Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Tuesday, 13 November 2012
တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်
မြန်မာနိုင်ငံ အတွင်းရှိ လူကုန်ကူးမှု ဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံများ၏ (၆၅)ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီးများ ပင်ဖြစ်၍ (၈၅)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခံရမှု ပုံစံ(၇)မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇)မျိုးတွင် အဓမ္မထိမ်းမြားလက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်အတွင်းပိုင်းကျသည့် ရပ်ကွက်ငယ်တစ်ခုတွင် နေထိုင်ပြီး တရုတ်ပြည်သို့ လူကုန် ကူးခံရကာ (၂)လ၀န်းကျင်ကြာမြင့်ပြီးမှ ပြန်လည်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ကိုယ်တိုင် လူကုန်ကူးခံရသည့် အဖြစ်အပျက်မှ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသုတစ်ဦး၏ ပြောပြချက်များအား သိရှိနိုင် ရန် ဖော်ပြအပ်ပါသည်။
မို့မို့
အသက် (၃၂)နှစ်
ယောင်္ကျားအလုပ်က အိမ်တွေကို ဆေးလိုက်သုတ်ရတာဆိုတော့ မိုးတွင်းဆိုရင် အလုပ်ကမရှိဘူး။ အဲ့ဒါနဲ့ မစိုးဆိုတဲ့ အစ်မဆီက ပိုက်ဆံတွေ ခဏခဏ ယူချေးမိတယ်။ ကြာတော့ ပိုက်ဆံအကြွေး (၃)သောင်း လောက်ရှိသွားတယ်။ ကိုယ်က ပြန်လည်း မဆပ်နိုင်ဘူး။ သူက တရုတ်ပြည်မှာ အိမ်ဖော် လုပ်မလားတဲ့။ တရပ်ကွက်သားချင်းဆိုတော့ သူ့ကိုလည်း ယုံတယ်လေ။
ဒီလိုနဲ့ ၈လပိုင်း (၂၂)ရက်နေ့က မစိုးနဲ့ လားရှိုးကို လိုက်သွားတယ်။ ဘာမှမပူနဲ့။ စားပြီးသောက်ပြီး (၂)သိန်းရမယ်ဆိုလို့ မစိုးပြောတဲ့စကားကို ယုံပြီး ယောင်္ကျားသဘောမတူတဲ့ကြားကနေ လိုက်သွား ခဲ့တယ်။ ရန်ကုန်ကနေ လာရှိုးကို ကျွန်မ ခရီးဆက်ခဲ့တယ်။
သားအိမ်အစစ်ခံရတယ်-
ကျွန်မတို့ လားရှိုးကနေ မင်းတိန် ရောက်တော့ ပွဲစားမိန်းမတွေ (၆)ယောက်လောက်ကို တွေ့ရတယ်။ သူတို့က ကျွန်မ အိမ်သာသွား ရင်အိမ်သာ၊ ထမင်းစားရင်လည်း အမြဲစောင့်ကြည့်နေတယ်။ ပြီးတော့ သူတို့ က အဲ့ဒီမှာ ကျွန်မကို ကလေးမွေးနိုင်၊ မမွေးနိုင် ဗိုက်ကိုစစ်တယ်။ သားအိမ်ကိုစစ်တယ်။ တစ်ကိုယ်လုံးကို စက်တွေနဲ့ စစ်ဆေးတယ်။ ကျွန်မကို ဓါတ်ပုံရိုက်ယူတယ်။ ကျွန်မစိတ်ထဲမှာ ထင်နေပြီ… သူတို့တွေ က လူကုန်သည်ပွဲစားတွေလားလို့ စိတ်ထဲမှာ သံသယရှိနေပြီ။ နောက်တော့ ကျွန်မ သိလိုက်တယ် သူတို့တွေက လူပွဲစားတွေဆိုတာ။
