Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 November 2012

မင်းယောင်္ကျားအခု အိမ်မှာရှိလား


ကလေးအတွေး`မေမေ ဟိုဘက်အခန်းကလူတွေတော်တော်ဆင်းရဲကြတယ် ထင်တယ်`သားငယ်ဖြစ်သူက အိမ်နီးနားချင်းအခန်းမှ ဆူညံသံများကြားသဖြင့် မိခင်ကိုပြောလိုက်သည်။`သား ဘာလို့အဲလို ထင်ရတာတုန်း``မေမေရယ် ကလေးပေါက်စလေးက ပြားစေ့တစ်စေ့မျိုချလိုက်တာကို ရေကြီးခွင်ကျယ်လုပ်ပြီး အော်ဟစ်နေကြတယ်`မင်းယောင်္ကျား အခု အိမ်မှာရှိလားရုံးတစ်ရုံတွင် အလုပ်လုပ်နေသော ဒေစီထံသို့ သူငယ်ချင်းမေရီလာလည်သည်။ဒေစီ ။   ။ မျက်နှာလည်း မကောင်းပါလားကွာ၊ နေမကောင်းဘူးလား။
မေရီ ။   ။ အေားကွာ ကိုယ် အခုတလော အရမ်းကို ခေါင်းကိုက်နေတယ်။ဒေစီ ။   ။ခေါင်းကိုက်တာများကွယ်၊ ဆရာဝန်ဆီသွားမနေနဲ့၊ အက်စ်ပရင်လည်း သောက်မနေနဲ့ ကိုယ်ဆိုရင် ခေါင်းကိုက်တဲ့အခါအိမ်ပြန်သွားပြီး၊ ယောင်္ကျားကို ကောင်းကောင်းနှိပ်ခိုင်းလိုက်တာ တစ်ခါတည်း ယူပစ်သလို ပျောက်သွားတာပဲ။မေရီ ။   ။ ဟုတ်လား ဒါဖြင့် မင်းယောင်္ကျား အခုအိမ်မှာ ရှိလား.............။သန်းကြွယ်သူဌေးကြီးဆိုတော့..စာသင်ခန်းတစ်ခုတွင် ဆရာမက ကျောင်းသားများအားအက်ဆေးတစ်ပုဒ် ရေးခိုင်းသည်။`အက်ဆေးတစ်ပုဒ် ရေးရမယ်၊ခေါင်းစဉ်ကကျွန်တော် သန်းကြွယ်သူဌေးကြီးဖြစ်ခဲ့သော်၊ကဲ... ခဲတံနဲ့ စာရွက်ယူ စတော့`ဖိလစ်မှလွဲပြီး ကျောင်းသားအားလုံး တစ်ပြိုင်တည်းစိတ်ပါဝင်စားစွာ စတင်ရေးကြသည်။ဖိလစ်မှာ ဘာမျှမလုပ်ဘဲ လက်ပိုက်ပြီး ထိုင်နေသည်။ထိုတွင် ဆရာမက`ဖိလစ် ဘာဖြစ်လို့ မရေးတာလဲ`ဟု မေးသည်။ဖိလစ်၏ အဖြေက`ကျွန်တော့် အတွင်းရေးမှုးကို စောင့်နေတာပါ`ဘယ်သူတွေ ဘာဘဲပြောပြောသူငယ်ချင်းတွေ ဒီဟာသလေးတွေကို ဖတ်ပြီးပြုံးပျော်တာကိုပဲ ကျေနပ်နေတာပါ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့