Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 21 November 2012

ပြည်ပသို့ ဖုန်းသယ်ဆောင်ကာ ခေါ်ယူမှုအား စမ်းသပ်မှုများ ပြုလုပ်လျက်ရှိ


ပြည်တွင်းမှာ နေထိုင်တဲ့ သူတွေ အနေနဲ့ ပြည်ပကို ဖုန်းသယ်ဆောင်ပြီး ပြည်ပကနေ ပြည်တွင်းကို ပြန်လည် ဖုန်းခေါ်ဆို နိုင်မှု Out bound Service
အတွက်ကို စမ်းသပ်မှုများ ပြုလုပ်လျက် ရှိတယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို စမ်းသပ်မှုများ ပြုလုပ်လျက် ရှိရာမှာလည်း ပြည်တွင်း မှာရှိတဲ့ Postpaid GSM ဖုန်းတွေကို ပြည်ပ နိုင်ငံများကို သယ်ဆောင်ကာ ဖုန်းခေါ်ယူမှု ပြုလုပ်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။

အဆိုပါ စမ်းသပ်မှု ကိုတော့ ပြည်ပနိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်၊ ကိုရီးယား၊ စင်္ကာပူ၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်း စတဲ့ နိုင်ငံတွေနဲ့ စတင် စမ်းသပ် နေတာ ဖြစ်ပါတယ်။ ဒီလို စမ်းသပ်ရာ မှာလည်း Postpaid GSM အတွက် ကောက်ခံရမယ့် နှုန်းထားများ အစရှိတာ တွေကို သက်ဆိုင်ရာ တာဝန်ရှိသူများ သတ်မှတ်ဖို့ အတွက် စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံမှ ဖုန်းများကို ယူဆောင် လာပြီး ပြည်တွင်းမှာ ဖုန်းပြောဆို နိုင်တဲ့စနစ် ဖြစ်တဲ့ In bound Service ကိုတော့ ပြည်ပနိုင်ငံ ၁၁ နိုင်ငံနဲ့ ဆောင်ရွက် လျက်ရှိ တယ်လို့ သိရပါတယ်။

အဆိုပါ In bound Service ခွင့်ပြုမှုမှာတော့ ပြည်ပနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေ အပါအ၀င် ခွင့်ပြုပေး ထားတာ ဖြစ်ပါတယ်။ ယခုလက်ရှိ စမ်းသပ် ဆောင်ရွက် လျက်ရှိတဲ့ Out bound Service အတွက် ကိုတော့ ပြည်တွင်းရှိ Postpaid ဖုန်းများသာ ရရှိမှာဖြစ်ပြီး Prepaid ဖုန်းများ ကတော့ ဖုန်းဘေလ်ကို ကြိုတင်ငွေ ဖြည့်ရတာ ဖြစ်တဲ့ အတွက် Out bound Service မရရှိဘူးလို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့