တရုတ်ငွေ(၄)သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်တယ်
ကျွန်မကို ဖုန်းတွေနဲ့လည်း အရောင်းအဝယ်လုပ်နေတာ ကြားတယ်။ အဲ့တာနဲ့ ကျွန်မ ထွက်ပြေးဖို့ လုပ်တယ်။ ဘယ်ထွက်ပြေးလို့ရမလဲ.. သူတို့မိသွားတယ်။ ကျွန်မကို သူတို့တွေက ရိုက်နှက်တာ တွေလုပ်တယ်။
နောက်တော့ ပွဲစားမိန်းမတွေက ကျွန်မလက်ထဲကို တရုတ်ဖုန်းတစ်လုံး လာထည့်ပေးတယ်။ သူတို့နဲ့ ဆက်သွယ်လို့ရအောင်တဲ့။ အဲ့ဒီအချိန်မှာ ကျွန်မသိလိုက်တယ်။ ကျွန်မရောင်းစားခံရပြီ။ ကျွန်မသူတို့ တရုတ်ငွေ(၄)သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်သွားတယ်။ ကျွန်မ အရမ်းခံစားရတယ်။ ကျွန်မဘာမှ မစားနိုင်တော့ဘူး။ ငါတော့ သေရတော့မှာပဲဆိုပြီး ငိုပဲငိုနေခဲ့တယ်။ ကျွန်မကိုဝယ်တဲ့ တရုတ်ကြီးက အသက်က (၃၇)နှစ်လောက်ရှိပြီ။ သူ့အိမ်ကိုရောက်သွားတော့ သူ့အမေရယ်၊ သူ့ညီရယ်ရှိတာတွေ့ရ တယ်။
စောင့်ရှောက်ရေးဂေဟာမှာ သောင်တင်နေတယ်
သူ့ဆီရောက်လို့ (၄)ရက်မြောက်နေ့မှာ သူက ကျွန်မကို လက်ဟန်ခြေဟန်နဲ့ အပြင်သွားဖို့ခေါ်တယ်။ ဒီလိုနဲ့ မြို့ထဲရောက်တော့ သူက ယောင်္ကျားလေးအိမ်သာထဲကို ၀င်သွားတယ်။ ကျွန်မလည်း ထွက်ပြေးဖို့ စိတ်ကူးရသွားတယ်။ နီးစပ်ရာ သတင်းစာရောင်းနေတဲ့ တရုတ်ကြီးတစ်ယောက်ကို ကျွန်မ ခြေဟန်လက်ဟန်နဲ့ ငိုပြီးပြောပြတယ်။ အဲ့ဒါနဲ့သူက တရုတ်ရဲကို ဖုန်းဆက်ပေးတယ်။ တရုတ်ရဲ ရောက်လာတယ်။ ကျွန်မကို စခန်းကို ခေါ်သွားတယ်။ ကျွန်မကိုမေးတဲ့အခါမှာ ကျွန်မကို ၀ယ်တဲ့ တရုတ်ကြီးကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားတာရှိတယ်လေ။ အဲ့ဒါကို ပြလိုက်တယ်။ သူတို့က အဲ့ပုံကို ဖျက်ပစ်တယ်။ ကျွန်မကို ပွဲစားမိန်းမတွေဆီကို ဖုန်းခေါ်ခိုင်းတယ်။ ပွဲစားတွေက ဖုန်းကို ချချပစ်တယ်။ လုံးဝမကိုင်ဘူး။ အဲ့ဒါနဲ့ တရုတ်ရဲတွေက မူဆယ်နယ်စပ်ဂေဟာကို လိုက်ပို့ပေးတယ်။
အဲ့ဒီမှာ (၁၅- ၁၆)အရွယ် ကောင်မလေးတွေ အများကြီးပဲတွေ့ရတယ်။ တချို့ဆို ကိုယ့်ကိုကိုယ် တောင်မမှတ်မိချင်ဘူး။ ဦးနှောက်ပျက်နေတဲ့သူတွေ၊ ကိုယ့်အိမ်လိပ်စာတောင် ကိုယ်မမှတ် မိကြလို့ အမျိုးသမီးများထိန်းသိမ်းစောင့်ရှောင်ရေး ဂေဟာမှာ သောင်တင်နေတဲ့
လူတွေလည်း အများကြီးပဲ။
အဲ့ဒီမှာတွေ့ရတဲ့ မိန်းကလေးတွေအများစုက အရမ်းဆင်းရဲပြီး စားဝတ်နေရေး မပြေလည်လို့ လူကုန် ကူးခံရတဲ့ သူတွေကြီးပဲ။
(၂)လတာ ငရဲခန်း
