“အကျည်းတန် အရုပ်ဆိုးတဲ့ ရာဇ၀တ်မှုပေါ်မှာ အခြေခံပြီးတော့ လူအုပ်စု ၂ခုက ခုနကလို တလှည့်စီ လက်စားချေကြ တိုက်ခိုက်ကြ သတ်ဖြတ်ကြ မီးရှို့ကြနဲ့ ဒီလိုတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်”
သမ္မတဦးသိန်းစိန်သည် ဖနွမ်းပင်ရောက် သတင်းသမားများနှင့် ယနေ့ နံနက် ၉ နာရီခန့်တွင် ဖနွမ်းပင်ရှိ ကမ္ဘောဒီးယား နားဟိုတယ်တွင် တွေ့ဆုံခဲ့ပြီး ရခိုင်အရေးနှင့် ပတ်သက်ကာ (၂၁)ကြိမ်မြောက်အာဆီယံအစည်းအဝေးတွင် မြန်မာနိုင်ငံအနေနှင့်ဆွေးနွေးခဲ့နိုင်မှုများကို သမ္မတဦးသိန်းစိန် ပြည်လည် ပြောပြချက်များမှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။
“ရခိုင်ပြည်နယ် ပဋိပက္ခ က လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံပြီးတော့ ဖြစ်တာ မဟုတ်ပါဘူး။ အကျည်းတန်အရုပ်ဆိုးတဲ့ ရာဇ၀တ်မှုပေါ်မှာ အခြေခံပြီးတော့ လူအုပ်စု ၂ခုက ခုနကလို တလှည့်စီ လက်စားချေကြ ပြုကြ တိုက်ခိုက်ကြ သတ်ဖြတ်ကြ မီးရှို့ကြနဲ့ ဒီလိုတွေဖြစ်ပွားတာ ဖြစ်ပါတယ်။ သေဆုံးတဲ့အရေအတွက်ကလည်း ဟိုတစ်နေ့က မြန်မာနိုင်ငံမှာ ဘုန်းကြီး ရဟန်းတွေ လျှောက်တဲ့ အတိုင်းပါပဲ။ မှန်မှန်ကန်ကန်သိအောင် ရှင်းပြခဲ့ပါတယ်။ ရာဇ၀တ်မှုတစ်ခုအပေါ်မှာ မကျေနပ်တဲ့အတွက်ကြောင့် အစပျိုးပြီးတော့ ဒီကနေ စတင်ဖြစ်လာတာ ဖြစ်ပါတယ်။
သို့သော်လည်းပဲ ဒီလိုရာဇ၀တ်မှုတစ်ခုပေါ်မှာ အခြေခံပြီးဖြစ်ပေမယ့်လည်း ကိုးကွယ်တဲ့ဘာသာမတူညီကြတဲ့ လူမျိုးစု အချင်းချင်း၊ လူမျိုးချင်းမတူကြတဲ့အတွက် လူမျိုးစုအချင်းချင်း၊ ဒီအချင်းချင်းတွေဟာ ပဋိပက္ခ အခြေအနေဆောင်သွားပြီး နည်းနည်းကျယ်ပြန့်သွားတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုကြီးမားကျယ်ပြန့်သွားအောင်လည်း ခုနကလို လူမျိုးစွဲ၊ ဘာသာစွဲပြင်းထန်တဲ့ ပြည်တွင်းက တချို့ရဲ့ မြှောက်ပင့်သွေးထိုးပေးမှုတွေ၊ ပြည်ပကနေ ဒါတွေကို မဟုတ်မမှန်သတင်းတွေ လုပ်ကြံပြီးတော့ လွှင့်မှု။ ဒါတွေကို ခင်ဗျားတို့လည်း သိပါတယ်။ တိဗက်တို့ ဘာတို့မှာ ငလျင်လှုပ်တုန်းက အတုံးအရုန်းနဲ့ သေကြ ပြုကြတဲ့ ပုံတွေကို အင်တာနက်တွေထဲမှာ လွှင့် ပြီးတော့မှ ရခိုင်ပြည်နယ်မှာ ဒီလိုသေနေပါတယ် ဒါမျိုးတွေ လုပ်လိုက်တဲ့အတွက်ကြောင့် အတော်လေးကို ဂယက်၇ိုက်သွားပါတယ်။ ပြည်တွင်းကလည်း လူမျိုးစွဲစိတ်ဓာတ်ပြင်းထန်တဲ့သူတွေ ဘာသာစွဲ စိတ်ဓာတ်ပြင်းထန်တဲ့သူတွေ ဒီလူတွေရဲ့ သွေးထိုးမှုတွေ ဒါတွေလည်း ပါ ပါတယ်။ အဆိုးဆုံးကတော့ ပြည်ပကနေ မဟုတ်မှန် သတင်းတွေ လွှင့်တဲ့အတွက်ကြောင့် မူဆလင်နိုင်ငံ အတော်များများဟာ ဒီကိစနဲ့ ပတ်သက်ပြီး တော်တော်လေး ကျွန်တော်တို့အပေါ်မှာ ယုံမှားသံသယတွေဖြစ်ပါတယ်။
တချို့ဆိုရင် ဆန္ဒတွေဘာတွေ ပြကြ ပြုကြနဲ့ ။ သံရုံးတွေက လုံခြံရေးတွေပါ ဒါတွေဟာ အင်မတန်မှ ဂရုစိုက်ရတဲ့ အနေအထားမှာ ရှိပါတယ်။ အီဂျစ်တို့ဘာတို့ဆိုရင် သံရုံးက မိသားစုဝင်တွေ ဘာတွေ အသက်အနရယ်ရှိလို့ ခေါ်ထားရတာတွေ ဘာတွေ ရှိပါတယ်။
