ပြည်တွင်းမှာ မောင်းနှင် သွားလာ လျက်ရှိတဲ့ လေလံကား တွေကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ အပ်နှံမှုများ လက်ခံ ဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့
ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို လက်ခံ ဆောင်ရွက်မှုကို ရန်ကုန်မြို့ အတွင်း မောင်းနှင် လျက်ရှိတဲ့ ဌာန ဆိုင်ရာ၊ အဖွဲ့အစည်း များမှ လေလံအောင် ကားများကို လက်ခံပေးမှာ ဖြစ်ပါတယ်။
အဲ့ဒီလို လေလံအောင် ထားတဲ့ ကားတွေ ကတော့ Jeep ၊ ဟီးနိုး အစရှိတဲ့ ယာဉ်အမျိုးအစားတွေ အပါအ၀င် အခြား ယာဉ်တွေလည်း ပါဝင်တဲ့ အတွက် ယာဉ်စီးရေကို အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။ လက်ရှိ ဆောင်ရွက် ပေးလျက်ရှိတဲ့ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု အစီအစဉ် မှာတော့ ဗ အက္ခရာ ယာဉ်တွေကို လက်ခံ ပေးနေပြီး အဆိုပါ အက္ခရာ အတွက် လာရောက် အပ်နှံဖို့ယာဉ်စီးရေ အနည်းငယ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အခုလို ဗ အက္ခရာ အိုဟောင်း ယာဉ်တွေကို လက်ခံ ဆောင်ရွက် ပေးပြီး ရင်တော့ လာမယ့် ဒီဇင်ဘာလ အတွင်းမှာ ဘ အက္ခရာယာဉ် တွေကို ဆက်လက်ပြီး လက်ခံ ပေးသွား ဖို့ရှိတယ်လို့ သိရပါတယ်။

No comments:
Post a Comment