“ရည်ရွယ်တာက ဘုံနန်း၊ ခံစားရတာ ငရဲခန်း ” ဆိုတဲ့ ဂေဟာမှာတွေ့တဲ့ဆောင်ပုဒ်လေး တိုင်းပါပဲ။ ဒါ့ကြောင့် ကျွန်မကိုယ့်နိုင်ငံမှာ လက်လုပ်လက်စားပဲလုပ်ရလုပ်ရ ရှာဖွေစားတော့မယ်။ လူကုန်ကူးတဲ့ ပွဲစားတွေကိုလည်း များများဖမ်းစေချင်တယ်။ အမျိုးကောင်းသမီးလေးတွေကို မပျက်စီးစေချင်ဘူး။ ကိုယ့်နိုင်ငံမှာ ရှိတဲ့အလုပ်တွေကိုပဲ ရှာဖွေစားသောက်ကြပါ။ သူများနိုင်ငံဆိုတာက မလုံခြုံပါဘူး။ အထင်မကြီးစေချင်ဘူး။ ကျွန်မလည်း ကျွန်မကို လူကုန်ကူးခဲ့တဲ့ ပွဲစားတွေကိုလည်း တိုင်ချက်ဖွင့် ထားတယ်။ ၂၂ရက်နေ့ ၈လပိုင်းက လိုက်သွားခဲ့တာ။ အခု ၂၁ရက်နေ့ ၁၀လပိုင်းမှာ ပြန်ရောက် လာတာပါ။ ၂လနီးပါးကြာ ခဲ့ပါတယ်။
မြန်မာပြည်မှာပဲ အလုပ်လုပ်တော့မယ်
အခု ကျွန်မစိတ်ကူးထားတာက ၁ ပတ်လောက်နားပြီးရင် ယောင်္ကျားနဲ့ အလုပ်လုပ်မယ်လို့ စိတ်ကူး ထားပါတယ်။
လူကုန်ကူးခံရမှုမှာ လက်ရှိအချိန်တွင် မြို့ပေါ်မှ မိန်းကလေး မျာသာမက ယောင်္ကျားလေးများပါ လူကုန်ကူးခံနေရကြောင်း လူကုန်ကူးမှုကာကွယ်တာဆီးရေးအဖွဲ့များထံက သိရသည်။
“ အရင်တုန်းကဆို အသိပညာနည်းပါးတဲ့ တောရွာတွေက လူတွေပဲလူကုန်ကူးခံရပေမယ့် အခုဆိုမြို့တွေက လူတွေပါ လူကုန်ကူးခံနေရတယ်။ မိန်းကလေးတွေ အများစု လူကုန်ကူးခံရတာကို လူတွေသိပေမယ့် နယ်စပ်ဘက်တွေကနေတဆင့်သွားတဲ့ ယောင်္ကျားလေးတွေလည်း လူကုန်ကုးခံ နေကြရတာတွေ အများကြီးရှိပါတယ် ” Youth Legal Clinic အဖွဲ့မှ ဒေါ်လှလှရီက ပြောသည်။
မြန်မာနိုင်ငံမှနေ၍ အခြားနိုင်ငံများသို့ လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာ အများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုဗဟိုမှ စာရင်းများအရ သိရသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရမှ ချမှတ်ထားသော one Child ပေါ်လစီ ကြောင့် အိမ်ထောင်သည်အများစု ကလေးယူရာတွင် ယောင်္ကျားလေးသာ အယူများနေပြီး တရုတ် ပြည်တွင် သတို့သမီး သန်း(၂၀၀) ၀န်းကျင်လိုအပ်လျက် ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်သည်။
တရုတ်အစိုးရအနေဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးကို ထိရောက်စွာအရေးယူမှုမပြုလုပ်သည့် အတွက် မြန်မာနိုင်ငံသူနိုင်ငံ သားတို့၏ လုံခြုံရေးကို မိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးကြောင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဆိုထား သည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
November
(1044)
- လက်ပံတောင်းတောင် အကြမ်းဖက်မှုကို မြန်မာသံဃာတော်မျာ...
- သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင်ေ...
- ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ...
- မိုးထိမိုးမိ ရွှေလုပ်သားများ အဖွဲ့ခေါင်းဆောင်များ က...
- မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based...
- လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆက်လုပ်ရေး အခြေအနေ ဖ...
- သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုကို မန္တလေး သံဃာတော်မျ...
- လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည...
- လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက...
- ၀န်ကြီးချုပ် ဦးသာအေး ၏ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမှု အ...
- လက်ပန်းတောင်း အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
- ရဲသုံးဦး လူသတ်မှုကျူးလွန်
- ရှေ့ကသွားနောက်ကလိုက် အနာဂတ်ကို ကိုက်ခဲနေတဲ့ ယမကာ ယ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- မုံရွာကြေးနီစီမံကိန်း သုံးသပ်ချက် တရုတ်သံရုံး ထ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- တကယ်မွှေးမှာလား ကံ့ကော်မြေ
- သပိတ် စခန်းတွေကို အင်အားသုံး ဖြိုဖျက်ဖို့  နေပြည်ေ...
- နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက် လွှတ်ေ...
- နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် Premier Eleven Sports Journ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- အစိုးရက ဘာကြောင့် ဒီလို ဖြိုခွင်းတာလဲ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁...
- ဒီဇင်ဘာလ (၂) ရက်နေ့ ထုတ် EURO SPORTS JOURNAL VOL 4...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- သတင်းထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက်လိုက်ပါကြောင်း
- သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျို...
- ယခင်အစိုးရနှင့် စီမံကိန်းအား ကာကွယ်၍ သတင်းထုတ်ပြန်...
- သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- DVB 29.11.2012 - 4pm News
- ၁- မင်္ဂလသုတ်-
- ပိဋကတ် ၃ပုံ မြန်မာပြန် စာအုပ် Download(33.5MB)
- မြန်မာ့ပညာရေး မြှင့်တင်ရန် အမေရိကန် တက္ကသိုလ်များ က...
- စစ်တပ်လွှဲပြောင်း သံမဏိစက်ရုံ နှစ်ရုံအတွက် ငွေဘီလီယ...
- လက်ပံတောင်း အကြပ်အတည်း ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင...
- ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို
- လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန...
- ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း
- အလုပ်သမား အထောက်အထားများ အလုပ်ရှင်သိမ်းဆည်းပါက တို...
- မတင်နီလာအေး အမှု စွဲချက်တင်တော့မည်
- တော်ဝင် သစ်စက်အရေး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ချပြီ
- လက်ပံတောင်းအရေး ထိပ်တိုက်တွေ့မှာ စိုးရိမ်နေ
- ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင...
- လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်
- တန်ဆောင်တိုင် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပလျက်ရှိ
- အကျဉ်းဦးစီး ဌာန၏ မိသားစု ဘုံကထိန်တွင် သိန်း ၁၇၀ ကေ...
- ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန်...
- တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းခဲ့
- ၁၈ ကြိမ်မြောက် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ပြုလ...
- ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒီရေတော ထိန်...
- လာမည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် ငမိုးရိပ် ဒုတိ...
- ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ၅၀၀ ကေဗွီဓာတ်အား လိုင်း၏ အ...
- ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကွန်ဒို တိုက်ခန...
- Anti-Copper Mine Demonstration Update
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲ ၊ သံဃာတော် အပါး(...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ကြေနီစီမံကိန်းရပ်တန့်ရေးသပိတ်စခန်း ဖြိုခွင်းမှု အသံ...
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ...
- သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် သံဃ...
- လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို...
- လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား (ဓ...
- မြန်မာပြည်က စပစ်ဖိုင်းယားတွေကို တူးတော့မယ်
- လက်ပံတောင်း တောင် သပိတ် လူစုခွဲ
- အစိုးရလုံခြုံရေးတပ်တွေ မီးလောင်ဗုံးသုံးပြီး သပိတ်ခွဲ
- လက်ပံတောင်းအရေးပေါ်သတင်း
- တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတ...
- ကြာသပတေးနေ့ တီဗွီသတင်းများ
- လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်...
