Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 21 November 2012

မန္တလေး ဖွံ့ဖြိုးမှု နှစ် ၃၀ စီမံကိန်းကို ပြည်ပမှ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်


မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မန္တလေး ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် နှစ် ၃၀ စီမံကိန်းကို
ဆောင်ရွက်ဖို့ စီစဉ်ထားပြီး စီမံကိန်း အတွက် ဆောင်ရွက်မှုတွေ ကိုတော့ ပြည်ပမှ ပညာရှင်များနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပူးပေါင်း ဆောင်ရွက်ရာ မှာလည်း နည်းပညာ ပိုင်းကို အဓိက ထားပြီး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်း မှာတော့  မြို့သစ်ဇုန်များ၊ အသေးစား၊ အလတ်စား စက်မှုဇုန်များ၊ စီးပွားရေး အချက်အခြာဇုန်၊ အပန်းဖြေ အနားယူ အားကစား ကွင်းနဲ့ ပန်းခြံဇုန်များ အစရှိတာတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ စီမံကိန်းနဲ့ ပတ်သက်ပြီး မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိ သူများက ရေးဆွဲပြီး မန္တလေး မြို့တော်ဝန်ဆီ တင်ပြ ထားပြီး သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မန္တလေး ဖွံ့ဖြိုးမှု နှစ် ၃၀ စီမံကိန်း ကိုတော့ ပြီးခဲ့တဲ့ ၁၉၉၅-၉၆ ခုနှစ်က ရေးဆွဲခဲ့တဲ့ Star Ruby Project ကို အခြေခံပြီး ပြုလုပ် ရေးဆွဲ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့