Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday, 31 October 2012
စစ်တွေ ရောက် ဒုက္ခသည်များ နေရပ်ရင်းပြန်ပို့ရန် စီစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်းသို့ ထပ်မံရောက်ရှိလာသော ဒုက္ခသည်များကို ၎င်းတို့ နေရင်းဒေသသို့ ပြန် ပို့ရန် စီစဉ်နေကြောင်း သိရသည်။
သဲချောင်းတွင် ယခင်ကတည်းက ရှိနေသော ဒုက္ခသည်မှာ များပြားနေသည့် အတွက် ယခုရက်ပိုင်းအတွင်း ထပ်မံ ရောက်ရှိလာသူများကို လက်ခံရန် မဖြစ်နိုင်သောကြောင့် ပြန်ပို့ရန် စီစဉ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ပေးရန် ရေတပ်က လုံခြုံရေး တာဝန်ယူပေးကြောင်းလည်း သိရသည်။
“သူတို့ ရောက်လာကတည်းက ဒီမှာလက်ခံထားလို့ မရဘူးဆိုတာ ပြောပြီးသားပါ။ အခု ထပ်ရောက်လာတဲ့ သူတွေက ရခိုင်ပြည်နယ် ဒေသ အများကြီးကနေ ရောက်လာတဲ့သူတွေပါ။ ဒါကြောင့် သူတို့ကို ဒီကနေပြန်သွားဖို့ စီစဉ်နေတာပါ”ဟု ဦးဝင်းမြိုင် က ဆိုသည်။
သဲချောင်းသို့ ရောက်ရှိလာသူ တချို့သည် ၎င်းတို့နှင့် အတူ ထွက်ပြေးလာသူ တချို့ ရောက်ရှိနေသည့် ဆန်တပ်မော်ကျွန်း သို့ သွားလိုသော ဆန္ဒရှိနေသည့်အတွက် ၎င်းတို့ကို ထိုသို့ပို့လိုက်ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကလည်း ပြောသည်။
သို့ရာတွင် သဲချောင်းသို့ ရောက်ရှိလာသည့် ဒုက္ခသည်တချို့ကမူ စစ်တပ်မှ အတင်းအကျပ် ပို့ဆောင် နေခြင်းသာ ဖြစ်ကြောင်း၊ ထို့ကြောင့် တချို့က မထွက်ခွာလိုကြဘဲ သဲချောင်း ဒုက္ခသည်စခန်းအတွင်း ရှောင်ပုန်းနေကြောင်း ကျောက်ဖြူမြို့ ပိုက်ဆိုက် ရပ်ကွက်မှ သဲချောင်းသို့ ထွက်ပြေးလာသော ကမန် တိုင်းရင်းသား အစ္စလမ် ဘာသာဝင် ကိုဇော်မင်းဦး က ဧရာဝတီသို့ ပြော သည်။
“ကျနော် အခု သဲချောင်းထဲက တခြား ဒုက္ခသည်တွေ အိမ်မှာ ရှောင်နေရတယ်။ ပါလာတဲ့ စက်လှေ ၂ စီးကိုလည်း ၀မ်းဖောက်ပြီး မြှုပ်ထားလိုက်လို့ ကျနော်တခါတည်း ပါမသွားတာ။ တချို့တွေလည်း ကျန်နေသေးတယ်။ အခု စစ်တပ်က လှေပိုင်ရှင်တွေကို လိုက်ရှာနေလို့ တချို့က သဲချောင်း ဒုက္ခသည်စခန်းက အိမ်တွေမှာ ငှားနေနေကြတယ်”ဟု သူက ဆိုသည်။
လက်ရှိအချိန်တွင် ပင်လယ်ပြင်ထဲ၌ သဲချောင်း ဒုက္ခသည်စခန်းရှိရာသို့ ကမ်းကပ်ခွင့် မရသေးသော စက်လှေအစီး ၃၀ နှင့် သဲချောင်း ကမ်းတွင် ကပ်ထားသော စက်လှေ ၁၄ စီးကို ယနေ့ မနက်ပိုင်းတွင် ဒေသအာဏာပိုင်များက ဆန်တပ်မော် ကျွန်းသို့ ရွှေ့ပြောင်းခိုင်းသဖြင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း၊ သဲချောင်း ကမ်းတွင် ဆိုက်ထားသော စက်လှေ ၁၆ စီး ကျန်နေခဲ့သေးကြောင်း သိရသည်။
