Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 9 November 2012

******* ... ပန်းနှင့်ပြောသော ချစ်သူတို့၏လျှို့ဝှက်စကားများ ... *******


၁။ ဗေဒါပန်း = ကိုယ့်အချစ်ကိုလှည့်စားမနေပါနဲ့တော့

၂။ ခေါင်းလောင်းပန်း= နံနက်မိုးလင်းလျှင်လင်းခြင်း လာတွေ့ပါ

၃။ အပြာရောင်ခေါင်းလောင်းပန်း= ကိုယ့်အချစ်ကိုယုံကြည်စိတ်ချပါ

၎။ ချယ်ရီပန်း = မိတ်ဆွေတစ်ယောက်အဖြစ်ရော အသိအမှတ်မပြုတော့ဘူးလားကွယ် ...

ဂန္ဓမာပန်း (အနီ) = ကိုယ်တော့မင်းကိုချစ်နေမိပြီကွယ်

၆။ ဂန္ဓမာပန်း (အ၀ါ) = မင်းအချစ်ကိုတော့ကိုယ်မယုံနိုင်ပါ

၇။ ဂန္ဓမာပန်း (အဖြူ)= ကိုယ်တော့မင်းကိုချစ်လည်းချစ်တယ်၊ ယုံလည်း
ယုံကြည်ပါတယ်ကွယ်


၈။ ဆပ်သဖူးပန်း = မင်းရဲ့ချစ်ခွင့်ပန်မှုကိုလက်ခံလိုက်ပါပြီကွယ်


၉။ ဒေလီယာပန်း(အနီ)= သိပ်ပြီးတော့လည်း အဖြစ်သည်းလွန်းမနေစမ်းပါနဲ့

၁၀။ ဒေလီယာပန်း(အဖြူ) = ကိုယ်အခု အိမ်မှာမရှိသေးပါ

၁၁။ ဂမုန်းပန်း = မင်းရဲ့ထံပါးမှာအချစ်ရဲ့ကျေးကျွန်အဖြစ်နေခွင့်မရဘူးလားကွယ်

၁၂။ နှင်းပန်း = ကိုယ့်အဖို့တော့ မင်းကလွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်တော့ပါ။

၁၃။နှင်းပန်း(အဖြူ) = ကိုယ့်အချစ်ဟာ မင်းအပေါ်မှာဖြူစင်လွန်းလှပါတယ်ကွယ်

၁၄။ မြက်ပန်းပွင့် = အခြားနေရာမှာ ချစ်တဲ့သူတွေ့နေဦးမလားလို့ရှာကြည့်ရဦးမယ်

၁၅။ ညမွှေးပန်း =အရာရာဟာ မင်းအတွက်သာဖြစ်စေရမယ်လို့ကတိပြုပါတယ်

၁၆။ သစ်ခွပန်း = မင်းအဖို့ပျော်ရွှင်မှုများနဲ့ပြည့်စုံပါစေလို့ဆုတောင်းလိုက်ပါတယ်

၁၇။ စံပယ်ပန်း = မင်းဟာဒီပန်းကလေးလိုလှတဲ့သူတစ်ယောက်ပါကွာ

၁၈။ ဘိန်းပန်း = စိတ်ညစ်ညူးနေခြင်းမှသက်သာမှုရပါတော့မယ်ကွာ

၁၉။ နှင်းဆီပန်း = အချစ်စစ်အချစ်မှန်နဲ့ချစ်နေမိသူပါကွယ်

၂၀ ။ပိတောက်ပန်းမင်း ဘ၀ရှေ့ရေးသာယာဖြောင့်ဖြူးစေရမယ်လို့်ကိုယ်ကတိပေးပါတယ်ကွယ်

၂၁။ နေကြာပန်း = မင်းဟာကျော်ကြားမှုသရဖူကိုဆောင်းနေရသူမို့စိတ်မ၀င်စားရဲပါဘူးကွယ်

၂၂။ ကြာပန်း = သစ္စာရှိသော မိတ်ဆွေတစ်ယောက်အနေနဲ့ဆက်ဆံသွားစေချင်ပါတယ်

၂၃ ။ဒေါနပန်း = ၀မ်းနည်းကြေကွဲစရာများမခံစားရခင် တစ်ဦးနဲ့တစ်ဦးခွဲခွာကြပါစို့ကွယ်

 မောင်နှမများပျော်ရွှင်ချမ်းမြေ.ကြပါစေနော် ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့