Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 16 November 2012

နေပြည်တော်တွင်းရှိ မူလတန်းကျောင်း နှင့် သနားစရာကောင်းတဲ့ရွာသားများ


၆.၁၁.၂၀၁၂ က ဘောဂသိဒ္ဒိ ရပ်ကွက်ထဲမှာ ရှိတဲ့ အမက ကျောင်းလေးသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ငါးတန်းရှိပြီး ကျောင်းအုပ် ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ စုစုပေါင်း သုံးဦးသာရှိပါတယ်။

 စေတနာ့ဝန်ထမ်း သင်ပေးနေတဲ့ လစာမရရှိတဲ့ ကျောင်းဆရာမ တဦးကို တွေ့ ခဲ့ရတယ်။

ကလေးတွေအတွက် ကျောင်းစာသင်ခုံများ လုံလောက်မှု လုံးဝမရှိဘူး။ ဆရာ၊ ဆရာမအတွက် ထိုင်စရာခုံဆိုတာ ဝေလာဝေးပါပဲ။

သူငယ်တန်းကလေးတွေ အတွက် ကျောင်းစာသင်ခုံအဖြစ် ဘဲဥသေတ္တာအခွံက သစ်သားတွေကို စာသင်ခုံ အဖြစ်ရိုက်ထားတာ တွေ့ရတယ်။

 တနှစ်ပတ်လုံးအတွက် အဲဒီ မူလတန်းကျောင်းလေးအတွက် အစိုးရက ချပေးတဲ့ အသုံးစရိတ်ကတော့ ကျပ်ငွေ ငါးသောင်းတဲ့။

ဟန်ပြအဖြစ်နဲ့တော့ နွားနို့တခါတိုက်တာ သိခဲ့ရတယ်။

ဒါ့ကြောင့် နေပြည်တော်ထဲမှာ ရှိတဲ့ ကျောင်းတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက် စစ်ဆေးခွင့် မပြုတာဖြစ်မှာပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့