Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 4 November 2012
ကမ္ဘာ့ဘဏ် မြန်မာအစိုးရကို ငွေပြန်ထောက်ပံ့
ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၂၄၅ သန်း ချေးငွေနှင့် အကူအညီများ လာမည့် တနှစ်ခွဲအတွင်း ပေးမည် ဖြစ်သည်။ ဒေါ်လာ သန်း ၈၀ ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများအတွက် ပေး ရန် အတည်ပြု ထားကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ ဘဏ်မှ ကြွေးမြီများကို ရှင်းလင်းပြီး ပါက နောက်ထပ် ဒေါ်လာ ၁၆၅ သန်း ချေးပေးရန် အစီအစဉ်ရှိသည်။
မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ ကြားဖြတ်မဟာဗျူဟာကို နိုဝင်ဘာလ ၂ ရက်နေ့ ကထုတ်ပြန်ခဲ့သည်။ ၁၈ လစာအတွက် ရေးဆွဲထားပြီး အချိန်စေ့သည့်အခါ ပြန်လည်သုံးသပ်ကာ ရေရှည်စီမံကိန်းကို ချမှတ်ရေးဆွဲမည်ဖြစ်သည်။
အခြားနိုင်ငံများတွင် နိုင်ငံပြန်လည်ထူထောင်ရေး မဟာဗျူဟာများကို လေးနှစ်တာ အတွက် ရေးဆွဲလေ့ရှိသော်လည်း မြန်မာနိုင်ငံသည် အပြောင်းအလဲသို့ ဦးတည်နေသည့်အတွက် ကြားဖြတ်အစီအစဉ် ၁၈ လစာရေးဆွဲပြီး ရလဒ်ကိုကြည့်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခန်သန်ရှန်ကာက ပြောသည်။
ကြားဖြတ် မဟာဗျူဟာတွင် အပိုင်း ၃ ပိုင်းရှိပြီး နိုင်ငံတော် အဖွဲ့အစည်းများအတွင်း ပြောင်းလဲမူများ ပြုလုပ်ခြင်း၊ ယုံကြည်မူတည်ဆောက်ခြင်း ရှေ့ဆက် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ပြင်ဆင်ခြင်းတို့ပါဝင်သည်။
“ ကျနော်တို့ဆွဲထားတဲ့ မဟာဗျူဟာက စင်းလုံးချော မဟုတ်ပါဘူး။ ဒါပေမဲ့ အကောင်းဆုံး အလုပ်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာအတွေ့အကြုံတွေက အများကြီး အထောက်အကူ ဖြစ်စေမှာပါ” ဟု ခန်သန်ရှန်ကာ က ပြောသည်။
ကမ္ဘာ့ဘဏ် ကြားဖြတ် မဟာဗျူဟာ၏ ရည်ရွယ်ချက်တွင် ပြည်သူလူထုနှင့်ဆိုင်သည့် ဘတ်ဂျတ်စီမံခန့်ခွဲမူကို အားဖြည့်ရန်နှင့် နိုင်ငံတော်ဘတ်ဂျတ် သုံးစွဲပုံများ ပွင့်လင်းမူရှိစေရန်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ချေးငွေ အလွယ်တကူရစေရန် အတားအဆီးဖြစ်နေသော မူဝါဒများ ပြုပြင်ရန်၊ နိုင်ငံလုံးဆိုင်ရာ ဘောဂအခင်းအကျင်းနှင့် အလုပ်ကိုင် အခွင့်အလမ်းများပေါ်ပေါက်နိုင်ရေးကို နားလည်သဘောပေါက်စေပြီးပြီး ပုဂ္ဂလိကကဏ္ဏ တိုးတက်မူများ ရှိစေရန်တို့ပါဝင်သည်။
မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို ပြည်တွင်းပြည်ပမှ ပိုမိုယုံကြည်မူရှိလာစေရန်လည်း ကမ္ဘာ့ဘဏ်က ကူညီပေးရန်ရှိကြောင်း ခန်သန်ရှန်ကာ ကပြောသည်။ ပြည်တွင်းမှ ယုံကြည့်မူရှိစေရန်အတွက် စစ်ဖြစ်ပြီးစ နိုင်ငံ၊ ပဋိပက္ခဖြစ်ပွားပြီးစ နေရာများဖြစ်သော အာဖဂန်၊ အင်ဒိုနီးရှားမှ အာချေး၊ ဖိလစ်ပိုင် မင်ဒနအို ဒေသ များတွင် ပြုလုပ်ခဲ့သည့် Community Driven Development (CDD) ရပ်ရွာအခြေပြု ဖွံ့ဖြိုးတိုးတက်မူ လုပ်ငန်းများ အတွက် ဒေါ်လာ သန်း ၈၀ ကို ချမှတ်ထားသည်။ ယင်းစီမံချက်အတွက် စီမံကိန်း လည်ပတ်မည့်ပုံစံကို နိုဝင်ဘာလတွင် အပြီးသတ်ရေးဆွဲပြီး ၂၀၁၃ ခုနှစ် တွင် စတင်မည်ဖြစ်သည်။
