Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 15 November 2012

ATM စက်များတွင် တစ်နေ့လျှင် အများဆုံး ကျပ်ငွေ(၉)သိန်းသာ ထုတ်ယူနိုင်

Master Card ၊ Maestro ၊ Cirrus Card များကို ကိုင်ဆောင်ထားသူများအနေဖြင့် CB ဘဏ် ATM စက်များတွင် နိုဝင်ဘာ (၁၅) ရက်နေ့မှ စတင်ကာငွေများ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် ATM စက်များတွင် တစ်နေ့လျှင် သုံးကြိမ်သာ ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ခါထုတ်ယူပါက ငွေကျပ် သုံးသိန်းအထိသာ ထုတ်ယူနိုင်ခြင်းသည်။

“လောလောဆယ်တော့ အဲ့လိုသုံးမျိုးကို ထုတ်ပေးလို့ရတယ်။ တစ်နေ့ကို သုံးကြိမ်အထိ ထုတ်လို့ ရပါတယ်။ ပြီးတော့ တစ်ခါထုတ်ရင် သုံးသိန်းအထိ ထုတ်ပေး လို့ရတယ်။” ဟု CB ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါကတ်များအား CB ဘဏ်၏  ATM စက်ထားရှိသည့် နေရာ ဒေသအသီးသီး၌ (၂၄)နာရီ ထုတ်ယူနိုင်ခြင်းဖြစ်ပြီး ATM စက်မှာ တစ်နိုင်ငံလုံးတွင် (၃၆) လုံးရှိသည်။

တစ်ခါထုတ်ယူပါက Master Card charges အနေဖြင့် ငွေကျပ်(၅၀၀၀) ဖြတ်တောက် သွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

“Master က ချမှတ်ပေးထားတဲ့ နှုန်းအတိုင်းပဲ။ Master ကတ်ပေါ်မှာထုတ် တဲ့အတွက် ကွန်မြူနစ်ကေး ရှင်း ယူတဲ့သဘောပါ။ အနည်းအများ အပေါ် မခွဲတော့ဘူး။” ဟု CB ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

CB ဘဏ်သည် နိုဝင်ဘာ (၃) ရက်နေ့တွင်လည်း အီလက်ထရွန်းနစ် ငွေချေစနစ် ကုမ္ပဏီတစ်ခု ဖြစ် သည့် VISA ကုမ္ပဏီနှင့် လိုင်စင်စင်သဘောတူညီချက် ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် စတင် အသုံးပြုနိုင်ရန်လျာထားကြောင်း သိရသည်။

ထက်အောင်ခန့်(မြစ်မခ)
by Myit Makha Mediagroup



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့