Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 16 November 2012

ရီးရဲလ်ဘောလုံးအသင်း လူငယ်နည်းပြ မြန်မာလူငယ်များကို လေ့ကျင့်

စပိန် ထိပ်သီးကလပ် ရီးရဲလ် မက်ဒရစ် ဘောလုံးအသင်းရဲ့ လူငယ်အသင်း နည်းပြတွေဟာ  မြန်မာ့လူငယ် ကစား သမားများနဲ့ နည်းပြ ၂၀၀ ကို ရက်တို သင်တန်းတွေ ပို့ချသွားမှာ ဖြစ်ပါတယ်။

ဘောလုံးပညာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းက နည်းပြအဖွဲ့ဝင် ၄ ဦးဟာ ရန်ကုန်ကို ရောက်ရှိပြီးတော့ နိုဝင်ဘာ ၁၆ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ ရက်တို သင်တန်းပေးမှာ ဖြစ်ပါတယ်။

ရီးရဲလ်နည်းပြတွေကို မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်ကို စပွန်ဆာပေးနေတဲ့ Digicel ကနေ တာဝန်ယူ ခေါ်ဆောင်ပေးတာ ဖြစ်ပေမယ့် နေထိုင် စားသောက်စရိတ်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကျခံရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ Media Officer လုပ်နေတဲ့ ဦးစိုးမိုး (IBC) က ပြောပါတယ်။

နိုင်ငံတ၀န်းလုံးကနေ ရွေးချယ်ထားတဲ့ ဘောလုံး အကယ်ဒမီ သင်တန်းကျောင်းက လူငယ် ဘောလုံးသမားတွေ၊ အခြေခံပညာ ယူ ၁၂ နှစ်အောက် ဘောလုံး သမား ၁၆၀ နဲ့ နည်းပြ ၄၀ လောက် ဒီသင်တန်းမှာ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ မြန်မာကို လာရောက်တာနဲ့ ပတ်သက်ပြီးတော့ ဦးစိုးမိုးက မြန်မာဘောလုံးလောက အပေါ် အကျိုးသက်ရောက်နိုင်ပုံကို အခုလို ပြောပါတယ်။

“ရီးရဲလ်မက်ဒရစ် မြန်မာနိုင်ငံကိုလာတာ ကောင်းတာပေါ့။ ရီးရဲလ်မက်ဒရစ်က ကမ္ဘာကျော်ဘောလုံးကလပ်အသင်းကြီးလေ။ အဲအသင်းက ဘောလုံးအကယ်ဒမီနည်းပြတွေက ဒီမှာလာပြီး မြန်မာကလေးတွေကို ဘောလုံးလေ့ကျင့်ပေးတာ အင်မတန် ကောင်းတယ်လေ၊ အနည်းဆုံး ရီးရဲလ်ကနည်းပြတွေကို အရှင်လတ်လတ် မြင်ရတယ်၊ မြန်မာနည်းပြတွေလည်း ရီးရဲလ်အသင်းက နည်းပြတွေနဲ့ အတူတွဲလေ့ကျင့်ခွင့် ပညာတွေ အများကြီးရတယ်။ ကျနော်တို့ နိုင်ငံကို ရီးရဲလ်မက်ဒရစ်အသင်းကြီးလာတဲ့အတွက် ဘောလုံးလောကအတွက်ရော နိုင်ငံအတွက်ရော image တက်တာပေါ့။ အင်မတန်အကျိုးရှိတယ်။”

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ မီဒီယာတွေကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ တွေ့ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ပါတယ်။

ဒီအဖွဲ့က နည်းပြချုပ်ဟာ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း ဘောလုံး သင်တန်းများ ပို့ချပေးခဲ့ပါတယ်။

by ကို​ထွေး​ (ဒီဗွီဘီ)

(ဓာတ်ပုံ- မြန်မာနေရှင်နယ်လိဂ်)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့