Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday, 31 October 2012
၂၀၃၀ အထိ ဝင်ငွေအနိမ့်စားနိုင်ငံ စာရင်းဝင် ဖြစ်နေမည်ဟု ဦးမြင့်ပြော
၂၀၃၀ ပြည့်နှစ် ရောက်သည့်တိုင် မြန်မာနိုင်ငံသည် ၀င်ငွေ အနိမ့်စား နိုင်ငံများ စာရင်းတွင်သာ ပါဝင်နေဦးမည် ဖြစ်ကြောင်း သမ္မတ စီးပွားရေးနှင့် လူမူရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်က ပြောသည်။
နောင်လာမည့် ၁၉ နှစ် ကြာသည့်အချိန်တွင် မြန်မာနိုင်ငံသည် ၀င်ငွေ အလယ်အလတ် အဆင့်အတန်း ရှိသည့် နိုင်ငံ ဖြစ်လာမည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားမှုမှာ မဖြစ်နိုင်ကြောင်းကို အောက်တိုဘာ ၂၀ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု အသင်းချုပ် (UMFCCI) ၌ ကျင်းပသော FDI နှင့်ပတ်သက်သည့် ဆွေးနွေးပွဲအတွင်း ဦးမြင့်က ပြောခဲ့သည်။
လက်ရှိ အနေအထားအတိုင်း ဂျီဒီပီ ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အတိုင်းသွားပါက နောင် ၁၉ နှစ်ကြာ ၂၀၃၀ ရောက်လျှင် မြန်မာနိုင်ငံ၏ တဦးချင်း ဂျီဒီပီသည် အမေရိကန် ဒေါ်လာ ၂၀၀၀ မှ ၃၀၀၀ အကြား ရှိလာမည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ တဦးချင်း ဂျီဒီပီမှာ ၈၅၇ ဒေါ်လာ ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံတွင် အနည်းဆုံး ဖြစ်နေသည်ဟု သိရသည်။
“အာရှ ဖွံ့ဖြိုးရေးဘဏ်က တွက်တာ မှန်တယ်ပဲထားအုံး ၂၀၁၁ ခုနှစ်မှာတင် အင်ဒိုနီးရှားရဲ့ တဦးချင်း ဂျီဒီပီက ဒေါ်လာ ၃၄၉၅၊ ထိုင်းက ၄၉၇၂။ ၁၉ နှစ်ကြာလည်း ဒီလူတွေကို မမီနိုင်သေးဘူး။ ၁၉ နှစ်မှာ ဒီလူတွေကလည်း တက်နေဦးမှာပဲ။
ကျနော်တို့ပဲ ကျန်ခဲ့မှာ။ ဂျီဒီပီ ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်း တက်လို့ ၁၉ နှစ်ကြာလည်း သူများနောက်မှာ ရှိဦးမှာ။ တရုတ်လို ၁၀. ၄ ရာခိုင်နှုန်း တက်မယ်ဆိုရင်လည်း မမီနိုင်ဘူး” ဟု ဦးမြင့်က ဆိုသည်။
ဝင်ငွေ အလယ်အလတ် တန်းစား နိုင်ငံ ဖြစ်ရန်အတွက် သတ်မှတ်ချက်မှာ အချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် လိုက်မီရန် မဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
၂၀၁၀ ပြည့်နှစ်တွင် ၀င်ငွေ အလယ်အလတ်တန်းစား နိုင်ငံများအတွက် တဦးချင်း ဂျီဒီပီ ၁၉၇၀ ဒေါ်လာ သတ်မှတ်ထား သော်လည်း ၂၀၁၁ ခုနှစ်တွင် ၃၇၆၄ အထိ မြင့်တက် သွားခဲ့ကြောင်း သိရသည်။
“၁၀ နှစ်မှာ ၂ ဆဖြစ်သွားတာ။ အခု လက်ရှိက ၃ ထောင်ကျော် ဆိုတော့ ၂၀၃၀ အတွက်ဆိုရင် ၄ နဲ့ မြှောက်ရလိမ့်မယ်။ ၄ နဲ့ မြှောက်ရင် တသောင်းကျော်သွားမယ်။ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ GDP per capita (တနိုင်ငံလုံးရဲ့ ဂျီဒီပီကို လူဦးရေ သန်း ၆၀ နဲ့ ပြန်စား) က သုံးထောင်ကျော်ပဲ ရမယ်ဆိုတော့ ကျနော်တို့ဟာ ၀င်ငွေ အနိမ့် စာရင်းမှာပဲ ကျန်ခဲ့မှာ။ ကျနော်တို့ဟာ
