Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 5 November 2012

ပြည်ပဘဏ်များနှင့် အဖွဲ့အစည်းများမှ ချေးငွေ ရယူကာ ပြည်တွင်းရှိ လျှပ်စစ် စီမံကိန်း အချို့ တည်ဆောက် သွားမည်


ပြည်တွင်းရဲ့ လျှပ်စစ် စီမံကိန်းများ အတွက် လိုအပ်တဲ့ ငွေကြေး တွေကို ပြည်ပ ဘဏ်များနဲ့ အဖွဲ့အစည်း များမှ ချေးငွေ ရယူနိုင်ဖို့ အတွက် သက်ဆိုင်ရာ
တာဝန်ရှိ သူများ ဆွေးနွေးလျက် ရှိတယ်လို့  လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို လျှပ်စစ် စီမံကိန်းများ အတွက် ချေးငွေ ချေးယူ သွားဖို့ ဆွေးနွေး လျက်ရှိတဲ့ ဘဏ်များကတော့ World Bank, ADB(Asia Development Bank နဲ့ Jica(Japan International Cooperation Agency) တို့နဲ့ ဆွေးနွေး နေတာ ဖြစ်ပါတယ်။

ချေးငွေ လိုအပ်နေတဲ့ လျှပ်စစ် စီမံကိန်းများ ပါဝင်တဲ့ အပိုင်းများ ကတော့ ဓါတ်အား လိုင်းကြီးများ ဆောက်လုပ်ခြင်း၊ ဓါတ်အားခွဲ ရုံများ တည်ဆောက်ခြင်းနဲ့ ဓါတ်အား ဖြန့်ဖြူး အပိုင်းများ ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ လျှပ်စစ် စီမံကိန်းများ ဆောက်ရွက်ဖို့ အတွက် စီမံကိန်း အကြို ရေးဆွဲမှုကို တင်ပြ ထားပြီး စီမံကိန်း များရဲ့ကုန်ကျ ငွေဟာ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနရဲ့ ဘတ်ဂျက် ငွေထက် ပိုမိုများပြား နေတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ချေးငွေရယူဖို့ အတွက် ဆွေးနွေးဆဲ အခြေအနေသာ ရှိသေးပြီး ချေးငွေ ပမာဏ မည်သည့် အတိုင်းအတာ ရရှိမယ် ဆိုတာ ကိုတော့ မသိရှိရ သေးဘူးလို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့