၁) မနှိုင်းနဲ့
“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက
ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို
တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ
မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား
တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။
၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့
ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။
ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။
သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့
ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊
အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက်
အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး
တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။
၃) မျက်နှာထား မပြနဲ့
မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက်
ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း
အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ
ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ
အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ..
ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက
ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့
ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။
၎) ပြိုင်ကြတယ်
ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း
ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့်
လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ
ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့
မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့
မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ
မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။
၅) ကြည့်တတ်တယ်
မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး
ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊
စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က
ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ
ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား
သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။
၆) မရိုက်နဲ့
မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။
သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။
သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင်
ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။
လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
၇) နူးညံ့ပါ
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့
ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက်
ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့
သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့
နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက်
အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့်
တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး
ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့
ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ
နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။
၈) မိသားစုဟာ ပထမ
ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။
အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့
သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု
စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့
ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။
၉) ယောက္ခမဆိုတာလည်း မိဘပဲ
မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ
ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို
သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။
လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့်
တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး
ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ
တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ
ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက်
လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို
သူတို့ပြန်လေးစားပါလိမ့်မယ်။
၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း
လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော
တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့
မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင်
မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို
ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ
အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း
လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။
အားပေးပါ။ ခွင့်လွတ်ပေးပါ။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday, 1 September 2012
မိန်းမစိတ်သဘောထား
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
September
(756)
- ချစ်သူ.........
- အချစ်ရှိတဲ့နေရာ
- စာစုလေးများ
- ညသူခိုး
- {{{{{{{{{ ရက်စက်သူတို့ နှလုံးသား }}}}}}}}}
- ကျိန်စာ
- မောင်စိန်ဝင်း(ပုတီးကုန်း)၇ဲ့ ကဗျာလေးတွေပါ
- ရင်ဘတ်ကြီးထဲကလာတာပါ
- ဘာကြောင့်
- လမ်းခွဲ
- ငါဟာ အမြဲပျော်ရွှင်နေသူပါ...
- ဆောရီးပါ
- နောက်ဆုံး
- # ပညာစကားလက်ဆောင် #
- အဖော်မဲ့အလွမ်း
- မင်းစိတ်နဲ့ကိုယ်
- အဝေးကချစ်သူသို့******
- သီချင်းတွေမှာ စာသားထည့်ဖို့
- » ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်း...
- ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင...
- ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော
- man v's cow
- အချစ်ဆိုတာခွန်အား
- အချစ်
- iPhone အသုံးပြုမှု လက်စွဲ လမ်းညွှန် ( E-Book )
- ချစ်သူရယ်....
- ကိုးရီးယားမင်းသားမင်းသမီးfacebookအကောင့်များ
- Wondershare DVD Slideshow Builder Deluxe 6.1.11.65...
- Android Device မှာ bowling ကစားချင်သူများအတွက် 3D ...
- ကမ္ဘာမကျော်တို့ရဲ့အဆိုအမိန့်များ
- ♥...မှ...သို့...♥ချစ်တယ်♥...♥
- မြို့နယ် ၁၅ မြို့နယ်တွင် EAHMI စီမံကိန်း ပြုလုပ်သွ...
- ၂၀၁၃-၁၄ ခုနှစ်အမီ အရေးပေါ် ကုသမှုဌာန ပေါ်ပေါက်ရန် စီစ...
- ခွေးများကို ခွေးရူး ကာကွယ်ဆေး အခမဲ့ ထိုးပေး
- မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူ ...
- မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် ရရှိ...
- ခုံးကျော် တံတား ၄ စင်း တည်ဆောက်ရာတွင် ဘီလီယံ ၅၀ နီ...
- မြို့နယ် ၇ မြို့နယ်တွင် GSM စခန်းများ တိုးချဲ့ တပ်...
- နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်မှု ၁၅ ရာခိုင်နှုန်းြ...
- အနောက် ဥရောပနိုင်ငံများ အနက် ပြင်သစ်နိုင်ငံမှ မြန်...
- သြစတြေးလျသို့ ပြည်တွင်းမှ သွားရောက် ပညာသင်ကြားမှုေ...