ပြန်ပို့ခံရသည့် နေရပ်များတွင် ကယ်ဆယ်ရေးစခန်းကို မည်သည့်နေရာ၌ မည်သို့ဖွင့်ပေးမည်ကို အတိအကျ မပြောသေးဘဲ ရွှေ့ ပြောင်းခိုင်းနေသောကြောင့် ဒုက္ခသည်များက မပြန်ချင်ဘဲ ဖြစ်နေကြသည်ဟု စစ်တွေမြို့ နာဇီရပ်ကွက်မှ ဒုက္ခသည် အဖြစ် သဲချောင်းသို့ ရောက်ရှိနေသူ ဦးစိုးလွင်က ပြောသည်။
“မနက်က တပ်ရင်း ၆ က လူတွေလာပြီး ကမ်းမှာ ဆိုက်ထားတဲ့ စက်လှေပိုင်ရှင်တွေနဲ့ လူတွေကို ဒီကနေ ပြန်ခွာသွားဖို့ လာပြော တယ်။ ဒီမှာဆက်မနေဖို့ လာပြောတာ။ လောလောဆယ် ဆန်တပ်မော်ကျွန်းမှာ ၅ ရက်၊ ၆ ရက်လောက် ထားမယ်။ ပြီးရင် သူတို့ နေရပ်ကိုပဲ ပြန်ပို့မလား၊ ဘယ်ကို ပို့မလဲ ဆိုတာတော့ အတိအကျ မသိပါဘူး။ အခု ပထမအသုတ် ထွက်သွားပြီ။ အကုန်လုံးကို ပြန်ပို့မှာလို့ ကြားတယ်”ဟု သူက ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်တွေ ဈေး သဘောင်္ဆိပ်သို့ အစ္စလမ် ဘာသာဝင် ကလေးများနှင့် မိန်းကလေးများ ပါလာသော စက် လှေ ၄ စီး ကမ်းကပ်ရန် ကြိုးစားနေသည့်အတွက် စစ်တွေဒေသခံ ရခိုင်တိုင်းရင်းသားများက ဆိပ်ကမ်းတလျှောက် လူစုလူဝေးဖြင့် စောင့်ကြည့်နေကြကြောင်း စစ်တွေဒေသခံ ကိုထွန်းဝေ က ပြောသည်။
“အခုအခြေအနေက တင်းမာတဲ့ အခြေအနေမှာ ရှိနေတယ်။ ရခိုင်လူငယ်တွေက လူစုနေကြတယ်။ ဆန်တပ်မော် ကျွန်းကနေ ဒီဘက်ကို ပို့လွှတ်လိုက်တဲ့ ပုံစံမျိုးလို့ ယူဆနေကြတယ်။ အဲဒီ ဆန်တပ်မော်ကျွန်းမှာက အစ္စလမ် ဘာသာဝင်တွေ နေတဲ့ ရွာ ၂ ရွာ ကျန်နေသေးတယ်။ နောက် ဟိုတလောက ရောက်လာတဲ့ အစ္စလမ် ဘာသာဝင် စက်လှေတချို့လည်း အဲဒီမှာ ရှိနေတယ်” ဟု သူက ဆိုသည်။
သဲချောင်းတွင် ကမ်းကပ်ခွင့်ရသော ကျောက်ဖြူဒေသခံ ကမန် တိုင်းရင်းသားများသည် ကမ်းကပ်ခွင့် ရရှိရန် ပင်လယ်ပြင်၌ ၄ ရက် ခန့် နေခဲ့ရပြီး ကျောက်ဖြူမှ ထွက်ပြေးလာစဉ် လှေပေါ်၌ ရရှိခဲ့သော ဒဏ်ရာကြောင့် သေဆုံးသူတချို့လည်း ရှိကြောင်း၊ လှေပေါ်တွင် ကလေးမီးဖွားခဲ့သူလည်း ရှိခဲ့ကြောင်း ကျောက်ဖြူမြို့ ပိုက်ဆိုက်ကျေးရွာမှ သဲချောင်း ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော ကမန်တိုင်းရင်းသား ကျောင်းဆရာ ကိုနေစိုးနိုင်က ပြောပြသည်။
ကျောက်ဖြူမှ ရောက်ရှိလာသော ကမန်တိုင်းရင်းသားများ၏ ၈၀ ရာခိုင်နှုန်းသည် မှတ်ပုံတင် ကိုင်ဆောင်ခွင့် ရရှိထားပြီးသူများ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့က ကမန်တိုင်းရင်းသားတွေပါ။ ပထမတော့ ရခိုင်မွတ်စလင်လို့ ခေါ်ပါတယ်။ နောက်ပိုင်းမှာ ကမန် တိုင်းရင်းသား တွေ ဖြစ်သွားတာပါ။ ဘင်္ဂါလီက တိုင်းရင်းသား မဟုတ်ဘူး၊ အများကြီး ကွာပါတယ်။ ကမန်က တိုင်းရင်းသားဖြစ်တယ်။ သင်္ချိုင်း ဂူတွေကို သိပ္ပံနည်းကျ စစ်ဆေးကြည့်ရင် ရပါတယ်။ ရိုဟင်ဂျာ ဆိုတာက သီးသန့်ပါ။ ကျနော်တို့ဆီမှာ ရိုဟင်ဂျာ မရှိပါဘူး။ ရိုဟင်ဂျာ အဖွဲ့ဆိုတာလည်း မရှိဘူး။ အဲဒီလူတွေက မြောက်ပိုင်းပါ။ ကျနော်တို့က တောင်ပိုင်းသားတွေပါ”ဟု ကိုနေစိုးနိုင်က ဆို သည်။