ဒီအစည်းအဝေးမှာ ၇ခိုင်ပြည်နယ်အကြောင်းကို ကိုယ့်နိုင်ငံဘက်ကနေပြီးတော့ ရှင်းပြနိုင်တဲ့အခွင့်အရေး ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ လူ့အဖွဲ့အစည်း ၂ခု ရာသက်ပန် အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ အခြေခံအားဖြင့် ကျွန်တော်တို့ ဘာတွေ လုပ်ရမလဲ။ အခြေခံအားဖြင့် ကျွန်တော်တို့ Mind set တွေကို ပြောင်းသွားဖို့ လိုပါတယ်။ လူသားချင်းစာနာတဲ့ လူသားချင်းထောက်ထားတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို ကျွန်တော်တို့ ပြောင်းသွားအောင် လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုက ဒီဒေသတွေမှာ ပညာရေးနဲ့ပတ်သက်ပြီး အလွန်နိမ့်ကျပြီး ပညာေ၇းနဲ့ပတ်သက်ပြီး အဆင့်အတန်းတွေ မြှင့်ပေးဖို့ လိုပါတယ်။ ပညာေ၇းနဲ့ပတ်သက်ပြီး အဆင့်အတန်းတွေ မြှင့်ပေးမှ လူတွေရဲ့ အသိစိတ်ဓာတ်တွေ ပိုပြီး မြင့်မားလာမှာဖြစ်ပါတယ်။ အသိစိတ်ဓာတ်တွေ တိုးတက်လာမှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ကြမှာ ဖြစ်တယ်။
နောက်တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းတွေ တော်တော်လေး လိုပါတယ်။အလုပ်အကိုင်အခွင့်အလမ်းနဲ့တော့ လူဆိုတာ ဆင်းရဲနေတဲ့အတွက် နေရင်းထိုင်ရင်းနဲ့ကို ဒေါသတွေ ဖြစ်နေတာ။ ဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိအောင် အခြေခံအားဖြင့် ဒါတွေ လုပ်ပေးဖို့လိုတယ်။ အဲ့မှာ ရှိနေတဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်းပေါ့လေ။ တချို့ အဲ့မှာ အိမ်ထောင်စုတွေ ဆိုရင် အိမ်ထောင်စု တစ်စုတည်းနဲ့တင် လူ ၇၀၊ ၈၀ လောက်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပညာပေးရမယ့် အပိုင်းတွေ ဒါတွေဟာ ကမာ့ရဲ့ စံချိန်စံညွှန်းတွေနဲ့ အညီပေါ့။ ဒါတွေ ကျွန်တော်တို့ လုပ်ရမယ့်ကိစတွေ ။ ဒီကိစတွေဟာ ကျွန်တော်တို့ ကြီးပဲ ကြိုးစားပြီးတော့ လုပ်နေတယ်။ ဒါပေမဲ့ ခုနကလို ပတ်ဝန်းကျင်နိုင်ငံတွေကပါ ၀င်ပြုပြီးတော့ ကျွန်တော်တို့ကို ကူညီကြ၊ ပြုကြမယ်ဆိုရင် အခြေအနေကောင်းကို ကျွန်တော်တို့ မြန်မြန်ဆန်ဆန်နဲ့ ရောက်ရှိနိုင်မယ်လို့ ဒါလေးတွေ ကျွန်တော်ရှင်းပြခဲ့ပါတယ်။
ဒီကနေ့ဆိုရင် မီးလောင်ပျက်စီးဆုံးရှုံးတဲ့အတွက်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်တဲ့ လူဦးရေ တစ်သိန်းနဲ့တစ်သောင်းကျော်လောက်၇ှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မီးရှို့ကြ ပြုကြနဲ့ဆိုတော့ မီးလောင်ရင် တစ်အိမ်ထဲလောင်တာမဟုတ်ဘူးလေ။ ဘေးကအိမ်တွေကိုပါ အကုန်ကူးစက်ပြီးတော့ လောင်မှာ ပြုမှာဆိုတော့ ဒီအိမ်တွေ မီးလောင်တဲ့အတွက်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့ ဒီကနေ့ ကျွေးမွေးထားရတဲ့ အတိဒုကရောက်နေတဲ့သူတွေ တစ်သိန်းကျော်ကျော်လောက်၇ှိပါတယ်။ တစ်လ တစ်လကို ဒေါ်လာတစ်သန်းလောက်ကုန်ပါတယ်။ အဲ့တော့ ဒီလူတွေကို ယာယီအသက်ရှင် နေထိုင်နိုင်ရေးအတွက် သူတို့ကို ကျွေးမွေးထားဖို့၊ ယာယီခိုလှုံနိုင်ဖို့ ၊ အဆောက်အဦးတွေ ဆောက်ဖို့ အမြဲတမ်းနေနိုင်ဖို့အတွက် အဆောက်အအုံတွေ ဆောက်ပေးဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရအောင်လို့ လုပ်ပေးဖို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဒါတွေလုပ်ဖို့အတွက် ကျွန်တော်တို့တွက်ထားတာ အနည်းဆုံး ဒေါ်လာ ၆၅ သန်းလိုပါတယ်။