ဘယ်တော့မှ ၀င်ငွေ အလယ်အလတ်တန်းစား နိုင်ငံဖြစ်မှာ မဟုတ်ဘူး။ ၂၀၃၀ ရောက်လည်း မဖြစ်နိုင်ဘူး။ တိုင်းပြည်ကတော့
သိက္ခာကျတာပေါ့” ဟု ဦးမြင့်က ရှင်းပြသည်။
ဂျီဒီပီ ကိန်းဂဏန်း အရေအတွက်များဖြင့် တခြား နိုင်ငံများကို ယှဉ်ရန် မဖြစ်နိုင်သဖြင့် ဂျီဒီပီ၏ အရည်အသွေးကို
အလေးပေး ဆောင်ရွက်ရန်သာ ရှိကြောင်း၊ ဂျီဒီပီ ကိန်းဂဏန်း အရေအတွက်ကို မြှင့်သကဲ့သို့ တချိန်တည်းမှာပင် အရည်အသွေး ကိုလည်း တိုးမြှင့်ရန် လိုသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး အစီအစဉ်များသည် ပြည်သူကို ဦးစားပေးသည့် အစီအစဉ်၊ အထူးသဖြင့် ဆင်းရဲသား ပြည်သူများကို ထည့်သွင်း စဉ်းစားသည့် အစီအစဉ် ဖြစ်သင့်ကြောင်း၊ ရင်းမြစ်ကြွယ်ဝပြီး လူတော် ပေါများသည့် တိုင်းပြည် ဖြစ်သည့် အလျောက် ပြည်သူများအတွက် အခြေပြု စဉ်းစားသည့် ဖွံ့ဖြိုးတိုးတက်မှု (People Center Development) သို့ သွားနိုင်ကြောင်း၊ ထိုသို့ သွားရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အရေးပါပြီး လက်ရှိအချိန်အခါ အခွင့်ကောင်းကို လက်မလွှတ်သင့်ကြောင်း ဦးမြင့်က ဆိုသည်။
“လူတွေက နေထွက်ကနေ နေ၀င်အထိ အလုပ်လုပ်နေရတာ၊ သူတို့အတွက်လည်း အားလပ်တဲ့ အချိန်လေး ပေးရမယ်။ အလုပ်ချိန်တွေ လျှော့ပေးရမယ်။ ပိုကောင်းတဲ့ ဘ၀တွေ၊ အနားယူ အပန်းဖြေတဲ့အချိန်၊ ယဉ်ကျေးမူ၊ လူမူရေး၊
ဘာသာရေးနဲ့ ပတ်သက်တဲ့ ဟာတွေ လုပ်ပေးရမယ်” ဟု ၎င်းက သုံးသပ်သည်။
ယခင်က ဂျီဒီပီကို တနှစ်လျင် ၁၀. ၅ ရာခိုင်နှုန်း တိုးမြှင့်သွားရန် စီစဉ်ထားသည့် သမ္မတ၏ ၅ နှစ်ကြာ ဆင်းရဲ မွဲတေမှု လျှော့ချခြင်း စီမံကိန်းကိုလည် ၇. ၇ ရာခိုင်နှုန်း အထိသာ တိုးမြှင့်ရန်အတွက် ပြန်လည် ပြင်ဆင်ခဲ့သည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၅၀ သန်း ဖြစ်ပြီး မြန်မာနိုင်ငံ အထက်တွင် ကမ္ဘောဒီးယားက အမေရိကန်ဒေါ်လာ ၈၉၂ သန်းဖြင့် ရပ်တည်ကာ အမြင့်ဆုံး ဖြစ်သော စင်ကာပူက အမေရိကန်ဒေါ်လာ ၆၄၀၀၃ သန်း အသီးသီးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်မြှုပ်နှံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အာဆီယံ နိုင်ငံများနှင့် ယှဉ်လျှင် အနည်းဆုံးဖြစ်ပြီး မြန်မာအောက်တွင် လောနိုင်ငံ တနိုင်ငံတည်းသာ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ဖြင့် ကျန်ရှိနေသည်။
အမျိုး အမည်..များ
ပြည်တွင်းသတင်းများ,
သတင်းများ..
