Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 21 November 2012

အစိုးရကို ပြန်လည်တရားစွဲဆိုမည် မဟုတ်ဟု ဦးမြင့်အေး ဆို

ဖောက်ခွဲရေး ပြုလုပ်သည်ဟု စွပ်စွဲခံရပြီး အကျဉ်းးကျရာမှ ပြန်လွတ်မြောက် လာသူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်တည်ထောင်သူ အစိုးရကို ပြန်လည် တရားစွဲဆိုမည် မဟုတ်ဟု ဦးမြင့်အေးက ပြောသည်။

“ကျွန်တောက လူ့အခွင့်အရေးကို လုပ်နေတဲ့သူ၊ ဖောက်ခွဲရေးနဲ့ ဘာမှ မဆိုင်ဘူး၊ ပြည်သူတွေ အမြင်ရှင်းအောင် ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ” ဟု ၄င်းကပြောသည်။

၎င်းတို့အနေဖြင့် မတရားခံရသည့်အတွက် အများပြည်သူသိရှိရန်သာ ဆန္ဒရှိကြောင်း ထိုကဲ့သို့ မတရားစွပ်စွဲခံရပြီး ခုခံချေပခွင့် မရှိဘဲ မတရား စီရင်ခံရသည့် ကိစ္စများ မဖြစ်ရန် လိုအပ်ကြောင်း ၄င်းကပြောသည်။

သာယာဝတီအကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုလက်ျာထွန်းက အစိုးရသစ်လက်ထက် အကျဉ်းထောင်များတွင် နှိပ်စက်ညှင်းပန်းမှုများ ရှိမရှိ သတင်းထောက်တစ်ဦးက မေးမြန်းမှုကို မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလို သည့် ဆန္ဒမရှိသည့်အတွက် မဖြေကြားလိုကြောင်း ပြောသည်။

၎င်းအနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်နိုင်ကြောင်း ပြောသည်။

အမေရိကန်သမ္မတ အိုဘားများခရီးစဉ် အကြို ပြန်လည်လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသားများ၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြု လုပ်ခဲ့သည်။

Popular Myanmar News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့