Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 12 November 2012

ဟာသများ


*** အဆို သင်တန်းတွင် မောင်ဂျက်လီက နည်းပြအားပေးသည်။ ***
“ဆရာ၊ ကျွန်တော့်ကို ရှင်းရှင်းပဲ ပြောပါဆရာ။ကျွန်တော့်အသံက ဘယ်နေရာမှာမ သုံးစားလို့ မရတော့ဘူးလား။”
“ဟာ ၊ ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ မီးလောင်တာတို့ ၊ ရေနစ်တာတို့၊ ဓပြတိုက်ခံရတာတို့ ဆိုရင် ခင်ဗျားအသံက အစားထိုးလို့ကို မရဘူး။ တကယ်ပြောတာ။”
ဧည့်ခံပွဲတစ်ခုတွင် ၁၅ နှစ်သား လူပျိုပေါက်က မိမိနှင့် တွဲကပါရန် အမျိုးသမီးတစ်ဦးအား
သွားဖိတ်သည်၊
“ကျွန်မ ကလေးနဲ့ မကဘူး”
“တောင်းပန်ပါတယ်၊ ခင်ဗျားကိုယ်ဝန်နဲ့ဆိုတာ ကျွန်တော် မသိလို့ပါ”


     *** ဖုန်းသံမြည်လာတယ် ***
"ဟယ်လို...မိန်းမလား"
"ရှင်.........."
"မိန်းမလား.........လို့....."
"မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိ မ်ကအိမ်ဖော်ပါ"
"သြော်...အေးအေး...မင်းမမလေးကော ....ရှိလား"
"ဟုတ်..."
"ခေါ်ပေးကွာအရေးကြီးလို့"
"..ရှင်...မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"
"ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."
"အင်းလေ..ဟုတ်ဘူးလား"
"ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်...
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........
တောက်...သေမယ့်သာမှတ်...
ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
အကောင်ကိုကော..သတ်ပစ်စမ်းကွာ.."
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....
"ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"
"ဟို... ဟိုလေ......."
"ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"
"မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."
ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
"ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."
"အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော.."
အနည်းငယ်ကြာပြီးနောက်.....
"ပြီးပြီ...ဆက်ပြော..."
"ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"
"ရှင်...ဘာကြီး.........."
"ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"
"ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"
"ဘာ...ဟုတ်လို့လား"
"ဟုတ်....ဟုတ်..."
"ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."
"095002004***** လေ...."
"ဗျာ......အဟင်း..ဘယ်လိုပြောရမလဲ.....
sorry့ နော်..အဟင်း
ဟို..ဟိုလေ...
phone မှားသွားလို့.....
ဒါပဲနော်"

ရှင်ကကွယ်ရာမှာဖောက်ပြန်ချင်တယ်ပေါ့လေ...

ငါကွ...မှတ်ပလား။ဘယ်သူပိုမာနိုင်မလဲ

*** သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့ ***
ကိုထုံတယောက်တော်တော်အံ့သြသွားတယ်။သူ့ဘေးကပ်လျက်ခုံမှာ ကြက်တူရွေးတကောင် ထိုင်နေတာကိုး...ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ စတင်ကျွေးမွေးတော့လေယာဉ်မယ်လေးက မေးလာတယ်..."အစာမစားမီ ဘာများ သောက်ချင်ပါသလဲ ရှင်"ကိုထုံက... "ကော်ဖီတစ်ခွက် ပေးပါ" လို့ မှာတယ်။ကြက်တူရွေးက..."ငါ့ အတွက် ဝီစကီတစ်ခွက်ပေးစမ်း ကောင်မ...ကြားလား"...တဲ့။လေယာဉ်မယ်လည်း အံ့သြသွားပေမယ့် ဘာမှ မပြောဘဲ ဝီစကီတစ်ခွက်ယူလာပေးတယ်၊ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။ခဏနေတော့ ကြက်တူရွေးက ထပ်မှာပြန်တယ်..."ဝီစကီတခွက်ထပ်ယူပေးစမ်း...သောက်ရူးမလေး"...........လေယာဉ်မယ် ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ်လို့ ဝီစကီတစ်ခွက်ထပ်ယူလာပေးပြန်တယ်။ဒီတခါလည်း ကော်ဖီက ပါမလာပြန်ဘူး.......ကိုထုံလည်း ကြက်တူရွေးလမ်းစဉ်လိုက်ပြီးမှာမှရမယ်လို့ တွေးပြီး......"ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊ မဟုတ်ရင် နင့်ကို ကန်မိတော့မယ်"ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား ၂ယောက် ရောက်လာတယ်။ကိုထုံ နဲ့ ကြက်တူရွေးကို ဖမ်းချုပ်ခေါ်လာပြီး အရေးပေါ်အပေါက်ကနေ လေယာဉ်အပြင်ကိုပစ်ချလိုက်ပါတော့တယ်....ဒီမှာတင် ကြက်တူရွေးက ကိုထုံ့ ကို လှမ်းပြောတယ်... .... ..."မင်းက ပျံလည်းမပျံတတ်ဘဲနဲ့ Complain တယ်များကိုးကွ"....တဲ့။


*** မြန်မာဝန်ကြီး နှင့် စကာင်္ပူ ၀န်ကြီး ***
စင်္ကာပူ ၀န်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပစ်လဲ။
မြန်မာ ၀န်ကြီး။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပစ်လိုက်တယ်။
စကာင်္ပူ ၀န်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့ ပြစ်ပြီး လိမ္မော်သီး ယို လုပ်တယ်ဗျ။

ဒါနဲ့ စကာင်္ပူ ၀န်ကြီးလဲ ပီကယ်မှာလိုက်ပါတယ်.စားပြီးသွား
တော့ ပန်းကန် ပေါ် ပြန်တင်လိုက်ပြီး မေးခွန်း ဆက်မေးပါတယ်။
စင်္ကာပူ ၀န်ကြီး ။ ။ ပီကယ် ကိုရော ဆရာ တို့ မြန်မာနိုင်ငံမှာ ဘာလုပ်သလဲဗျ။
မြန်မာ ၀န်ကြီး။ ။ ဟာ.. ပီကယ် စား ပြီးသားကို လွှတ်ပဲ ပြစ်တယ်။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့စီမှာဆို စားပြီးသား ပီကယ်ကို စက်ရုံတွေပို့ပြီး Condom လုပ်တယ်၊ ပြီးတော့
မြန်မာနိုင်ငံကို တင်ပို့ ရောင်းချတယ်။

ဆက်ပြီးတော့ မြန်မာဝန်ကြီးကို ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။
ပြန်ခါနီးကြမှ မြန်မာဝန်ကြီး က မေးခွန်းတစ်ခု ထမေးပါတယ်။

မြန်မာ ၀န်ကြီး ။ ။ ခင်ဗျားတို့ Condom သုံးပြီးသွားရင်ရော ဘာလုပ်ပြစ်သလဲ။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး လွှတ်ပြစ်တယ်။
မြန်မာ ၀န်ကြီး ။ ။ ကျွန်တော်တို့ ဆီမှာတော့ Condom သုံးပြီးရင် စက်ရုံတွေကို ပို့ပြီး စင်္ကာပူကို တင်သွင်း
ရောင်းချဘို့ ပီကယ်ပြန်လုပ်တယ်ဗျ။


 မောင်နှမများ ပျော်ရွှင်ကြည်နူးကြပါစေ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့