Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 22 November 2012

အကျင့်ပျက်ချစားမှု ဝိုင်းဝန်းတိုက်ဖျက်ဖို့ လိုအပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှုး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အကျင့်ပျက်ချစားမှု တိုက်ဖျက်ဖို့အတွက် အားလုံးမှာ တာဝန်ရှိကြောင်း ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ရမှာဖြစ်ကြောင်း ဒီကနေ့ တိုက်တွန်းပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ လွှတ်တော်ပြင်ပမှာ ၀န်ကြီးဌာန ၁၅ ခု ငွေကြေး အလွဲသုံးစားလုပ်မှုတွေရှိတယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ လွှတ်တော်မှာ တင်ပြမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်ဖြေကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ခွဲဝေပေးခဲ့တဲ့ ဘဏ္ဍာငွေ အသုံးပြုရာမှာ ၀န်ကြီးဌာန ၁၅ ခုမှာ အလွဲသုံးစားလုပ်တာတွေ တွေ့ရှိချက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို အခြေခံပြီး ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။ 

ငွေကြေးအလွဲသုံးစားလုပ်တဲ့ ဝန်ကြီးဌာန ၁၅ ခုမှာ ပြန်ကြားရေး၊ ရထားပို့ဆောင်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး စတဲ့ ၀န်ကြီးဌာနေတွေ ပါဝင်ပြီး နိုင်ငံတော်အနေနဲ့ နစ်နာဆုံးရှုံးမှု တန်ဖိုးက ကျပ်သန်းပေါင်း ငါးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၂ သိန်းရှိတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလည်း သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေကို ပြန်လည်ပေးဆပ်ရမယ့် အကြွေးတွေ ကျပ်သန်းပေါင်းများစွာ ရှိနေကြောင်းလည်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

နိုဝင်ဘာလ ၂၁ရက်နေ့တွင် လွှတ်တော်တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များရဲ့ အမေးကို ပြန်လည်ဖြေကြားနေစဉ် ။ RFA 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့