မိတ်ဆွေတို့ရေ ...
ကိုယ့်ဖုန်တွေမှာ ကိုယ့်စိတ်ကြိုက် Ringtone လေးတွေ ထည့်မထားချင်ကြဘူးလား။ ထည့်ထားချင်တယ်ဆိုရင်တော့ ကိုယ်သဘောကျတဲ့ သီးချင်း အပိုင်းအစလေးတွေ ဖြတ်တောက်ပြီး သုံးမှ မဆင်ပြေမှာနော။ မဟုတ်ရင် နားမထောင်ချင်တဲ့ စာသားတွေ မြည်နေတော့ ဘဝင်မကျ ဖြစ်ရတာပေါ့။
ဒါဆိုရင် သူများဆီက ရတဲ့ Ringtone တွေ အားကိုးမနေနဲ့တော့။ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ပိုင် Ringtone တွေ ဖြတ်တောက်ကြရအောင်လားဗျာ။
ဒီလိုလုပ်ဖို့ MP3 Cutter Joiner Software လေးတော့ စက်ထဲမှာ ရှိဖို့ လိုပါလိမ့်မယ်။ ဒီအတွက်လည်း စိတ်ဓါတ်မကျပါနဲ့ အောက်မှာ ကျနော်ပေးထားတဲ့ လင့်လေးကိုသာ ကလစ်ပြီး ဒေါင်းလိုက်ပါ။ 7.6 MB ပဲ ရှိပါတယ်။
ပြီးရင် ထုံးစံအတိုင်း Download ► Install ► Open Icon ► လုပ်ပါ။ အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်။
အနီရောင် အမှတ်အသား ပြထားတဲ့ နေရာများအတိုင်း ဆက်လက်ဆောင်ရွက်ပါ။
ပထမဆုံး ကိုယ်အသုံးပြုချင်တဲ့ သီးချင်းကို နားထောင်ကြည့်ပြီး ဖြတ်တောက်ချင်တဲ့နေရာ (မိနစ် စက္ကန့်) ကို မှတ်သားထားလိုက်ပါ။ နောက် ...
1. ► +Add ► Chioce Music
2. ► Start Point ( စမှတ်သံစဉ်)
3. ► End Point (ဆုံးမှတ်သံစဉ်)
4. ► ♫ Cut (သံစဉ် ဖြတ်တောက်မည်)
5. ► Open Save File
ဒါဆိုပြီးပါပြီ။ ကိုယ့်ဖုန်းမှာ စိတ်ကြိုက် ဖုန်းခေါ်သံ (Ringtone) ကို ထည့်သွင်းအသုံးပြုလို့ နားဆင်နိုင်ပါပြီ။
အားလုံး ကျေနပ်ပျော်ရွှင်နိုင်ကြပါစေသတည်း ....
ဥယျာဉ်မှူးလေး
No comments:
Post a Comment