“ မြန်မာနိုင်ငံရဲ့လိုအပ်ချက်တွေက အများကြီး၊ ကျနော်တို့လုပ်နိုင်တာက နည်းတယ်ဆိုတာ သိပါတယ် ” ဟု ရံပုံငွေ ဒေါ်လာ သန်း ၈၀ နှင့်စပ်လျဉ်းပြီး ခန်သန်ရှန်ကာ ကပြောသည်။
သန်း ၈၀ ကို အစိုးရမှ တဆင့် ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရက စီမံကိန်းများ အကောင်အထည်ဖော်သူအဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။ ယင်းငွေကြေး အထောက်အပံ့သည် ငြိမ်းချမ်းသော ဒေသများအတွက်သာ ဖြစ်ပြီး ၆ နှစ်အတွင်း အပြီးဖော်ဆောင်သွားမည် ဖြစ်သည်။ ယင်းစီမံချက်များ အောင်မြင်မူကို ပြသပြီး ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် ဖွံ့ဖြိုးရေး စီမံချက်များ ပြုလုပ်ရန်အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၅ သန်းကို ကမ္ဘာ့ဘဏ်က နိုင်ငံတကာ အလှူရှင်နိုင်ငံများ အသိုင်းအ၀ိုင်းတွင် အလှူခံပေးမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်သည် လုံလောက်သော တွေ့ဆုံဆွေးနွေးမူများ မလုပ်ခဲ့ဟု မြန်မာနိုင်ငံ အရပ်ဖက်လူ့အဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့ဘဏ်သို့ ဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ သန်း ၄၀၀နှင့် အာရှဖွံဖြိုးရေးဘဏ်သို့ အကြွေး သန်း ၅၀၀ စုစုပေါင်း သန်း ၉၀၀ နီးပါး အကြွေးတင်လျက်ရှိသည်။ ယင်းအကြွေးများကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဖြေရှင်းပေးမည်ဖြစ်ပြီး ၂၀၁၃ အစောပိုင်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချေးငွေ အစီအစဉ်များကို ပြန်လည်ရယူနိုင်မည်ဖြစ်သည်။
“ အကြွေးတွေလျော်ပစ်ဖို့ လုံးဝမရှိပါဘူး ” ဟု ခန်သန်ရှန်ကာ ကပြောသည်။ မြန်မာနိုင်ငံ၏ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ တင်နေသည့် အကြွေးများကို ဂျပန်အစိုးရက အစားဝင်ဆပ်ပေးမည်ဖြစ်သည်။
အကြွေးများရှင်းသွားပါက ကမ္ဘာ့ဘဏ်သည် လမ်း တံတား ဆက်သွယ်ရေး ရေ မီး နှင့် စွမ်းအင်ကဏ္ဍများအတွက် ငွေထုတ်ချေးရန် စိတ်ဝင်စားလျက်ရှိသည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ ဘဏ်မှ ကြွေးမြီများကို ရှင်းလင်းပြီး ပါက နောက်ထပ် ဒေါ်လာ ၁၆၅ သန်း ချေးပေးရန် အစီအစဉ်ရှိကြောင်း ကမ္ဘာ့ ဘဏ် ဒုတိယအကြီးအကဲ ပန်မီလာ ကောက်စ် ကို ကိုးကား၍ Reuters သတင်းတွင် ရေးထားသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
November
(1044)
- လက်ပံတောင်းတောင် အကြမ်းဖက်မှုကို မြန်မာသံဃာတော်မျာ...
- သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင်ေ...
- ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ...
- မိုးထိမိုးမိ ရွှေလုပ်သားများ အဖွဲ့ခေါင်းဆောင်များ က...
- မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based...
- လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆက်လုပ်ရေး အခြေအနေ ဖ...
- သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုကို မန္တလေး သံဃာတော်မျ...
- လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည...
- လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက...
- ၀န်ကြီးချုပ် ဦးသာအေး ၏ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမှု အ...
- လက်ပန်းတောင်း အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
- ရဲသုံးဦး လူသတ်မှုကျူးလွန်
- ရှေ့ကသွားနောက်ကလိုက် အနာဂတ်ကို ကိုက်ခဲနေတဲ့ ယမကာ ယ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- မုံရွာကြေးနီစီမံကိန်း သုံးသပ်ချက် တရုတ်သံရုံး ထ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- တကယ်မွှေးမှာလား ကံ့ကော်မြေ
- သပိတ် စခန်းတွေကို အင်အားသုံး ဖြိုဖျက်ဖို့  နေပြည်ေ...
- နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက် လွှတ်ေ...
- နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် Premier Eleven Sports Journ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- အစိုးရက ဘာကြောင့် ဒီလို ဖြိုခွင်းတာလဲ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁...
- ဒီဇင်ဘာလ (၂) ရက်နေ့ ထုတ် EURO SPORTS JOURNAL VOL 4...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- သတင်းထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက်လိုက်ပါကြောင်း
- သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျို...
- ယခင်အစိုးရနှင့် စီမံကိန်းအား ကာကွယ်၍ သတင်းထုတ်ပြန်...
- သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- DVB 29.11.2012 - 4pm News
- ၁- မင်္ဂလသုတ်-
- ပိဋကတ် ၃ပုံ မြန်မာပြန် စာအုပ် Download(33.5MB)
- မြန်မာ့ပညာရေး မြှင့်တင်ရန် အမေရိကန် တက္ကသိုလ်များ က...
- စစ်တပ်လွှဲပြောင်း သံမဏိစက်ရုံ နှစ်ရုံအတွက် ငွေဘီလီယ...
- လက်ပံတောင်း အကြပ်အတည်း ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင...
- ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို
- လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန...
- ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း
- အလုပ်သမား အထောက်အထားများ အလုပ်ရှင်သိမ်းဆည်းပါက တို...
- မတင်နီလာအေး အမှု စွဲချက်တင်တော့မည်
- တော်ဝင် သစ်စက်အရေး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ချပြီ
- လက်ပံတောင်းအရေး ထိပ်တိုက်တွေ့မှာ စိုးရိမ်နေ
- ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင...
- လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်
- တန်ဆောင်တိုင် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပလျက်ရှိ
- အကျဉ်းဦးစီး ဌာန၏ မိသားစု ဘုံကထိန်တွင် သိန်း ၁၇၀ ကေ...
- ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန်...
- တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းခဲ့
- ၁၈ ကြိမ်မြောက် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ပြုလ...
- ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒီရေတော ထိန်...
- လာမည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် ငမိုးရိပ် ဒုတိ...
- ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ၅၀၀ ကေဗွီဓာတ်အား လိုင်း၏ အ...
- ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကွန်ဒို တိုက်ခန...
- Anti-Copper Mine Demonstration Update
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲ ၊ သံဃာတော် အပါး(...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ကြေနီစီမံကိန်းရပ်တန့်ရေးသပိတ်စခန်း ဖြိုခွင်းမှု အသံ...
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ...
- သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် သံဃ...
- လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို...
- လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား (ဓ...
- မြန်မာပြည်က စပစ်ဖိုင်းယားတွေကို တူးတော့မယ်
- လက်ပံတောင်း တောင် သပိတ် လူစုခွဲ
- အစိုးရလုံခြုံရေးတပ်တွေ မီးလောင်ဗုံးသုံးပြီး သပိတ်ခွဲ
- လက်ပံတောင်းအရေးပေါ်သတင်း
- တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတ...
- ကြာသပတေးနေ့ တီဗွီသတင်းများ
- လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်...