သဲချောင်းသို့ရောက်လာသော စက်လှေတစီးတွင် လူဦးရေ ၁၅၀ ကျော် ပါလာကြောင်း၊ သဲချောင်းတွင် ရှိနေခဲ့ပြီးဖြစ်သည့် ဒေ သခံ ဒုက္ခသည်များက လိုအပ်သည်များကို ကူညီပေးနေကြောင်း သိရသည်။
သဲချောင်းတွင် ဇွန်လပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရောက်ရှိလာသော ဒုက္ခသည် ၁၉၀၀၀ ကျော် ရှိနေပြီး တားပိုင် ဒုက္ခသည်စခန်းတွင် လူ ဦးရေ ၁၀၀၀၀ ကျော် ရှိနေသည်။
အဆိုပါ ဒုက္ခသည်များသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရသောကြောင့် နိုင်ငံတကာမှ အကူအညီများကို ရရှိနေ သူများဖြစ်ကြောင်းလည်း သိရသည်။
အမျိုး အမည်..များ
ပြည်တွင်းသတင်းများ,
သတင်းများ..
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
October
(1076)
- မျက်လှည့်ကမ္ဘာ,
- မျက်လှည့်ကမ္ဘာ
- ထူးဆန်းထွေလာ...ပုံလေးများ
- SWF FLV to MP3 Converter 3.0.0.569 | 1.35 MB
- CCleaner Professional + Business Edition 3.23.1823...
- Angry Birds Space v1.3.0 Mars the Red Planet for PC
- Photoshop အသုံးပြုပြီး ပုံပြင်လိုသူများအတွက် (အခြေ...
- ချစ်သူပြန်လာမဲ့လမ်း
- အချစ်ပန်းခင်း
- ဓာတ်ပုံလေးတွေအလှပြင်ဖို့
- မိုးတွေသည်းရင် ငိုချင်တယ်
- ငါ ကျေနပ်ပါတယ်
- ` စောင့်နေနော်...´
- ငါ.ကိုယ်ငါမုန်းတယ်
- ဝေလဲမဝေ ကြွေဘဲ ကြွေ သွားတဲ့ပန်း
- ငါမသိတဲ့ အချိန်.
- ((((((( သီတင်းကျွတ် လပြည့်နေ့ )))))))
- Android ဖုန်းများတွင်ကစားနိုင်မည့် “ငတက်ပြား” အမ...
- C8812 နဲ့ U8818 အတွက် Root လုပ်နည်း
- Huawei U8850 ကို အမြန်ဆုံးနှုင့် အလွယ်ကူဆုံး root ...
- တမ်းတခြင်း
- Advanced SystemCare Pro 6.0.7.160 Final | 18.99 MB
- Internet Download Manager 6.12 Build 23 Final | 4....
- မိန်းမတို့၏ကောင်းခြင်း(၅)ဖြာ
- 31.10.2012 သတင်းစာများ ရယူရန်
- ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာ...
- မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)...
- တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီ ၄၀၀ ခန့် မှတ်ပုံ...
- ရတနာပုံ တယ်လီပို့ အများပိုင် ကုမ္ပဏီ ပြောင်းမည်
- ၂၀၃၀ အထိ ဝင်ငွေအနိမ့်စားနိုင်ငံ စာရင်းဝင် ဖြစ်နေမည...
- ရခိုင်ပြည်နယ်ကို တပ်မတော် စတင်အုပ်ချုပ်
- ရန်ကုန် လေဆိပ် မြှင့်တင်ရေးလုပ်ငန်း ပုဂ္ဂလိက စိတ်ဝင...
