Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 27 October 2012

iPad MiNi ဆိုသည်မှာ...

မနေ့ က ပြုလုပ်ခဲ့တဲ့ Apple Media Event မှာ အားလုံး မျှော်လင့်ထားကြတဲ့အတိုင်း iPad MiNi ကို ပွဲထုတ်ခဲ့ပါတယ်။ ကြိုတင် ခန့် မှန်းထားကြသလို 7.9 inch Display ၊ ရှေ့ နောက် ကင်မရာနဲ့  LTE option တို့ ပါရှိလာပါတယ်။ Pre-order များကို အောက်တိုဘာ (၂၆)ရက်နေ့ မှာ စတင် လက်ခံသွားမှာဖြစ်ပြီး ပထမအသုတ်အနေနဲ့  iPad MiNi (WiFi only) ကို နိုဝင်ဘာ (၂)ရက်မှာ US မှာရှိတဲ့ AT&T, Verizon, Sprint တို့ မှစတင်ပြီး အခြားနိုင်ငံများကို တင်ပို့ ပေးသွားမှာ ဖြစ်ပါတယ်၊ WiFi + Cellular model များကိုတော့ နောက်ထပ် တစ်ပတ်အကြာမှာ တင်ပို့ ပေးပါလိမ့်မယ်။ iPad MiNi ရဲ့  ဈေးနှုန်းများကို 16GB WiFi only မှာ $329 နဲ့  စတင်ထားပြီး 32GB ကို $429 ၊ 64GB ကို $529 သတ်မှတ်ထားပါတယ်၊ WiFi + Cellular ဆိုရင်တော့ ဖော်ပြပါ ဈေးနှုန်းများကို $130 ထပ်ပေါင်းပေးရမှာ ဖြစ်ပါတယ်။
iPad MiNi ကို ထုံစံအတိုင်း ကနေဒါ၊ ဂျာမဏီ နဲ့  သြစတေးလျှ အပါအဝင် နိုင်ငံပေါင်း (၃၀) ကျော်တို့ ကို အောက်ပါ စာရင်းများအတိုင်း တင်ပို့ သွားမှာ ဖြစ်ပါတယ်...
သုံးစွဲသူတွေ လက်ထဲကို မကြာမီ ရောက်လာတော့မယ့် iPad MiNi ရဲ့  Features လေးတွေကို ကြိုတင် လေ့လာကြည့်ရအောင်...
Fourth Generation ဖြစ်တဲ့ iPad MiNi ဟာ 7.9 inch display သာရှိပေမယ့် screen resolution ကတော့ iPad 2 (1024 x 768) အတိုင်း ရှိတာကြောင့် 4:3 aspect ratio ဖြစ်နေတဲ့ အတွက် HD video ကြည့်ရှုရာတွင် Letter Box (အပေါ်အောက် အမဲဘောင်လိုင်း) ကို မြင်တွေ့ နေရဦးမှာ ဖြစ်ပါတယ်။ သုံးစွဲသူအများစုရဲ့  မျှော်လင့်ချက်ကတော့ iPad App တွေကို update လုပ်ဖို့  မလိုပဲ iPad MiNi မှာ အသုံးပြုနိုင်ဖို့ ပါ။ iPodTouch 4G နဲ့  ပိုမိုဆင်တူတဲ့ iPad MiNi မှာ iPhone 5 လိုပဲ Lightning connector ပါရှိပြီး ယင်း adapter လေးက HDMI out, VGA out နဲ့  Camera နဲ့  ပက်သက်သော အရာများကို ယခုအခါ ချိပ်ဆက်ပေးနိုင်ပြီ ဖြစ်ပါတယ်။
A5X processor တပ်ဆင်ထားတဲ့ iPad MiNi ဟာ iPhone 5 လောက်တော့ မြန်လိမ့်မယ် မထင်မိပါဘူး ဒါပေမယ့် iPad App တွေကိုတော့ လျှင်လျှင်မြန်မြန် အလုပ်လုပ်ပေးနိုင်ပြီး Apple TV ကိုလည်း AirPlay စနစ်နဲ့  ကြည့်ရှုနိုင်ပါလိမ့်မယ်။ အရှေ့  မျက်နှာပြင်မှာ ပါရှိတဲ့ Face time HD Camera က တစ်ဆင့် 720p HD video chat လုပ်နိုင်ပြီး အနောက်ဖက်မှာတော့ 5MP iSight Camera နဲ့  အရည်သွေးမြင့် ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
iPad MiNi မှာပါဝင်တဲ့ 4G LTE စနစ်က web browsing လုပ်ရာမှာ 3G စနစ်ထက် ၁၀ဆ ပိုမိုမြန်ဆန်စေမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းကတော့ တစ်ကြိမ် သွင်းထားရုံနဲ့  ၁၀နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်.

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့