အသွားသာရှိ အပြန်မရှိချစ်ရတဲ့ငါ
ချိုမလိုနဲ့ချဉ်သွားတဲ့သရက်သီး
ရုတ်သိမ်းသွားတဲ့နားလည်မှုလေးကြောင့်
ရလာတဲ့ဒဏ်ရာတွေ ဘယ်တော့မှမေ့လိုမရ
ခံစားရအပူ ချော်ရည်ထက်ပြင်းလှတယ်။
မီးငြိမ်းသွားမှာစိုးလားလို့
ဝတ်ရုံနဲ့ကာခါမှ ငြိမ်းခဲ့ရတဲ့မီးအိမ်
သုံးစွဲဘို့ရေကာတာ လုပ်မိကာမှ
ခန်းသွားရတဲ့ စမ်းချောင်းလေး
တေးသွားအဆန်း ၊ သံစဉ်အသစ်တွေနဲ့ ဝေဆာအောင်
တီးခတ်မိကာမှ ပြတ်သွားရတဲ့စောင်းကြိုး
ဖူးငုံအချစ်ပန်းကို ပွင့်လန်းအောင်ကြိုးစားမိကာမှ
ဝေးသွားအောင်ဖြစ်သွားရ
ဝေလဲမဝေ ကြွေဘဲ ကြွေသွားတဲ့ အချစ်ပန်း
ရင်ကွဲမတတ်ခံစာရတဲ့ အပယ်ခံလူသားအစ်ကိုပါ
ချစ်သူလေးရယ်…။
No comments:
Post a Comment