ဒါကြောင့်မလို့ ဒီဒေသနဲ့ ပတ်သက်ပြီးတော့ အစိုးရ၊ နောက် စေတနာထက်သန်တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေ မြန်မာနိုင်ငံမှာ ရှိနေတဲ့ UN က လူတွေ၊ ဌာနေအဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းအတွေရဲ့ အကူအညီနဲ့ ဒါတွေကို ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။အဲ့ဒါအပြင် တခြား နိုင်ငံတွေထဲက တစ်နိုင်ငံချင်းအလိုက် သူတို့ရဲ့အထောက်အပံ့အကူအညီတွေ ကျွန်တော်တို့ရယူနေတာတွေလည်း ရှိပါတယ်။ ဥပမာ မလေးရှားဆိုရင်လည်း သဘောင်္နဲ့ ဘာနဲ့ပို့ပေးပြီးတော့မှ အစားအသောက်တွေ၊ အသုံးအဆောင်တွေ ဒါတွေ ပို့ပေးတာ ရှိပါတယ်။ အင်ဒိုနီးရှားက ကြက်ခြေနီဆိုရင်လည်း ကူညီကယ်ဆယ်တဲ့ ပစ္စည်းတွေ ပို့ပေးနေတာတွေ ရှိပါတယ်။ အလားတူပဲ တူရကီတို့ဘာတို့ကလည်း ပို့ပေးနေတာတွေ ရှိပါတယ်။ တစ်နိုင်ငံချင်းပို့ပေးတဲ့ အကူအညီတွေ ဒါတွေကိုလည်း ကျွန်တော်တို့ ရယူနေပါတယ်။
သို့ပေမယ့်လည်း မူဆလင်အဖွဲ့အစည်းဖြစ်တဲ့ OIC အနေနဲ့ကတော့ ဒါကို International Issue တစ်ခုလိုမျိုးဖြစ်အောင် လုပ်မယ့်သဘောမျိုးတွေ တွေ့ပါတယ်။ အဲ့တော့ဒီအဖွဲ့အစည်းက ပုဂိုလ်အချို့ကလည်း ကျွန်တော်တို့ ခုနကလို ခေါ်ပြီးတော့မှ ဒီအဖြစ်အပျက်တွေကို မှန်မှန်ကန်ကန်နဲ့သိအောင် ဆိုပြီးတော့ ရခိုင်ပြည်နယ်ဘက်ကိုလည်း ပို့လွှတ်ပေးတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ OIC အနေနဲ့ ဒီကိစကို International Issue တစ်ခုအနေနဲ့ UNမှာ agenda တစ်ခုအနေနဲ့ ပါလာအောင် ကျွန်တော်တို့ လုပ်ဖို့ UN ရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်မှာ ဖိအားပေးတဲ့လုပ်ရပ်တွေလုပ်ဖို့ ကြိုးစားပြီးဆောင်ရွက်နေတဲ့အတွက်ကြောင့် ဒါတွေကို ချေဖျက်နိုင်ဖို့အတွက်လည်း အစွမ်းကုန်ကျွန်တော်တို့ လုပ်နေရတာတွေ ရှိပါတယ်။ UN အနေနဲ့လည်း ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ် ၂ ကြိမ် ၃ ကြိမ်လောက် ရောက်ဖူးတဲ့အတွက်ကြောင့် ပုဂိုလ်ရေးလည်း ရင်းနှီးနေတာကြောင့် သူ့ဆီကို ကျွန်တော်တို့ စာတွေဘာတွေ ရေးပြုပြီးတော့မှ ဖြစ်ရပ်အမှန်တွေကို ရှင်းလင်းပြထားတာတွေ ရှိပါတယ်။ နောက်တစ်ခါ ဒေသတွင်းမှာ ရှိနေတဲ့ မူဆလင်ဘာသာဝင်တွေ အများစုကိုးကွယ်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားလို နိုင်ငံမျိုး၊ အင်ဒိုနီးရှားဟာဆိုရင် သမ္မတကြီး လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဘက်ကနေ အများကြီး ရပ်တည်ပေးပါတယ်။