- ဓာတ်ပုံလေးတွေကို Effect တွေ နောက်ခံသီချင်းတွေနဲ့ D...
- မိုင် ၂၄၀ ကျော် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည်...
- ညောင်နှစ်ပင်မှ သင်္ကန်းကျွန်း အထိ ရေပို့ပိုက်မကြီး သ...
- 2012- Korea- Myanmar Medical Tourism Forum ပထမဆုံး...
- ၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံခွန်စိုက်...
- ICT ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပခဲ့
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စီးပွားရေး ကုန်သွယ်မှုမျ...
- မကြာမီ လပိုင်း အတွင်း GSM တန်ဖိုးနည်း ဖုန်းများ ထပ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ယာဉ်အမျိုးအစား အလိုက် ကုန်တန်ချိန် တင်ဆောင်မှု တိုး...
- မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့ ခေါင်းဆောင်များ နယ်ပြော...
- တိုက်ပွဲဝင် သပိတ်စခန်းများ အရေး ဗကသများ အဖွဲ့ချုပ်...
- လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ ...
- နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးအား အမှတ်(၅၁၆)တပ်...
- » ပျောက်သွားတဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ကျပ် (...
- လက်ပံတောင်းတောင် နောက်ဆုံး မျှော်လင့်ချက် အတွက် သွ...
- စစ်တွေကို ထွက်ပြေး လာတဲ့ မွတ်ဆလင်တွေ နေရပ် ပြန်ပို...
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂို...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် The Hot News (Vol-3,No-...
- သပိတ် စခန်းတွေ ဖယ်ဖို့ ကြေညာချက်ထုတ် ထားပေမယ့် ဆက်...
- အီဂျစ် နိုင်ငံသား ထောင်သောင်းချီ စုဝေး
- လစ်ဗျားသံရုံးတိုက်ခိုက်မှု သတင်းအမှားပေး
- ဆီးရီးယား အစိုးရ လေကြောင်း ထိုးစစ်ကြောင့် အများအပြ...
- လက်ပန်းတောင်း သပိတ်စခန်းတွေဖျက်ဖို့ အမိန့်ထုတ်
- ဌာနေပြန် ရွှေတွင်းအလုပ်သမားတွေ အခက်တွေ့နေ
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ...
- ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်ကော်မတီ ...
- ပုသိမ်လေတပ်စခန်း အတွင်း ဝါယာရှော့ခ်ကြောင့် မီးလောင...
- မြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံး
- ရဲတပ်ဖွဲ့ ဝင်တဦး၏ (၁၄) နှစ်အရွယ် သမီးကို ရဲတပ်ဖွဲ ...
- အဆင်မြင့် ၇ည်းစား စကားး
- ဆရာမ ရိုက်မှုကြောင့် မူလတန်း ကျောင်းသား တစ်ဦး ဆေးရံ...
- လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် ဒု...
- အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျ...
- ဒေါ်စုနှင့် ဦးသိန်းစိန် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ’ သတ်မ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ရန်ကုန်-မန္တလေးကားလမ်းမပေါ် ယာဉ်တိမ်းမှောက် တရုတ်အမျ...
- ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်
- ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြခေါင်းဆောင်အချို့က...
- တေးသံရှင် Dဖြိုး စိတ်ကြွဆေးပြား တွေ့ရှိမှုဖြင့် အဖ...
- ကျိုက်ထီးရိုးဆံတော်ရှင်မှာ ချွေသည့်ဆု
- အစ္စလာမ်ညီအကိုတော်ရုံး ဆန္ဒပြသူတွေဝင်စီး
- မုံရွာဆန္ဒပြသံဃာများ ဆားလင်းကြီးသပိတ်စခန်းများနှင့်...
- မိုးထိမိုးမိရွှေလုပ်သားများ အစိုးရနှင့် ညှိနှိုင်း
- ပြည်တွင်းထိပ်တန်း ကုမ္ပဏီကြီးများက စက်သုံးဆီများ တရ...
- ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားနှင့်ကား တိုက...
- မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေးတွင် သံဃာတော်များ...
- ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့် ရမယ်လို့ ဒေါ်...
-
▼
November
(1044)

No comments:
Post a Comment