- စက်မှုလက်မှု ကုန်ထုတ်အစု အဖွဲ့များအား ငွေကျပ် သန်းပေ...
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
- စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- စက်တင်ဘာ (၂၇)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ...
- ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီ...
- တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ...
- အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ
- လူမျိုးရေး ပဋိပက္ခ အသွင်ဆောင် နေမှုကို ကြိုတင် တာြး...
- ဘိုရှီလိုင် တရုတ်ကွန်မြူနစ်ပါတီက ဖယ်ရှားခံရ
- ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ
- မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး
- တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံ...
- တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြ...
- ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုကစီစဉ်ခြင...
- ဘင်္ဂါလီ ရပ်ကွက် အတွင်း ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ရ...
- » စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစ...
- ပုဂံ-ညောင်ဦးမြို့ နယ်မှာ မှု့ ခင်းကျဆင်းရေး လက်ကမ်း...
- လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်း...
- စစ်တွေမြို့ အင်္ဘာလာ ရပ်ကွက် မြင်ကွင်း ဓါတ်ပုံများ
- လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှု ခံနေရ...
- မြို့ တော် အလှကို ပျက်စီးစေသည့် ကြော်ငြာ ဆိုင်းဘုတ...
- စက်တင်ဘာလ ၂၄ ၇က်နေ့ ထုတ် (၇) ရက် ဈေးဝယ်လမ်းညွန် ဂ...
- စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကို လူထောင်နှင့်ချီဝိ...
- ကျုံပျော် အင်းလေလံ ရန်ပွဲ ရဲက ပစ်လို့ လူ ၁ ယောက်ေ...
- စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journal
- » ဒေါ်အောင်ဆန်း စုကြည် ယေးလ်နဲ့ ဟားဗတ်မှာ မိန့်ခွန်...
- ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ
- သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြု...
- သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန...
- ကျောက်ဖြူမြို့တွင် အာဏာပိုင်များနဲ့  ပူးပေါင်းပြီး...
- အလုံမြို့နယ်တွင် အမျိုးသားတစ်ဦး အလောင်းတွေ့
- တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက...
- » တောင်ကြီးမြို့ မှာ ငြိမ်းချမ်းရေးနေ့ ချီတက်ပွဲတွ...
- » စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့...
- လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ...
- ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
- သတင်းတိုများ
- ၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်
- » ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန်ဧည့...
- » ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်က...
- » ဖားကန့်နှင့် အနီးတစ်ဝိုက် ကယ်ဆယ်ရေးစခန်း ၃ ခုတွင...
- ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး မြန်မာနိုင်င...
- ရွှပြည်သာမှ မသန်စွမ်းအမျိုးသမီး အဓမ္မကျင့်ခံရမှု ကြေည...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် The Hot News Weekly Vol-3...
- `မစု... ပိန်သွားတယ်`
- သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- လျှပ်စစ်မီး အပြည့်အ၀မရရှိမှု စီစစ်ဆောင်ရွက်ပေးရန်ေ...
- » မြိတ်မြို့ပေါ်က ဆိုင်ကယ်များလိုင်စင် ပြုလုပ်ရန်အတ...
- (၁၃၃) ကြိမ်မြောက် မြင်းခြံမြို့ နယ်လုံးဆိုင်ရာ သုံ...
- ဧရာဝတီတိုင်းလွှတ်တော်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မျာ...
- » ပြည်မြို့ တရုတ်တန်းလမ်း မီးလောင်မှုနှင့် ပက်သက်၍...
- စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၂၃
- » စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၃)၊ ...
- ဟင်္သာတမြို့က ဆိုင်ကယ်လိုင်စင်ဝင်တဲ့ ပြည်သူတွေရဲ့ ဒုက္ခ
- မအူပင်မြို့မှ သစ်တောဝန်ထမ်းများ ဥပဒေကင်းမဲ့နေခြင်း
- သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်...
- ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ရှားပါးမှု ကြုံနေရဆဲ
- အစွယ်ဖြတ်ခံရသည့် ဆင်(၂)ကောင်အတွက် တရားခံမမိသေး
-
▼
September
(756)
No comments:
Post a Comment