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
October
(1076)
- မျက်လှည့်ကမ္ဘာ,
- မျက်လှည့်ကမ္ဘာ
- ထူးဆန်းထွေလာ...ပုံလေးများ
- SWF FLV to MP3 Converter 3.0.0.569 | 1.35 MB
- CCleaner Professional + Business Edition 3.23.1823...
- Angry Birds Space v1.3.0 Mars the Red Planet for PC
- Photoshop အသုံးပြုပြီး ပုံပြင်လိုသူများအတွက် (အခြေ...
- ချစ်သူပြန်လာမဲ့လမ်း
- အချစ်ပန်းခင်း
- ဓာတ်ပုံလေးတွေအလှပြင်ဖို့
- မိုးတွေသည်းရင် ငိုချင်တယ်
- ငါ ကျေနပ်ပါတယ်
- ` စောင့်နေနော်...´
- ငါ.ကိုယ်ငါမုန်းတယ်
- ဝေလဲမဝေ ကြွေဘဲ ကြွေ သွားတဲ့ပန်း
- ငါမသိတဲ့ အချိန်.
- ((((((( သီတင်းကျွတ် လပြည့်နေ့ )))))))
- Android ဖုန်းများတွင်ကစားနိုင်မည့် “ငတက်ပြား” အမ...
- C8812 နဲ့ U8818 အတွက် Root လုပ်နည်း
- Huawei U8850 ကို အမြန်ဆုံးနှုင့် အလွယ်ကူဆုံး root ...
- တမ်းတခြင်း
- Advanced SystemCare Pro 6.0.7.160 Final | 18.99 MB
- Internet Download Manager 6.12 Build 23 Final | 4....
- မိန်းမတို့၏ကောင်းခြင်း(၅)ဖြာ
- 31.10.2012 သတင်းစာများ ရယူရန်
- ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာ...
- မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)...
- တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီ ၄၀၀ ခန့် မှတ်ပုံ...
- ရတနာပုံ တယ်လီပို့ အများပိုင် ကုမ္ပဏီ ပြောင်းမည်
- ၂၀၃၀ အထိ ဝင်ငွေအနိမ့်စားနိုင်ငံ စာရင်းဝင် ဖြစ်နေမည...
- ရခိုင်ပြည်နယ်ကို တပ်မတော် စတင်အုပ်ချုပ်
- ရန်ကုန် လေဆိပ် မြှင့်တင်ရေးလုပ်ငန်း ပုဂ္ဂလိက စိတ်ဝင...
- ရန်ကုန်တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးရန်ရှိ
- ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည
- စစ်တွေ ရောက် ဒုက္ခသည်များ နေရပ်ရင်းပြန်ပို့ရန် စီစဉ်
- ရခိုင်အရေးသည် ပြုပြင်ပြောင်းလဲရေး အတွက် နိမိတ်ဆိုး
- ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေး NLD အဆိုတင်မည်
- ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်
- မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည်
- အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည်
- တရုတ်များက ရေအားလျှပ်စစ်ကို အကြောင်းပြပြီး လေးမြို...
- ရခိုင်ဒုက္ခသည် ၃၀၀၀ ခန့် မြောက်ဦး ဘုန်းတော်ကြီးကျော...
