Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 20 November 2012

ကုန်တင်ယာဉ်တစ်စင်း မော်တော်ယာဉ် (၈)စင်းအား တိုက်မိ

ဒေါပုံမြို့နယ်၊ မြို့သစ်ဈေးအနီး မဟာဗန္ဓုလ တံတား အဆင်းတွင် ဆီပေပါများ တင်လာသော ကုန်တင်ယာဉ် ၂ခ/၅၉၄၄ သည် တံတားအလယ်မှ စတင် ဘရိတ်ပေါက်လာကာ လမ်းတစ်လျှောက်ရှိ မော်တော်ယာဉ် (၈)စင်းအား ယနေ့ (၁၁း၁၀) အချိန်က တိုက်ကာ တံတားအဆင်း ယမုံနာလမ်းနှင် ဗြဟ္မ၀ိဟာရလမ်းထိပ်ရှိ ယာဉ်ထိန်းရဲရုံအား ဝင်ရောက် တိုက်မိခဲ့ပြီး ဗြဟ္မ၀ိဟာရ လမ်းထိပ်တွင် ထိုးကျရပ်တန့် သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် လူအသေအပျောက် မရှိဘဲ ဒဏ်ရာရသူ (၂၀)ခန့်ရှိကြောင်း အဆိုပါ ဒဏ်ရာရရှိ သူများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့နေကြောင်း သိရသည်။

သတင်း-ဓါတ်ပုံ ။  ။ မြန်မာ့ခေတ်








No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့