Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 7 November 2012

အောက်တိုဘာလ အတွင်း ရန်ကုန် လေဆိပ်မှ ပြည်ပ ခရီးသွား နှစ်သောင်း နီးပါး ပိုမိုဝင်ရောက်ခဲ့


အောက်တိုဘာ လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပခရီးသွား ၀င်ရောက်ခဲ့ မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လထက် လူဦးရေ နှစ်သောင်း
နီးပါး ပိုမိုများပြား လာတယ်လို့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း ပြည်ပခရီးသွား လူဦးရေ သုံးသောင်း ရှစ်ထောင် ကျော်သာ ၀င်ရောက်ခဲ့ပြီး အောက်တိုဘာလ မှာတော့ ပြည်ပ ခရီးသွား ငါးသောင်း ခုနှစ်ထောင် ကျော်အထိ တိုးတက် ၀င်ရောက် လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တို ဘာလအတွင်း ၀င်ရောက်ခဲ့တဲ့ ပြည်ပ ခရီးသွားများ တွေထဲမှာ ထိုင်းနိုင်ငံမှ ခရီးသွားများဟာ အများဆုံး ဖြစ်ပြီး လူဦးရေ တစ်သောင်း ကျော်အထိ ၀င်ရောက် ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ၀င်ရောက်မှု အများဆုံး ကတော့ ဂျပန်နိုင်ငံမှ ခရီးသွားများ ဖြစ်ပြီး ခရီးသွား လေးထောင့် သုံးရာ ကိုးဆယ့်ခြောက် ဦးရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာရှနိုင်ငံများ ဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ မလေး၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများ မှလည်း ခရီးသွား ၀င်ရောက်မှုများ ရှိဖြစ်ပါတယ်။

ဒါ့အပြင် အနောက် ဥရောပ နိုင်ငံများက ခရီးသွား ၀င်ရောက်မှု မှာတော့ အမေရိကန် နိုင်ငံမှ အများဆုံး ဖြစ်ပြီး သုံးထောင့် ရှစ်ရာ သုံးဆယ့် ခုနှစ်ဦးနဲ့ အခြားနိုင်ငံ တွေဖြစ်တဲ့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန် အစရှိတဲ့ နိုင်ငံများ မှလည်း ခရီးသွား ၀င်ရောက်မှုများ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ပြည်ပ ခရီးသွား ၀င်ရောက်မှု တွေမှာ ကမ္ဘာလှည့် ဗီဇာနဲ့ လာရောက်သူ သုံးသောင်း ခုနှစ်ထောင့် လေးရာကျော် ရှိပြီး ကျန်တဲ့လူဦးရေ ကတော့ အခြားဗီဇာများနဲ့ လာရောက်သူများ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့