Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 19 September 2012

မျှော်လင့်ချက် လက်ကျန်

ကိုယ့်ဒဏ်ရာကို ပြန်လျှက်တက်တဲ့
သားရဲတစ်ကောင်ရဲ့ စိတ်ဓါတ်နဲ့ကို
ငါ လွမ်းတက်နေပြီ....
ကြယ်ကြွေအလင်းတန်း တစ်ခုလို
အချိန်ခဏလေး အတွင်းမှာဘဲ
တွင်းအောင်း သတ္တ၀ါတစ်ကောင်ရဲ့
ပြောင်းလဲမှု့မျိုးနဲ့
သံယောဇဉ် လက်သည်းရှည်ရှည်တွေ
နှလုံးသားကို ဆုပ်ကိုင် ထားတယ်လေ
ယုံကြည်မှု့ မရှိတဲ့ မင်းရဲ့လက်ကို ကမ်းလင့်ဖို့အတွက်
ငါ့  ဦးနှောက်တစ်စုံကို
နတ်ဆီုးတို့ သိမ်းပိုက်ကုန်ကြပြီ……….
အိပ်တစ်ဝတ် နိုးတစ်ဝတ် နဲ့ ငါ့ရဲ့ ညမှာ…
သူတို့ပျော်ရွှင်စွာကကြတယ်….
ငါ့ ငယ်ဘ၀က အကြောင်းကို
သူတို့………
သီချင်းဟောင်းကြီး အဖြစ် သီဆိုကြတယ်
ကြောက်လိုက်တာ ချစ်သူရယ်….
ကြောက်လိုက်တာ ချစ်သူရယ်…..
ကြောက်လိုက်တာ ချစ်သူရယ်……….
အခုတော့……………
မျှော်လင့်ချက် လက်ကျန်တစ်ချို့နဲ့
မနတ်ဖြန်တိုင်းရှင်သန်ဖို့
အလင်းရောင်တွေ လမ်းပြကြတယ်……………..
လူသေစောင့်နေတဲ့ လင်းဋအိုတစ်ကောင်ရဲ့
စိတ်ဓါတ် လေးနဲ့ဘဲဖြစ်ဖြစ်ပေါ့…….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့