ဒီ ကိုယ်စားလှယ် တွေဟာ အာဆီယံ ဆိုင်ရာ တခုတည်းသော သင်္ဘော သယ်ယူ ပို့ဆောင်ရေး ဈေးကွက် တစ်ခု ပေါ်ပေါက် လာစေဖို့ ခေါင်းစဉ် အောက်မှာ သင်္ဘောနဲ့ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ အတွက် နိုင်ငံတော်မှ ငွေကြေး ထောက်ပံ့ ပေးနိုင်ရေး၊ ဆိပ်ကမ်းများ အချင်းချင်း ချိတ်ဆက် ဆောင်ရွက် နိုင်ပြီး ဆိပ်ကမ်း အခွန်အခများ ညှိနှိုင်း ဆောင်ရွက်နိုင်ရေး၊ ခရီးသည်နှင့် မောင်းတက် မောင်းဆင်း မော်တော်ယာဉ် တင်သင်္ဘောများ ၀င်ထွက် သွားလာ နိုင်စေရေး အစရှိတာတွေကို ဆွေးနွေးလျက် ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးပေါ် ရေကြောင်း ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ တိုးတက် ကောင်းမွန် လာစေဖို့၊ အပြည်ပြည် ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ်နဲ့ ပိုမို ပူးပေါင်း ဆောင်ရွက် နိုင်စေဖို့ ကိုလည်း ဆွေးနွေး သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ အတွက် ဒေသတွင်း အစီအမံများ ချမှတ် နိုင်စေရေးနဲ့ အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ်နဲ့ အာဆီယံ လက်တွဲကာ ပိုမို ပူးပေါင်း ဆောင်ရွက် နိုင်စေဖို့ အစရှိတဲ့ အချက်အလက် တွေကို သက်ဆိုင်ရာ နိုင်ငံ အလိုက် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေး လျက်ရှိတဲ့ အစည်းအဝေးဟာ ၂၄ ကြိမ်မြောက် အဖြစ် အာဆီယံ ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အလုပ် အမှုဆောင် အစည်းအဝေးပြီး အစည်းအဝေး ရလဒ်များမှ တစ်ဆင့် Senior Transport Official Meeting ကို တင်ပြမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မှာတော့  Asean Transport Minister အစည်းအဝေးမှာ ဆုံးဖြတ်ချက် ရယူပြီး အာဆီယံ ဒေသတွင်း ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့