Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 15 November 2012

နယူးဒေလီရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် လည်ပတ်

ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီတွင် ရှိသည့်  မြန်မာ သံရုံးသို့ ကြာသပ တေးနေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင်သွားရောက် လည်ပတ်ခဲ့သည်။

မြန်မာသံရုံး ယာယီတာဝန်ခံ ဦးဘလှအေး အပါအဝင် သံရုံး မိသားစုများက ကြိုဆို နှုတ်ဆက် ကြသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO တွင် တာဝန် ထမ်းဆောင် နေသည့် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်နိုင် ၏ သမီးဖြစ်သူ ဒေါက်တာအမရာမွန်နိုင် လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရာတွင် ပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါက်တာ အမရာမွန်နိုင်တို့မှာ ကျောင်းနေဘက် ငယ်သူငယ်ချင်းများဖြစ်ကြသည်။

မြန်မာသံရုံး မိသားစုနှင့် မိနစ် ၄ဝ ခန့်ကြာ နှုတ်ဆက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြန်လည် ထွက်ခွာသွားခဲ့သည်။

သံရုံးယာယီ တာဝန်ခံ ဦးဘလှအေး က “ အခုလို ၁၉၉၅ ခုနှစ် ကတည်းက အပ်နှင်းထားတဲ့ ဆုကို လာရောက် လက်ခံတဲ့ ကိစ္စဟာ ဝမ်းမြောက်ဝမ်းသာ စရာ ကိစ္စဖြစ်တယ်။ မနေ့က နေရူးလက်ချာမှာ ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်း ပြောကြားသွားသလိုပဲ အိန္ဒိယနိုင်ငံနှင့် ပါတ်သက်ပြီးတော့ စိတ်ပျက်မှု မရှိဘူး၊ မျှော်လင့်ချက်ထား တယ်။ နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံရေးကို တိုးမြှင့်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတဲ့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ကောင်းတဲ့ အလားအလာ၊ ရှေ့ကိုပိုမို တိုးတက်သွားဖို့ပဲ ရှိတယ်” ဟု  မဇ္စျိမ ကို ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တက်ခါနီးတွင် ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ရောက်ရှိလာမည့် အမေရိကန် သမ္မတကြီး ဘားရက်အိုဘားမား နှင့် တွေ့ရန် အစီအစဉ် ရှိ၊ မရှိ မဇ္စျိမက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “တွေ့မှာပါ” ဟုဖြေကြားသွားကြောင်း သတင်းရရှိသည်။

နယူးဒေလီ (မဇ္ဈိမ)

နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ က လာရောက်လည်ပတ်စဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) သံရုံးယာယီတာဝန်ခံ ဦးဘလှအေးနှင့် သံရုံးမိသားစုများက သံအမတ်ကြီးနေအိမ်တွင် မိနစ် ၄၀ ကြာ လက်ခံတွေ့ဆုံခဲ့ကြသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့