Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 15 November 2012

၁၅ နှစ် စီမံကိန်း မဟာဗျူဟာအရ ထိုင်းနိုင်ငံအား ၀င်ငွေ အဆင့်မြင့်မားသော နိုင်ငံ ဖြစ်လာစေရေး ထိုင်းအစိုးရ မျှော်မှန်း


ဘန်ကောက် ။        ။ လာမည့် ၁၀နှစ်မှ ၁၅နှစ်တာ ကာလအတွင်း ထိုင်းနိုင်ငံအား ၀င်ငွေ အဆင့်မြင့်မားသော နိုင်ငံ ဖြစ်လာစေရန် အတွက်
မြှင့်တင် ဆောင်ရွက် သွားနိုင်ရန် ထိုင်း အစိုးရက မျှော်မှန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ လူတစ်ဦးချင်း နှစ်စဉ် ပျမ်းမျှဝင်ငွေ အမေရိကန် ဒေါ်လာ ၁၂၄၀၀ ရရှိစေရန် ရည်ရွယ်ချက်သည် နိုဝင်ဘာလ ၂ ရက်နေ့က လွှတ်တော်မှ အတည်ပြု ပြဌာန်းလိုက်သည့် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု ဘုတ်အဖွဲ့ (National Economic and Social Development Board - NESDB) ၏ ရည်မှန်းချက် တစ်စိတ် တစ်ဒေသ လည်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၁ ခုနှစ်မှ စတင်ပြီး နိုင်ငံ တစ်နိုင်ငံ၏ ၀င်ငွေ မြင့်မားမှု အဆင့်အတန်းကို တစ်ဦးချင်း နှစ်စဉ် ပျမ်းမျှဝင်ငွေ အမေရိကန် ဒေါ်လာ ၁၂၄၇၆ ဖြင့် သတ်မှတ်ကြောင်း ကမ္ဘာ့ဘဏ်မှ ပြောကြားခဲ့သည်။ ချမှတ်ထားသည့် မဟာဗျူဟာ အရ စီးပွားရေးနှင့်လူမှုရေး ကွာဟချက်များ လျှော့ချရေးနှင့် နိုင်ငံ၏ စီးပွားရေး ကဏ္ဍအား လူမှုစီးပွားရေးကို အခြေခံပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ် မျှတမှုဖြင့် မြှင့်တင်နိုင်သည့် အစိမ်းရောင် စီးပွားရေး (Green Economy) အဖြစ် အဆင့်မြှင့်တင်နိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Rattanakorn က ပြောကြားခဲ့သည်။ ယမန်နှစ်က ထိုင်းနိုင်ငံ၏ ပျမ်းမျှ ၀င်ငွေမှာ အမေရိကန် ဒေါ်လာ ၄၄၂၀ ရှိခဲ့သည်။ ၂၀၀၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ ၄.၂ ရာခိုင်နှုန်း ရှိခဲ့ရာ ယခု စီမံကိန်း မဟာဗျူဟာ အရ ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုအား လာမည့် ၁၀ နှစ်မှ ၁၅နှစ်တာ ကာလအတွင်း ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း အထိ ထပ်မံ တိုးတက်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Source: Bangkok


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့