နောက်တစ်ခါ ဘရူနိုင်းဆိုလို့ရှိရင် အလားတူပါပဲ။ ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ထောက်ခံအားပေးနေတာ ဖြစ်ပါတယ်။ သူတို့ပြသနာဖြစ်တာကို သူတို့အနေနဲ့လည်း ဘာသာရေးကြောင့် ဖြစ်တယ်။ လူမျိုးရေးကြောင့် ဖြစ်တယ်။ အလားတူ မလေးရှားနိုင်ငံဆိုလို့ရှိရင်လည်း ၀န်ကြီးချုပ်နဲ့ ပုဂိုလ်ရေး ရင်းနှီးနေကြတော့ ၀ိုင်းပြုပြီးတော့ ကူညီတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ တချို့ ခုနကလို ဘာသာရေးအစွဲအလမ်းပြင်းထန်တဲ့ ဆန္ဒပြတာတွေ ဒါတွေ ရှိပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ကျေပျက်အောင် ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နေရတဲ့အနေအထားရှိပါတယ်။ Reginal မှာရော East Asia မှာ ရော မှန်မှန်ကန်ကန်နဲ့ သိနိုင်အောင် ဆိုပြီးတော့ ဒါလေးတွေကို ဒီအစည်းအဝေးမှာ ရှင်းပြနိုင်တဲ့အခွင့်အရေးတစ်ရပ် ကျွန်တော်တို့ ရရှိခဲ့ပါတယ်။
by The Voice Weekly
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday, 21 November 2012
သမ္မတဦးသိန်းစိန်၏ ရခိုင်အရေးနှင်ပတ်သက်ကာ ပြောကြားချက်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
November
(1044)
- လက်ပံတောင်းတောင် အကြမ်းဖက်မှုကို မြန်မာသံဃာတော်မျာ...
- သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင်ေ...
- ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ...
- မိုးထိမိုးမိ ရွှေလုပ်သားများ အဖွဲ့ခေါင်းဆောင်များ က...
- မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based...
- လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆက်လုပ်ရေး အခြေအနေ ဖ...
- သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုကို မန္တလေး သံဃာတော်မျ...
- လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည...
- လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက...
- ၀န်ကြီးချုပ် ဦးသာအေး ၏ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမှု အ...
- လက်ပန်းတောင်း အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
- ရဲသုံးဦး လူသတ်မှုကျူးလွန်
- ရှေ့ကသွားနောက်ကလိုက် အနာဂတ်ကို ကိုက်ခဲနေတဲ့ ယမကာ ယ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- မုံရွာကြေးနီစီမံကိန်း သုံးသပ်ချက် တရုတ်သံရုံး ထ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- တကယ်မွှေးမှာလား ကံ့ကော်မြေ
- သပိတ် စခန်းတွေကို အင်အားသုံး ဖြိုဖျက်ဖို့  နေပြည်ေ...
- နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက် လွှတ်ေ...
- နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် Premier Eleven Sports Journ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- အစိုးရက ဘာကြောင့် ဒီလို ဖြိုခွင်းတာလဲ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁...