- အငြင်းပွားခဲ့သော ခရီးသွားလုပ်ငန်းရှင်များအသင်း အလု...
- မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ...
- အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက...
- ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး
- စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့...
- ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်...
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူ...
- တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရော...
- ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး မလိုလားဟုဆို
- ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
- မြန်မာသို့ ရိုက်ခတ်လာသော K-Pop
- အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ ...
- ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာ...
- ဘုန်းကြီးကျောင်းအမှု ရွာပတ်နေ
- နိုဝင်ဘာလ ၁ ရက်နေ့ ထုတ် The Hot News Weekly Vol-3,...
- အောက်တိုဘာ ၃၀ ရက်နေ့ထုတ် First Eleven Sports Journ...
- စန္ဒီ ဟာရီကိန်းကြောင့် နယူးယောက် အထိနာ
- မွတ်ဆလင်တွေကို မောင်းထုတ်တဲ့ ဆန္ဒပြမှု ရဲက ပစ်ခတ် နိ...
- အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်
- ရခိုင်အရေး နိုင်ငံတကာကြားဝင်ဖို့ အာဆီယံ တောင်းဆို
- အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၈
- မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၆)၊ အင်္ဂါနေ့...
- ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်...
- ကျောက်နီမော်တွင် ရခိုင်ဒေသခံ များကို ရဲတပ်ဖွဲ့မှ ပ...
- ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို...
- ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁...
- ပုံလေးတွေကို Frames Design လှလှလေးတွေပုံဖော်ကြည့်ရ...
- ပေးဆပ်ချစ်သူ
- သင် နှင့်သင့်ချစ်သူရဲ့အချစ်ရေးအဆင်ပြေဖို့အတွက်ဒါေ...
- ချစ်တက်သူတိုင်း သိသင့်သည့်အရာ
- samsaunggalaxy note, s3 တွေ အတွက် မြန်မာစာ အဆင်မြေ...
- iphone jail break လုပ်နည်းမြန်မာလို
- Folder Lock 7.1.6 | 8.85 MB
- အိမ်ထောင်ဆိုတာ
- အချစ်ကိုမသိသောကောင်လေး
- အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး
- ကျောက်နီမော် အခြေအနေ တင်းမာ
- လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့် ဂျာနယ်များကို အေ...
- အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးရ...
- » ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် အခင်းစတ...
- » ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင...
- ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်က...
- ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းစဉ်အတွင်း တပ်မ...
- ရခိုင်ပြည်နယ် အကြမ်းဖက်မှု သေဆုံးသူ ဦးရေတိုးလာ
- ကော့ကရိတ်မြို့ တွင်းရှိ ဗလီ ဗုံးခွဲခံရ
- » ရခိုင်အရေးတွင် မျိုးချစ်စိတ်ရှိသင့်သည်ထက်လွန် ဟုဆို
- အမေရိကန်အရှေ့ခြမ်း စန္ဒီမုန်တိုင်းဘေး ရင်ဆိုင်ဖို့ ...
- SSA နဲ့ မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး သဘောတူ...
- အစ်ဒ်နေ့ ဆီးရီးယားအပစ်ရပ် ချိုးဖောက်မှု ထိပ်တန်းသံတ...
- နင့်တို့ရေကို ခွေးတောင်မသောက်ဘူး
- အခန်း ပေါင်း ၅၀၀၀ ခန့်ပါ တန်ဖိုးနည်း အိမ်ရာစီမံကိန...
- အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်န
- ကော့ကရိတ်မြို့ဗလီကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်
- ^_^ရေမြေခြားတဲ့ ချစ်သူ...^_^
- သံသရာဝဋ်ကြွေးဆိုတာ
- သိနိုင်ပါရဲ့လားကြားနိုင်ပါရဲ့လားးးးးးးးနော်
- မိန်းမတွေရဲ့  တန်ဖိုး
- *** လောကဓံ ( ၈ ) ပါး ဆိုတာ ***
-
▼
October
(1076)
No comments:
Post a Comment