လူအများက ပြောကြတယ် အချစ်ဆိုတာ အသက်အရွယ်နဲ.မဆိုင်ဘူးတဲ. ကျွန်မဘ၀မှာ အချစ်ကိုတွေ.ရှိဖူးခဲ.ပါတယ် ( ဒါပေမဲ. ) အဲဒီအချစ်တွေက စစ်မှန်မှု.မရှိခဲ.ကြတော. မခိုင်မြဲခဲ.ပါဘူး လူအများကပြောကြမှာဘဲ နင်က ကြီးမှ ၀က်သက်ပေါက်တယ်လို. ?
ဟုတ် မှာပါ အချစ်ဆိုတာကို မသိရှိမခံစားဖူးတဲ. ကျွန်မ အချစ်ဆိုတာ ဖြူသလားမဲသလား ဆိုတာ မသိခဲ.တဲ.ကျွန်မ အသက်၃၀ကျော် ၅နှစ်စွန်းမှ အချစ်ဆိုတဲ.အရာကြီးကို လက်တဲ.စမ်းခဲ.မိပါတယ်
ကျွန်မကဘဲ ကံမကောင်းတာလား ကံကြမ္မာကဘဲ ဒဏ်ခတ်တာလားဆိုတာ အခုချိန်ထိ စဥင်္းစား ဝေခွဲလို.မရခဲ.ပါဘူး ချစ်သူရည်းစားထားခဲ.ဖူးတဲ. ကျား မ အများစုဟာ ရည်းစား (ချစ်သူ) နဲ. ပြတ်စဲသွားကြရင် အသဲကွဲတဲ.ဝေဒနာ ခံစားကြရတယ်တဲ.
တကယ်ချစ်ကြတဲ. ချစ်သူတွေတော. ဟုတ်မှာပေါ.နော်
ကျွန်မအတွက် စစ်မှန်တဲ. အချစ်စစ် ဆိုတဲ.စကားလေးကရော ဘယ်တော.များမှ မျက်စိလည် လမ်းမှားပြီးရောက်လာမှာလဲ ဘယ်တော.များမှ အချစ်စစ်ဆိုတာကို တွေ.ဆုံရမှာလည်း? ကျွန်မ ဝေခွဲလို.မရခဲ.ပါဘူး
ကျွန်မသိထားတဲ. အချစ်ဆိုတာကတော. တယောက်နဲ.တယောက် အပြန်အလှန် နားလည်မှု.ရှိဖို.နဲ. ပွင်.လင်း ရိုးသားမှု. ရှိဖို.ပါဘဲ ယခု ကျွန်မ ဆုံတွေ.ရပြန်ပြီပေါ. သူ.ကို
သူ.......... သူကရော ဘယ်လိုလူမျိုးလဲ ?
ကျွန်မကဘဲ အမှတ်မရှိတာလား?
ကျွန်မကရော သူ.ကို တကယ်ချစ်သွားတာလား?
သူကရော ကျွန်မကို တကယ် ချစ်တာလား?
ပဟေဠိ ဖြစ်နေတဲ. ကျွန်မ နှလုံးသားကို လှုတ်ခတ် နိုင်အောင်လုတ်သွားတဲ. သူ.ကို
ကျွန်မ ချစ်မိနေပြီလား ဆိုတာ ကျွန်မ ဝေခွဲလို.မရသေးတာ အမှန်ပါ
သူတယောက် နားလည်ပေးနိုင်ပါစေလို.
ဆုတောင်းလျှက်
ဒီကဗျာလေးကို သူတယောက် တွေ.ပါစေ ......
ချစ်သူ
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။
ဆရာမောင်စိန်ဝင်းပုတီးကုန်းရဲ.ကဗျာလေးပါ
No comments:
Post a Comment