အဆိုပါ နေအိမ်စွန့်ခွာ ထွက်ပြေး လာကြ သူများသည် မြောက်ဦးမြို့ ဒုက္ခသည်စခန်း များသို့ နိုဝင်ဘာလ ဆန်းပိုင်းကပင် စတင်ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပြီး မူလ ကျေးရွာများတွင် ရခိုင်လူမျိုး အနည်းစုသာ ရှိသော ကျေးရွာများမှ ယခုကဲ့သို့ နေအိမ်များကို စွန့်ခွာ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း သိရသည်။
““ ည ဆို ကောင်းကောင်းမအိပ်ရဲဘူး။ ဒါကြောင့် ဒီဘက်(မြောက်ဦး)ကို ထွက်လာတာ။ အိမ်မီးရှို့လည်းမတတ်နိုင်ဘူး။ လူမစိုးရိမ်ရရင်တော်သေးတယ်။”” ဟု ဘူးချောင်းကျေးရွာမှ မြောက်ဦးမြို့ ရွှေကြာသိမ်ဘုရား ဒုက္ခသည်စခန်းသို့ တိမ်းရှောင်လာသည့် အသက် ၆၆ နှစ်အရွယ် ဦးမင်းအောင်ကပြောသည်။
Popular Myanmar News Journal
![]() |
| ဒုတိယ အကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နောက်ပိုင်းတွင် နေအိမ်များကို စွန့်ခွာ ထွက်ပြေး လာခဲ့သည့် ရခိုင်လူမျိုး ဒုက္ခသည်များ ပိုမိုလာ |

No comments:
Post a Comment