Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

မဟာဗန္ဓုလ ပန်းခြံအဆင့်မြှင့်တင် ဆောင်ရွက်မှုများ ပြုလုပ်နေ


ကျောက်တံတား မြို့နယ် ဆူးလေ ဘုရားလမ်းနဲ့ ကုန်သည် လမ်းထောင့်ရှိ မဟာဗန္ဓုလ ပန်းခြံအား အများပြည်သူများ အားလပ်တဲ့ အချိန်များမှာ
အနားယူ အပန်းဖြေ စေနိုင်ဖို့ အတွက် မဟာဗန္ဓုလ ပန်းခြံကို အမြင် ပြောင်းလဲ သွားစေဖို့ အတွက် အဆင့်မြှင့်တင် ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ မဟာဗန္ဓုလ ပန်းခြံဟာ ၁၉၂၄ ခုနှစ်က စတင် တည်ရှိခဲ့ တာဖြစ်ပြီး ကျောက်တံတား မြို့နယ် ဆူးလေ ဘုရားလမ်းနဲ့ ကုန်သည် လမ်းထောင့်မှာ တည်ရှိပြီး ယခင်ထက် ပိုမို ကောင်းမွန်လာ စေဖို့ အခုလို ပြန်လည် အဆင့်မြင့်တင်မှုများ ပြုလုပ်လျက် ရှိတာ ဖြစ်ပါတယ်။ မဟာဗန္ဓုလ ပန်းခြံ အဆင့်မြှင့်တင်မှု အတွက် ယခု လက်ရှိမှာ ဒီဇိုင်းရေးဆွဲ လျက်ရှိပြီး ကျောက်တိုင်နဲ့ မြေယာ ရှုခင်းရဲ့အလှကို အဓိကထား ရေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပန်းခြံရဲ့ အကျယ်အ၀န်းဟာ မြေဧရိယာ ၅ ဧကခန့် ရှိပြီး အဆင့်မြှင့်တင် ဆောင်ရွက်မှု များကို ၂၀၁၂-၂၀၁၃ ခုနှစ် အတွင်း အပြီး လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ အခုလက်ရှိ မှာလည်း မဟာဗန္ဓုလ ပန်းခြံ ပတ်လည်ရှိ စင်္ကြံလမ်းများကို အဆင့်မြှင့်တင် ပြုပြင်ထားပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့