Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

ပြည်တွင်းတွင် ဒုတိယ ကမ္ဘာစစ် အတွင်းက မြှုပ်နှံသိမ်းဆည်း ထားသည့် လေယာဉ်များနှင့် ဆက်စပ် ပစ္စည်းများအား ပြန်လည် ရှာဖွေ တူးဖေါ်လျက်ရှိ


ဒုတိယ ကမ္ဘာစစ် ၁၉၃၉-၁၉၄၅ ခုနှစ် အတွင်း မဟာမိတ် တပ်ဖွဲ့များ မြန်မာနိုင်ငံမှ ဆုတ်ခွာစဉ်က နေရာဒေသ အများအပြားမှာ စစ်အရံ ပစ္စည်းများ ဖြစ်တဲ့
Spit Fire လေယာဉ်နဲ့ ဆက်စပ် ပစ္စည်း များကို မြှုပ်နှံခဲ့ကြရာ အဆိုပါ လေယာဉ်နဲ့ ဆက်စပ် ပစ္စည်းများကို ပြန်လည် ရှာဖွေ တူးဖေါ်မှုများ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက်ရာ မှာတော့ ပြည်တွင်းမှာ ဒုတိယ ကမ္ဘာစစ် အတွင်းက မြှုပ်နှံခဲ့တဲ့ လေယာဉ်များ အနက် မြစ်ကြီးနား ဒေသမှာ လေယာဉ် ၁၈ စီး၊ မင်္ဂလာဒုံ နယ်မြေမှာ လေယာဉ် ၃၆ စီး၊ မိတ္ထိလာ နယ်မြေ သဲတောမှာ လေယာဉ် ၆ စီးနဲ့ စုစုပေါင်း အစီး ၆၀ ရှာဖွေတွေ့ရှိ နိုင်မည်ဟု ယုံကြည် သဖြင့် အမေရိကန် နိုင်ငံ SI နဲ့ မြန်မာနိုင်ငံမှ ရွှေတောင်ပေါ် နိုင်ငံတကာ ကုန်သွယ်ရေး ကုမ္ပဏီ STP တို့ ပူးပေါင်းပြီး နစ်မြုပ် လျက်ရှိတဲ့ လေယာဉ်များကို ပြန်လည် တူးဖေါ် ရှာဖွေခွင့်ပြုဖို့ ပြည်ထောင်စု အစိုးရရုံးမှ တဆင့် အဆိုပြု တင်ပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို အဆိုပြု တင်ပြချက် အရ Spit Fire လေယာဉ်များနဲ့ အသုံးအဆောင် ပစ္စည်းများ ရှာဖွေ တူးဖေါ်ခြင်း၊ ပြန်လည် ရယူပြုပြင် တပ်ဆင်ခြင်းနဲ့ ရောင်းချခြင်းတို့ အတွက် နိုင်ငံတော် အစိုးရက ရွှေတော်ပေါ်နဲ့ Mr.David J Cundall (DTC) တို့မှ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ လုပ်ငန်း ဆောင်ရွက်မှု ကာလ ၂ နှစ် သတ်မှတ် ဆောင်ရွက်ဖို့၊ ပိုင်ဆိုင်မှု ခွဲဝေခြင်း အချို့ အနေနဲ့ မြန်မာနိုင်ငံ အစိုးရမှ ၅၀ ရာခိုင်နှုန်း DJC မှ ၃၀ ရာခိုင်နှုန်းနဲ့ STP မှ ၂၀ ရာခိုင်နှုန်း အစရှိတဲ့ ခွဲဝေမှုများ သဘောတူ ထားရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် တူးဖေါ်ရာမှာ အခြားသော ပစ္စည်း သို့ ဆက်စပ် ပစ္စည်းများ၊ လေယာဉ်နဲ့ မသက်ဆိုင်တဲ့ ပစ္စည်းများ တွေ့ရှိပါက နိုင်ငံတော် အစိုးရရဲ့ ပိုင်ဆိုင်မှုသာ ဖြစ်စေဖို့ ၁၉၅၇ ခုနှစ်၊ ရှေးဟောင်း ၀တ္ထုပစ္စည်းများ အက်ဥပဒေ အရ လိုက်နာဖို့ စည်းကမ်းချက်များ ပါဝင်တာ ဖြစ်တယ်လို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့