ဒေါ်အောင်ဆန်းစုကြည်ဟာ HIV/AIDS ရောဂါကူးစက် ခံနေသူတွေ အပေါ် ခွဲခြား ဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့ တာဝန် ထမ်းဆောင် ရမယ်လို့ UNAIDS က ဆိုပါတယ်။
လူ့အသိုင်းအ၀ိုင်း အပြင်ဘက်မှာ နေထိုင်နေရသူတွေ လူသားဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေ ထိန်းသိမ်းထားနိုင်ဖို့ နေ့စဉ်နဲ့အမျှ ရုန်းကန်ကြိုးပမ်းနေရသူတွေကို ရပ်တည်ကာကွယ်ပေးရမယ့်သူအဖြစ် ရွေးချယ်ခံရတာကို အထူးပဲ ဂုဏ်ယူပါတယ်လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အသံမဲ့တွေရဲ့အသံ တနည်းအားဖြင့် ပြောဆိုခွင့် မရသူတွေရဲ့ကိုယ်စား ပြောဆိုနိုင်သူ တယောက် ဖြစ်ချင်ပါတယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဒီတာဝန်ကို လက်ခံခဲ့တဲ့အတွက် အေဂျင်စီက ဂုဏ်ယူပါတယ်လို့ UNAIDS အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး မစ်ချယ် ဆိုင်းဒိုင်းက ဆိုပါတယ်။
ဒီဗွီဘီ ၂၁ နိုဝင်ဘာ ၂၀၁၂
![]() |
| UNAIDS Executive Director Michel Sidibé, and Nobel peace prize winner and Member of Parliament Aung San Suu Kyi. Credit: UNAIDS |

No comments:
Post a Comment