Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 27 October 2012

GSM, WCDMA, CDMA မိုဘိုင်းလ်တယ်လီဖုန်းများမှ အင်တာနက် အသုံးပြုသူဦးရေ သုံးသိန်းကျော်အထိ ရှိလာပြီး ADSL စနစ်ဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်မှာလည်း လက်ရှိအချိန်တွင် ၄၆၇၁၀ ဦး ရှိလာပြီး ငွေကြေးကောက်ခံမှု…

GSM, WCDMA, CDMA မိုဘိုင်းလ်တယ်လီဖုန်းများမှ အင်တာနက် အသုံးပြုသူဦးရေ သုံးသိန်းကျော်အထိ ရှိလာပြီး ADSL စနစ်ဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်မှာလည်း လက်ရှိအချိန်တွင် ၄၆၇၁၀ ဦး ရှိလာပြီး ငွေကြေးကောက်ခံမှု နှုန်းထားများကို လျှော့ချရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။ ADSL စနစ်ဖြင့် အင်တာနက်သုံးစွဲမှုမှာ ၂၀၁၂ ခုနှစ် အတွင်းတွင် မြို့ကြီး(၆၄) မြို့တွင် လိုင်းအင်အား ၄၆၇၁ အထိ တိုးချဲ့ အသုံးပြုလာနိုင်ပြီး အင်တာနက် အသုံးပြုမှု မြန်ဆန်ရေး ဆက်ကြောင်းရရှိမှုအပေါ် မူတည်၍ လက်ရှိ ငွေကြေးကောက်ခံမှု နှုန်းထားများ အတိုင်း အမြန်နှုန်းများအား တိုးမြှင့်ခဲ့ပြီးဖြစ်ကာ ငွေကြေးကောက် ခံမှု နှုန်းထား များအား လျှော့ချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ International Internet Backbone Link စုစုပေါင်း ၂၀ Link ဖြင့် ဂျပန်၊ အမေရိကန်၊ Europe၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင် နိုင်ငံများသို့ Satellite, Cross border Fibre Link များဖြင့် ချိတ်ဆက်ထားကာ ၁၃ ဒသမ ၈၈ Gbps အထိ တိုးချဲ့မည် ဖြစ်သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့