- ဓာတ်ပုံလေးတွေကို Effect တွေ နောက်ခံသီချင်းတွေနဲ့ D...
- မိုင် ၂၄၀ ကျော် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည်...
- ညောင်နှစ်ပင်မှ သင်္ကန်းကျွန်း အထိ ရေပို့ပိုက်မကြီး သ...
- 2012- Korea- Myanmar Medical Tourism Forum ပထမဆုံး...
- ၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံခွန်စိုက်...
- ICT ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပခဲ့
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စီးပွားရေး ကုန်သွယ်မှုမျ...
- မကြာမီ လပိုင်း အတွင်း GSM တန်ဖိုးနည်း ဖုန်းများ ထပ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ယာဉ်အမျိုးအစား အလိုက် ကုန်တန်ချိန် တင်ဆောင်မှု တိုး...
- မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့ ခေါင်းဆောင်များ နယ်ပြော...
- တိုက်ပွဲဝင် သပိတ်စခန်းများ အရေး ဗကသများ အဖွဲ့ချုပ်...
- လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ ...
- နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးအား အမှတ်(၅၁၆)တပ်...
- » ပျောက်သွားတဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ကျပ် (...
- လက်ပံတောင်းတောင် နောက်ဆုံး မျှော်လင့်ချက် အတွက် သွ...
- စစ်တွေကို ထွက်ပြေး လာတဲ့ မွတ်ဆလင်တွေ နေရပ် ပြန်ပို...
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂို...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် The Hot News (Vol-3,No-...
- သပိတ် စခန်းတွေ ဖယ်ဖို့ ကြေညာချက်ထုတ် ထားပေမယ့် ဆက်...
- အီဂျစ် နိုင်ငံသား ထောင်သောင်းချီ စုဝေး
- လစ်ဗျားသံရုံးတိုက်ခိုက်မှု သတင်းအမှားပေး
- ဆီးရီးယား အစိုးရ လေကြောင်း ထိုးစစ်ကြောင့် အများအပြ...
- လက်ပန်းတောင်း သပိတ်စခန်းတွေဖျက်ဖို့ အမိန့်ထုတ်
- ဌာနေပြန် ရွှေတွင်းအလုပ်သမားတွေ အခက်တွေ့နေ
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ...
- ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်ကော်မတီ ...
- ပုသိမ်လေတပ်စခန်း အတွင်း ဝါယာရှော့ခ်ကြောင့် မီးလောင...
- မြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံး
- ရဲတပ်ဖွဲ့ ဝင်တဦး၏ (၁၄) နှစ်အရွယ် သမီးကို ရဲတပ်ဖွဲ ...
- အဆင်မြင့် ၇ည်းစား စကားး
- ဆရာမ ရိုက်မှုကြောင့် မူလတန်း ကျောင်းသား တစ်ဦး ဆေးရံ...
- လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် ဒု...
- အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျ...
- ဒေါ်စုနှင့် ဦးသိန်းစိန် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ’ သတ်မ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ရန်ကုန်-မန္တလေးကားလမ်းမပေါ် ယာဉ်တိမ်းမှောက် တရုတ်အမျ...
- ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်
- ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြခေါင်းဆောင်အချို့က...
- တေးသံရှင် Dဖြိုး စိတ်ကြွဆေးပြား တွေ့ရှိမှုဖြင့် အဖ...
- ကျိုက်ထီးရိုးဆံတော်ရှင်မှာ ချွေသည့်ဆု
- အစ္စလာမ်ညီအကိုတော်ရုံး ဆန္ဒပြသူတွေဝင်စီး
- မုံရွာဆန္ဒပြသံဃာများ ဆားလင်းကြီးသပိတ်စခန်းများနှင့်...
- မိုးထိမိုးမိရွှေလုပ်သားများ အစိုးရနှင့် ညှိနှိုင်း
- ပြည်တွင်းထိပ်တန်း ကုမ္ပဏီကြီးများက စက်သုံးဆီများ တရ...
- ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားနှင့်ကား တိုက...
- မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေးတွင် သံဃာတော်များ...
- ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့် ရမယ်လို့ ဒေါ်...
-
▼
November
(1044)
No comments:
Post a Comment