Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

ရွှေချောင်း ရောင်းဝယ်မှုမှာ ပြည်တွင်း ရွှေဈေးကွက်၏ ရာခိုင်နှုန်း ထက်ဝက် ရှိနေ


မြန်မာရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက်၏ ထုတ်ပြန်ချက် အရ ရွှေချောင်း ရောင်းဝယ်မှုမှာ ပြည်တွင်းရွှေ ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းနဲ့
ရာခိုင်နှုန်း ထက်ဝက် ရှိနေတာ ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်း မှာတော့ လက်ဝတ် ရတနာ ပြုလုပ် ရောင်းချခြင်း၊ စုဆောင်း ထားရှိခြင်းနဲ့ အခြား လုပ်ငန်းများ အတွက် ၀ယ်ယူမှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းရွှေ ဈေးကွက်ရဲ့ ရာခိုင်နှုန်း ထက်ဝက်မှာ ရွှေချောင်း အရောင်းအ၀ယ် ဖြစ်ပြီး လက်ဝတ် ရတနာ ပြုလုပ် ရောင်းချမှုမှာ ၃၅ ရာခိုင်နှုန်း ရှိတာ ဖြစ်ပါတယ်။

ကျန် ၁၅ ရာခိုင်နှုန်း ကတော့ ရွှေစုဆောင်း ထားရှိခြင်းနဲ့ ဘာသာရေး လုပ်ငန်းများမှာ အသုံးပြုဖို့ အတွက် အရောင်းအ၀ယ် ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းရဲ့ ရွှေဈေးကွက်မှာ ရန်ကုန် ဈေးကွက်နဲ့ မန္တလေး ဈေးကွက် ဆိုပြီး အဓိက ဈေးကွက် နှစ်ခု ရောင်းဝယ် ဖောက်ကား လျက်ရှိတာ ဖြစ်ပါတယ်။ မြန်မာ့ရွှေ ဈေးကွက်ဟာ အရှေ့ဘက်မှာ တရုတ် နိုင်ငံနဲ့ အနောက်ဘက်မှာ အိန်္ဒိယ ရွှေဈေးကွက် အကြားမှာ ဆက်စပ် တည်ရှိပြီး ၎င်းဈေးကွက် အပေါ်မူတည်ပြီး ရောင်းဝယ် နေတာ ဖြစ်ပါတယ်။

ပြည်တွင်း ရွှေဈေးနှုန်း ဖွင့်လှစ်မှု ကိုတော့ CNBC, Bloomberg, CNA စတဲ့ နိုင်ငံတကာ ရုပ်သံလိုင်းမှ ထုတ်လွှင့်တဲ့ ရွှေဈေးနှုန်းနဲ့  အမေရိကန် ဒေါ်လာ၊ တရုတ်ငွေ၊ မြန်မာ ငွေလဲနှုန်းတို့ အပေါ် မူတည်ပြီး ဈေးဖွင့် ရောင်းဝယ် နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေဈေးကွက် ၀ယ်လိုအားမှာ ၂ မျိုးရှိပြီး တစ်မျိုးမှာ ပြည်တွင်းရှိ ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များက၊ နေ့စဉ် ၀ယ်ယူ စုဆောင်းပြီး ငွေလိုတဲ့ အချိန်၊ အမြတ်အစွန်း ရတဲ့အချိန် ပြန်လည် ရောင်းချဖို့ အတွက် ၀ယ်ယူမှုမျိုး ဖြစ်ပါတယ်။ အဆိုပါ ၀ယ်ယူမှုကို အရပ်လက် ၀ယ်ယူမှုလို့ ခေါ်ပါတယ်။

နောက်တစ်မျိုးမှာ ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာ၊ တရုတ်ငွေနဲ့ မြန်မာငွေလဲ လှယ်နှုန်း အတက်အကျ ပေါ်မူတည်ပြီး နယ်စပ်မြို့တွေ မှတဆင့် ကိုယ်စားလှယ် ထားရှိ ၀ယ်ယူတဲ့ ၀ယ်ယူမှုမျိုး ဖြစ်ပါတယ်။ အဆိုပါ ၀ယ်ယူမှုကို လိုင်း ၀ယ်လက်လို့ ခေါ်ပါတယ်။ အဆိုပါ ၀ယ်လိုအား ၂ မျိုးနဲ့ ပြည်တွင်းရွှေ ဈေးကွက်မှာ အရောင်းအ၀ယ် ပြုလုပ်နေ ကြတာ ဖြစ်ပါတယ်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ ရန်ကုန်ရွှေ ဈေးကွက် အဖွင့်ဈေး မှာတော့  ကျပ်ခုနှစ်သိန်း ရှစ်သောင်း လေးထောင့် ခုနှစ်ရာနဲ့ ဈေးဖွင့်ခဲ့ပြီး အရောင်းအ၀ယ် ကောင်းမွန် နေတယ်လို့  သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့