Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 4 November 2012

နော်ဝေနှင့်ဒိန်းမတ်တို့၏သံတမန် ပူးတွဲကိုယ်စားလှယ်ရုံးဖွင့်လှစ်

ရန်ကုန်၊နိုဝင်ဘာ ၎

နော်ဝေနှင့် ဒိန်းမတ်နိုင်ငံ တို့၏ မြန်မာနိုင်ငံ ဆိုင်ရာ သံတမန် ပူးတွဲကိုယ်စား လှယ် ရုံးကို ယနေ့နေ့လယ်တွင် ဖွင့်လှစ်ခဲ့သည်။

နော်ေ၀၀န်ကြီးချုပ်နှင့် ဒိန်းမတ်ဝန်ကြီးချုပ်တို့က အဆိုပါ ပူးတွဲကိုယ်စားလှယ်ရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် တရားဝင်သံရုံး ဖွင့်လှစ်ထားခြင်း မရှိသေးသော နော်ဝေနှင့် ဒိန်းမတ်တို့က မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြင့်သည့် အနေဖြင့် အဆိုပါရုံးကို ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရေး ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

နော်ဝေနိုင်ငံသည် မြန်မာငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းများ၌ ရှေ့ပြေး  စမ်းသပ်စီမံကိန်းများ ဆောင်ရွက်လျက်ရှိပြီး ထပ်မံလုပ်ဆောင် သွားမည်ဟုလည်း နော်ဝေ ၀န်ကြီးချုပ်က ဆိုသည်။

ကျော်ရဲလင်း -  Popular Myanmar News Journal




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့