Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 November 2012

ဟာသကမ္ဘာ


***..... ပေါက်တဲ့အိုး .....***
တစ်ခါက ကိုဖိုးတေတစ်ယောက် မြို့ကိုသွားခါနီး တူမဖြစ်သူမိချောက
မြို့အပြန်ပစ္စည်းတစ်ခု ၀ယ်ခဲ့ပေးဖို့စာရေးပြီးမှာလိုက်တယ် .....

ကိုဖိုးတေလည်းမြို့မှာအလုပ်ကိစ္စပြီးတာနဲ့ ရွာကိုပြန်မယ်အလုပ်မှာ
တူမလေးမိချောမှာလိုက်တာကို သွားသတိရတယ် .... ဒါနဲ့
မှာလိုက်တဲ့စာကို ထုတ်ကြည့်လိုက်တယ် ... ရေးထားတာက
" အေသင်ချိုဆွေ ပေါက်တဲ့အိုး ၀ယ်ခဲ့ပါ " တဲ့ ......

ကိုဖိုးတေလဲ ဈေးထဲမှာ လိုက်ရှာတာပေါ့ ....
အိုးဆိုင်တစ်ဆိုင်ရောက်တော့ ၀င်မေးလိုက်တယ် ..

" အမကြီး အေသင်ချိုဆွေ ပေါက်တဲ့အိုး ရှိလား "
ဆိုင်ရှင်မိန်းမကြီးကလဲ ဘာမပြောညာမပြောအနောက်ထဲဝင်သွားတယ် ...
ခဏကြာပြန်ထွက်လာတော့ လက်ထဲမှာ ဆီးအိုးကြီးတစ်လုံးကိုင်လို့ ....
ပြီးတော့ ကိုဖိုးတေကို ဆီးအိုးကြီးထိုးပေးလိုက်တယ် ...

" အေသင်ချိုဆွေ ပေါက်တဲ့အိုးတော့မသိဘူး
ကျမကတော့ ဟောဒီအိုးနဲ့ပဲပေါက်တယ် " တဲ့ .....သေရော ။


    
          *** သူငယ်ချင်း နှစ်ယောက် ***
မတွေ့တာကြာသော သူငယ်ချင်းနှစ်ယောက် ပြန်တွေ့ကြရာ
"ဟေး သူငယ်ချင်း တို့ မြို့  ကြီးတိုးတတ်ပြောင်းလဲ နေပြီလား "
"အေးကွ"
"အရင်လိုမီးပျက်သေးလား "
"မပျက်တော့ဘူး တစ်လမှ သုံးခါပဲ ပျက်တယ်"
"ဟေ ဟုတ်လား ၀မ်းသာတယ် ကွာ"
"အေးဟုတ်တယ် ကွ ဒါပေမယ့် တစ်ခါပျက်ရင်တော့ ဆယ်ရက်ကြာတယ်"
"ဘာ........."

တစ်ခါကလှတောသားတယောက်နဲ့တခြားရွာသားတယောက်
လမ်းလျှောက်လာပါတယ်... တခြားရွာမှရွာသားကလှတောသားကိုစကားခြင်းပြိုင်ချင်တာနဲ့.
...လျှောက်လာနေရာမှခပ်ဝါးဝါး သာမြင်ရတဲ့နေရာကိုလှမ်းကြည့်ပြီး.

ဟာ..........ဟိုဘုရားပေါ်မှာပုရွှက်ဆိတ်တကောင်လမ်း လျှောက်လာတယ်
လှတောသားကလည်း...သူကိုပြိုင်နေပြီမှန်းသိတော့ ပြန်ပြောလိုက်တာက
....အေး...ပုရွှက်ဆိတ်ကမျက်လုးံတဖက်ကန်းနေတယ် တဲ့..


ကုန်းနေ ရေနေ သတ္တဝါ လေးမျိုး ...
ငြိမ်ငြိမ်နေဇမ်း ... မုန့်စားတာတောင် ကောင်းကောင်းမစားရဘူး... ဒီမျောက်လောင်းနဲ့တော့ ..

 *** ဟမ်မလေး သမီးအလိမ္မာတုံးလေး ပါ တကား ***
ခုနှစ်နှစ်အရွယ်ပဲရှိသေးတဲ့  ဂျင်းနီလေး အိမ်ပြန်ရောက်တော့ သူ့ အမေကို ပြောသည်..
ဂျင်နီ ။ ။ မေမေ ဒီနေ့ တွန်မီက သမီးကို နမ်းတယ် အတန်းပြီးတော့
အမေ။ ။ ဟမ်မလေး ဘယ်လိုဖြစ်တာလဲ သမီးရယ်
ဂျင်နီ ။ ။ အင်း အဲဒါ သိပ်တော့ မလွယ်ဘူးအမေ အဲလိုဖြစ်ဖို့ တစ်ခြား မိန်းကလေး သူငယ်ချင်းသုံးယောက်က သူ့ကို ၀ိုင်းချုပ်ထားရတယ် အမေ
@__@



 မောင်နှမများ ပျော်ရွှင်ချမ်းမြေ.ကြပါစေရှင်...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့