မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာ များကို ဘဏ်လုပ်ငန်းတွေ သာမက
ဘဏ်မဟုတ်တဲ့ တခြား စီးပွားရေး လုပ်ငန်းများပါ ဖွင့်လှစ်ခွင့် ရနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ အဲဒီလို နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာ များကို ဘဏ်မဟုတ်တဲ့ တခြား စီးပွားရေး လုပ်ငန်းတွေပါ ဖွင့်လှစ်ခွင့် ရရှိနိုင်ဖို့ အတွက် အခု လက်ရှိမှာ ဗဟိုဘဏ် အနေနဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနသို့ တင်ပြ ထားပြီး ဖြစ်ပါတယ်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနရဲ့ ခွင့်ပြုချက် ရရှိပါက နိုင်ငံပိုင် သတင်းစာများ မှတဆင့် နိုင်ငံခြား ငွေလဲလှယ်ရေး ကောင်တာ ဖွင့်လှစ်ချင်တဲ့ စီးပွားရေး လုပ်ငန်း တွေကို တရားဝင် ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဗဟိုဘဏ်မှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ ယခုလို ဘဏ်မဟုတ်တဲ့ စီးပွားရေး လုပ်ငန်း များကို နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ ဖွင့်လှစ်ဖို့ စီစဉ်မှုဟာ ပြည်တွင်းမှာ နိုင်ငံခြားငွေ ဈေးကွက် ကျယ်ပြန့် လာစေဖို့ အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြား ငွေတွေကို တရားမ၀င် ရောင်းဝယ် ဖောက်ကား နေတဲ့ ဈေးကွက် ပပျောက်ပြီး တရားဝင် လုပ်ကိုင် နိုင်စေဖို့ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment