(2)
သင် သူ့အနားမှာရှိရင် သူ့ဆီမှာရှိတဲ့ အရည်အချင်းတွေ လက်စွမ်းတွေ သိပ် ပြနေလား? သူ့သူငယ်ချင်းတွေကို ဟောင်ဖွာဟောင်ဖွာ နဲ့ ဆရာကြီးလုပ်နေလား ဆိုတာ သတိထားကြည့်ပါ။ ဒါတွေက သူ သင့်ကို အထင်ကြီးအားကိုးအောင် လျှောက်ပြီး လုပ်ပြနေတာပါ။
(3)
သူနဲ့ကိုယ် အကြည့်ခြင်းဆုံ တဲ့အခါ ရှိရင်၊ သူ့မျက်လုံးကို သတိထားကြည့်ပါ။ သင့်အပေါ် ခံစားချက်ရှိနေရင် မျက်လုံးသူငယ်အိမ် ကျယ် နေပါလိမ့်မယ်။ ညာလို့မရပါဘူး။
(4)
သင်နဲ့စကားပြောတဲ့အခါ သူရင်ဘတ် မသိမသာလေး ကော့နေလား ကြည့်ကြည့်ပါ။ ယောက်ျား တွေရဲ့ မသိစိတ်က သူတို့စိတ်ဝင်စားတဲ့ အမျိုးသမီးရှေ့ရောက်ရင် လေတွေကို ရင်ဘတ်ထဲ ဖောင်းထား တတ်ပါသတဲ့။ High Flown သုံးရရင် ဆင့်ကဲဖြစ်စင် (evolution) သဘောတရား အရ ဆန့်ကျင်ဘက်လိင် ကို ပေးတဲ့ message တစ်မျိုးပါပဲ။ သင့်ကို ကာကွယ်ဖို့ သူ့မှာဗလ ရှိတယ်ပေါ့လေ။
(5)
သူ့လက် လှုပ်ရှားတာကို ကြည့်ပါ။ သူ သူ့နားတွေကို ခဏခဏ ကိုင်နေလား? ဒါဆို သေချာတာက သူ့ဘက်ကငြိနေပြီ။ နားရွက်တွေလည်း နီရင်နီနေလိမ့်မယ်။
(6)
သင့်အကြိုက်တွေ follow တွေချည်း လိုက်နေလား? သင် သဘောကျတဲ့ ဟာ တစ်ခုခု ဥပမာ.. သင်ကြိုက်တဲ့ အဆိုတော် အကြောင်း၊ စာအုပ်အကြောင်း ပြောပြီး သူဘာပြောမလဲ ကြည့်ပါ။ လူတွေရဲ့ သဘာဝကိုက သူတို့သဘောကျတဲ့ သူတစ်ယောက်က တင်ပြတဲ့အမြင်ဆို အရမ်းဝေဖန်မပြောရဲကြပါဘူး။
(7)
သူ့ဆီကအကူအညီတောင်းကြည့်ပါ။ လေးတဲ့ဟာတစ်ခုခု သယ်ခိုင်းတာတို့၊ သူ့ဆီက အကြံဉာဏ် တောင်းတာ မျိုးပေါ့။ ယောက်ျားသား တွေက “ကယ်တင်ရှင်ကြီး” လုပ်ရတာကြိုက်မှကြိုက်။
(8)
ရေလာမြောင်းပေး အရိပ်အမြွက် ပေး ကြည့်ပါ။
“ဟိုတစ်ခေါက် ရှိုး မကြည့်လိုက်ရဘူး။ နောက် လထဲ မှာ ရှိုးထပ်လုပ်ရင်တော့ သွားတော့ကြည့် ချင်သား”
လို့ပြောကြည့်ပါ။ သူဘာပြန်ပြောမလဲလို့။ အဲလိုပြောရင် အရမ်းရှက်တတ်ပါတယ်ဆိုတဲ့ သူတွေတောင် မဟပဲ မနေနိုင်ပါဘူး။
No comments:
Post a Comment