- ဒီဇင်ဘာလ (၂) ရက်နေ့ ထုတ် EURO SPORTS JOURNAL VOL 4...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- သတင်းထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက်လိုက်ပါကြောင်း
- သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျို...
- ယခင်အစိုးရနှင့် စီမံကိန်းအား ကာကွယ်၍ သတင်းထုတ်ပြန်...
- သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- DVB 29.11.2012 - 4pm News
- ၁- မင်္ဂလသုတ်-
- ပိဋကတ် ၃ပုံ မြန်မာပြန် စာအုပ် Download(33.5MB)
- မြန်မာ့ပညာရေး မြှင့်တင်ရန် အမေရိကန် တက္ကသိုလ်များ က...
- စစ်တပ်လွှဲပြောင်း သံမဏိစက်ရုံ နှစ်ရုံအတွက် ငွေဘီလီယ...
- လက်ပံတောင်း အကြပ်အတည်း ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင...
- ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို
- လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန...
- ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း
- အလုပ်သမား အထောက်အထားများ အလုပ်ရှင်သိမ်းဆည်းပါက တို...
- မတင်နီလာအေး အမှု စွဲချက်တင်တော့မည်
- တော်ဝင် သစ်စက်အရေး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ချပြီ
- လက်ပံတောင်းအရေး ထိပ်တိုက်တွေ့မှာ စိုးရိမ်နေ
- ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင...
- လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်
- တန်ဆောင်တိုင် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပလျက်ရှိ
- အကျဉ်းဦးစီး ဌာန၏ မိသားစု ဘုံကထိန်တွင် သိန်း ၁၇၀ ကေ...
- ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန်...
- တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းခဲ့
- ၁၈ ကြိမ်မြောက် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ပြုလ...
- ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒီရေတော ထိန်...
- လာမည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် ငမိုးရိပ် ဒုတိ...
- ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ၅၀၀ ကေဗွီဓာတ်အား လိုင်း၏ အ...
- ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကွန်ဒို တိုက်ခန...
- Anti-Copper Mine Demonstration Update
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲ ၊ သံဃာတော် အပါး(...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ကြေနီစီမံကိန်းရပ်တန့်ရေးသပိတ်စခန်း ဖြိုခွင်းမှု အသံ...
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ...
- သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် သံဃ...
- လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို...
- လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား (ဓ...
- မြန်မာပြည်က စပစ်ဖိုင်းယားတွေကို တူးတော့မယ်
- လက်ပံတောင်း တောင် သပိတ် လူစုခွဲ
- အစိုးရလုံခြုံရေးတပ်တွေ မီးလောင်ဗုံးသုံးပြီး သပိတ်ခွဲ
- လက်ပံတောင်းအရေးပေါ်သတင်း
- တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတ...
- ကြာသပတေးနေ့ တီဗွီသတင်းများ
- လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်...
- ဓာတ်ပုံလေးတွေကို Effect တွေ နောက်ခံသီချင်းတွေနဲ့ D...
- မိုင် ၂၄၀ ကျော် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည်...
- ညောင်နှစ်ပင်မှ သင်္ကန်းကျွန်း အထိ ရေပို့ပိုက်မကြီး သ...
- 2012- Korea- Myanmar Medical Tourism Forum ပထမဆုံး...
- ၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံခွန်စိုက်...
- ICT ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပခဲ့
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စီးပွားရေး ကုန်သွယ်မှုမျ...
- မကြာမီ လပိုင်း အတွင်း GSM တန်ဖိုးနည်း ဖုန်းများ ထပ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ယာဉ်အမျိုးအစား အလိုက် ကုန်တန်ချိန် တင်ဆောင်မှု တိုး...
- မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့ ခေါင်းဆောင်များ နယ်ပြော...
- တိုက်ပွဲဝင် သပိတ်စခန်းများ အရေး ဗကသများ အဖွဲ့ချုပ်...
- လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ ...
- နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးအား အမှတ်(၅၁၆)တပ်...
- » ပျောက်သွားတဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ကျပ် (...
- လက်ပံတောင်းတောင် နောက်ဆုံး မျှော်လင့်ချက် အတွက် သွ...
- စစ်တွေကို ထွက်ပြေး လာတဲ့ မွတ်ဆလင်တွေ နေရပ် ပြန်ပို...
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂို...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် The Hot News (Vol-3,No-...
- သပိတ် စခန်းတွေ ဖယ်ဖို့ ကြေညာချက်ထုတ် ထားပေမယ့် ဆက်...
-
▼
November
(1044)

No comments:
Post a Comment