- ရန်ကုန်တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးရန်ရှိ
- ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည
- စစ်တွေ ရောက် ဒုက္ခသည်များ နေရပ်ရင်းပြန်ပို့ရန် စီစဉ်
- ရခိုင်အရေးသည် ပြုပြင်ပြောင်းလဲရေး အတွက် နိမိတ်ဆိုး
- ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေး NLD အဆိုတင်မည်
- ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်
- မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည်
- အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည်
- တရုတ်များက ရေအားလျှပ်စစ်ကို အကြောင်းပြပြီး လေးမြို...
- ရခိုင်ဒုက္ခသည် ၃၀၀၀ ခန့် မြောက်ဦး ဘုန်းတော်ကြီးကျော...
- အငြင်းပွားခဲ့သော ခရီးသွားလုပ်ငန်းရှင်များအသင်း အလု...
- မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ...
- အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက...
- ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး
- စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့...
- ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်...
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူ...
- တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရော...
- ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး မလိုလားဟုဆို
- ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
- မြန်မာသို့ ရိုက်ခတ်လာသော K-Pop
- အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ ...
- ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာ...
- ဘုန်းကြီးကျောင်းအမှု ရွာပတ်နေ
- နိုဝင်ဘာလ ၁ ရက်နေ့ ထုတ် The Hot News Weekly Vol-3,...
- အောက်တိုဘာ ၃၀ ရက်နေ့ထုတ် First Eleven Sports Journ...
- စန္ဒီ ဟာရီကိန်းကြောင့် နယူးယောက် အထိနာ
- မွတ်ဆလင်တွေကို မောင်းထုတ်တဲ့ ဆန္ဒပြမှု ရဲက ပစ်ခတ် နိ...
- အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်
- ရခိုင်အရေး နိုင်ငံတကာကြားဝင်ဖို့ အာဆီယံ တောင်းဆို
- အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၈
- မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၆)၊ အင်္ဂါနေ့...
- ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်...
- ကျောက်နီမော်တွင် ရခိုင်ဒေသခံ များကို ရဲတပ်ဖွဲ့မှ ပ...
- ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို...
- ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁...
- ပုံလေးတွေကို Frames Design လှလှလေးတွေပုံဖော်ကြည့်ရ...
- ပေးဆပ်ချစ်သူ
- သင် နှင့်သင့်ချစ်သူရဲ့အချစ်ရေးအဆင်ပြေဖို့အတွက်ဒါေ...
- ချစ်တက်သူတိုင်း သိသင့်သည့်အရာ
- samsaunggalaxy note, s3 တွေ အတွက် မြန်မာစာ အဆင်မြေ...
- iphone jail break လုပ်နည်းမြန်မာလို
- Folder Lock 7.1.6 | 8.85 MB
- အိမ်ထောင်ဆိုတာ
- အချစ်ကိုမသိသောကောင်လေး
- အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး
- ကျောက်နီမော် အခြေအနေ တင်းမာ
- လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့် ဂျာနယ်များကို အေ...
- အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးရ...
- » ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် အခင်းစတ...
- » ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင...
- ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်က...
- ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းစဉ်အတွင်း တပ်မ...
- ရခိုင်ပြည်နယ် အကြမ်းဖက်မှု သေဆုံးသူ ဦးရေတိုးလာ
- ကော့ကရိတ်မြို့ တွင်းရှိ ဗလီ ဗုံးခွဲခံရ
- » ရခိုင်အရေးတွင် မျိုးချစ်စိတ်ရှိသင့်သည်ထက်လွန် ဟုဆို
- အမေရိကန်အရှေ့ခြမ်း စန္ဒီမုန်တိုင်းဘေး ရင်ဆိုင်ဖို့ ...
- SSA နဲ့ မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး သဘောတူ...
- အစ်ဒ်နေ့ ဆီးရီးယားအပစ်ရပ် ချိုးဖောက်မှု ထိပ်တန်းသံတ...
- နင့်တို့ရေကို ခွေးတောင်မသောက်ဘူး
- အခန်း ပေါင်း ၅၀၀၀ ခန့်ပါ တန်ဖိုးနည်း အိမ်ရာစီမံကိန...
- အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်န
- ကော့ကရိတ်မြို့ဗလီကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်
- ^_^ရေမြေခြားတဲ့ ချစ်သူ...^_^
- သံသရာဝဋ်ကြွေးဆိုတာ
- သိနိုင်ပါရဲ့လားကြားနိုင်ပါရဲ့လားးးးးးးးနော်
- မိန်းမတွေရဲ့  တန်ဖိုး
- *** လောကဓံ ( ၈ ) ပါး ဆိုတာ ***
-
▼
October
(1076)
No comments:
Post a Comment