Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

အိမ်မက်ဆုံရာ Season-4အား Season-1 အတိုင်း ပြန်လည် ကျင်းပရန်ရှိ


Forever Group Co.Ltd နဲ့ BEC-Tero တို့ ပူးပေါင်း စီစဉ်ပြီး Channel- 7 ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသလျက်ရှိတဲ့ အိမ်မက်ဆုံရာ ပြိုင်ပွဲ Season-4
ကို ပြီးခဲ့တဲ့ Season -1 မှာ ကျင်းပခဲ့တဲ့ အတိုင်း ပြန်လည် ကျင်းပဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို စီစဉ်ရာ မှာတော့ ပြိုင်ပွဲဝင် ရွေးချယ်မှု အတွက် လာရောက် လျှောက်ထား သူများမှ ပဏာမ ယှဉ်ပြိုင်မှုတွေ ဆောင်ရွက်စေပြီး ပြိုင်ပွဲဝင် ၁၀ ဦးကို စတင် ရွေးချယ်မှာ ဖြစ်ပါတယ်။

ဒီလို ပဏာမ ယှဉ်ပြိုင်စေရာမှာ Season-2 ပြိုင်ပွဲကာလက ရက်ကျော်လွန်ပြီး ဖောင်တင် ထားတဲ့ ပြိုင်ပွဲဝင် ဖောင်များ ကိုလည်း အိမ်မက်ဆုံရာ Season-4 မှာ ပြန်လည် ယှဉ်ပြိုင် စေပြီး ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Season-4 ရဲ့ ဖောင်တွေ ကိုတော့ အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင် ရောင်းချနေပြီး အောက်တိုဘာလ ၃၁ ရက်နေ့ အထိသာ ဖောင်တွေကို လက်ခံ ပေးသွားမှာ ဖြစ်ပါတယ်။ အိမ်မက်ဆုံရာ ပြိုင်ပွဲများ ကျင်းပခဲ့မှုမှာ Season-1 နဲ့ Season -2 ပြိုင်ပွဲကို တစ်ကိုယ်တော် ယှဉ်ပြိုင်မှု တွေပြုလုပ်ခဲ့ပြီး လက်ရှိ ပြသနေတဲ့ အိမ်မက်ဆုံရာ Season-3 မှာတော့ အဖွဲ့လိုက် ယှဉ်ပြိုင်မှု များကို ပြုလုပ်ပေး ခဲ့တာ ဖြစ်ပါတယ်။ အခု ထပ်မံ ကျင်းပမယ့် အိမ်မက်ဆုံရာ Season-4 ကိုတော့ ပြီးခဲ့တဲ့ Season -1 ပုံစံအတိုင်း ပြန်လည် ယှဉ်ပြိုင် စေပြီး ရွေးချယ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

1 comment:

Unknown said...

ကျွန်တော်လည်းပါဝင်ယှဉ်ပြိုင်ချင်တယ်ဗျ။
ကျွန်တော်နယ်ကပါ။ ရန်ကုန်ကိုလာဖို့လည်း
အခက်အခဲဖြစ်နေတယ် ။လာဖြစ်အောင်လာမယ်လို့တော့
စိတ်ဆုံးဖြတ်ထားတယ်။ ပြီးတော့ဘယ်ကစလုပ်ရမယ်မသိ
ဘူးဖြစ်နေတယ်။ ကူညီပေးပါ။ ဒီရက်ပိုင်းဖောင်တွေဝယ်လို့
ရသေးလာမသိဘူးဗျ။ သိချင်ပါတယ်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့