Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 7 November 2012

အိမ်မက်ချစ်သူ:


ငါကနောက်ဆုံးအချစ်တဲ့
အိမ်မက်ချစ်သူ:
မာယာတိမ်ကိုမှ နှစ်သက်မိတာငါ့အမှားပါပဲ ချစ်သူ...
တိမ်ဖြူလေးဆိုပေမယ့်
အသွင်သဏ္ဍန်အမျိုးမျိုးပြောင်းကာ
လေနှင်ရာကို လွင့်ပြေးတတ်တယ်...။

အိပ်မက်လေး တစ်မက်စာပါပဲ
အဖြူအမည်း မကွဲပြားခဲ့ပေမယ့်
မုသားတွေက သကာလိုချိုမြိန်
မမြင်ဖူးမူးမြစ်ထင်ခဲ့မိသူက
ငါရယ်ပါပဲ ချစ်သူ...။

ပုံပြင်ထဲကလို
မြည်းစမ်းခွင့်မရှိတဲ့စပျစ်သီးကို
ချဉ်တယ်လို့ဆိုရလောက်အောင်လည်း
ငါ့မှာ ကြိုးပမ်းခွင့်ဆိုတာ..
စိုးစဉ်းမျှတောင်မရှိခဲ့ပါဘူး..။

ဝေးနေတဲ့လမင်းကို ငေးဖို့
ကောင်းကင်ကြီးကို ငေးကြည့်လိုက်တိုင်း
လကွယ်ရက်တွေသာ ဖြစ်နေတတ်လွန်းတော့
ငါ့အတွက်...အလင်းရောင်ဆိုတာ..
ဘယ်သက္ကရာဇ်ေ၇ာက်မှပြိုဆင်းလာမှာလဲ
ချစ်သူရယ်...။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့