Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 21 November 2012

ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေး အတွက် မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပန်းချီပြပွဲ ကျင်းပပြုလုပ်ခဲ့


မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက် နိုင်ရေးနဲ့ မျိုးဆက်သစ် ကျောင်းသား လူငယ်များ အသိပညာ တိုးပွားစေဖို့ အတွက်
ရည်ရွယ်ပြီး နှစ်နိုင်ငံမှ ပန်းချီကားများ ပါဝင်ပြသ ထားတဲ့ Collective Rememberance  ပန်းချီပြပွဲကို ရန်ကုန်မြို့ အမျိုးသား ပြတိုက်မှာ ပြသလျက် ရှိပါတယ်။ အဆိုပါ ပန်းချီပြပွဲ မှာတော့ ပန်းချီကားပေါင်း ၃၀ ပါဝင်ပြသ ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှ ပန်းချီဆရာကြီးများ ဖြစ်တဲ့ ဦးဘဥာဏ်၊ ဦးငွေခိုင်၊ ဦးနန်းဝေ စတဲ့ ပန်းချီဆရာကြီးများရဲ့ ပန်းချီကားတွေ အပါအ၀င် ပန်းချီဆရာ ၁၀ ဦးမှ ပန်းချီကား ၁၄ ကား ပါဝင်ပြသ ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှား နိုင်ငံမှ ပန်းချီဆရာ ၁၄ ဦးရဲ့ လက်ရွေးစင် ပန်းချီ ၁၆ ကား ကိုလည်း ပါဝင်ပြသ ထားတယ်လို့ သိရပါတယ်။ ပါဝင်ပြသ ထားတဲ့ ပန်းချီကားတွေ ကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ဖော်ကျူး ထားတဲ့ ပန်းချီကားများနဲ့ တောတောင် သဘာဝ ပန်းချီကားများ အပါအ၀င် ပန်းချီကားများကို ပါဝင်ပြသ ထားတာ ဖြစ်ပါတယ်။ အဆိုပါ ပန်းချီပြပွဲ ကိုတော့ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု ၀န်ကြီး ဌာနနှင့် အင်ဒိုနီးရှား နိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန တို့မှ ပူးပေါင်း ပြုလုပ်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့