Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 19 September 2012

အချစ်ကိုမျှော်လင့်မိပါတယ်

Photo: Gue Gue Lay တစ်နေ့နေ့မှာ ချစ်တတ်တဲ့ နှလုံးသားက ဒဏ်ရာတွေပဲ ပေးတတ်တယ်ဆိုတာကို သိခဲ့ရင် အမုန်းဆိုတဲ့ တံတိုင်းနဲ့ ကျွန်တော်ကြိုတင်ကာကွယ်ထားခဲ့မှာပါ အခုတော့ အလွမ်းတွေကပဲ အဖော်အဖြစ် ကျန်ရစ်ခဲ့တယ် သည်အလွမ်းတွေက ကျွန်တော်နဲ့ထပ်တူ အမြဲတမ်းရှင်သန်နေမှာပါ လှပတဲ့ ကောင်းကင်ကြီး အောက်မှာပေါ့လေ.............။။။။။။။။။။
အဲဒီညက စ တွေ့ခဲ့တာ
ဖြူလေး  မျက်ဝန်းထဲမှာ နတ်သားလေးမလား
သိပ်ကို ခမ်းနားတာပဲ မောင် .. ရယ်

ယုံကြည်ပါ အပြုံးလေး တစ်ချက်နဲ့
ဖြူလေး  ရင်ခွင်ကို ပစ်ခွင်းသွားရလောင်အောင်
မောင်ရဲ့အပြုံးလေးတွေက သိပ်လှနေတော့ ရူးခဲ့ ရပြီလေ...

မျှော်လင့် မိပါတယ် မောင် .. ရယ်
ဖြူလေးဟာ နတ်သမီးတစ်ပါး မဟုတ်ခဲ့ပေမယ့်
နတ်ဘုရားတွေ မျက်ရည်ကျမယ့်
အချစ်စစ်မျိုး မောင် .. ကိုပေးဆပ်နိုင်ပါတယ်
တကယ် ယုံပေးပါနော်
မောင် .. နဲ ခပ်ဝေးဝေး ၀င်္ကပါထဲက
အထီးကျန်မှုတွေ တိုက်ခတ်လာတဲ့ အခါ
မောင်.. ကို အဖော်ပြုပေးနိုင်ပါတယ်
ဖြူလေးရဲ့လက်ကို တွဲ
ဟိုး.အ...ဝေး...က
တိတ်ဆိတ်မှုတွေ ဇိတ်ခံနေတဲ့
ဖြူလေး  နှလုံးသား ၀ဲဂယက်ကျွန်းမှာ
မောင်.. ကို တန်ဖိုးထား မြတ်နိုးပါ့မယ်

နိုး ထလိုက်ပါတော့ နော်
မောင့်... ရဲ့ မှုန်ဝါးဝါး အတိတ်တွေ ကိုမေ့လို့
ပိုင်ရှင် မဲ့နေတဲ့  ဖြူလေး ပခုံးထက်မှာ
မောင်... တစ်ဘ၀လုံး အိပ်စက်နိုင်ပါတယ်
( မငြီးငြူ ဘူးဆိုရင်ပေါ့ )

ဖြူလေးက မောင်.. အတွက်
သာနေတဲ့ လမင်းကြီးမဖြစ်နိုင်ပါဘူး
ပိုးစုန်းကြူးလောက်တော့ အလင်းပေးနိုင်မှာပါ
တကယ်ပါနော်....
မောင်... အပြုံးတွေ ဝေဆာဖို့အတွက်
ခါးသီးတဲ့ အတိတ်တွေ ပေးသွားခဲ့ရင်လည်း
ဖြူလေး  ပြုံးပြုံးလေးနဲ့ ဆက်ချစ်သွားမယ်
ဘာပဲ ဖြစ်ဖြစ် ....
သိပ် ချစ်တာပဲ မောင်...ရယ်...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့