Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 12 November 2012

လျှောက်လွှာများ ရယူနိုင်ပြီ ဖြစ်သည့် ခရီးသွား လုပ်ငန်း ပညာနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဒီပလိုမာ သင်တန်း


အမျိုးသား စီမံခန့်ခွဲမှု ပညာ ကောလိပ်မှာ တက်ရောက် ရမယ့် ခရီးသွား လုပ်ငန်း ပညာနှင့် စီမံခန့်ခွဲမှု ဒီပလိုမာ သင်တန်း အတွက် သင်တန်း လျှောက်လွှာ
များကို နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်း အတွက် သင်တန်း ကာလမှာ ၉ လဖြစ်ပြီး သင်တန်းချိန် နံနက် ၇ နာရီမှ ၉ နာရီထိ တစ်ပတ်ကို ၅ ရက် သင်ကြား ပေးမှာ ဖြစ်ပါတယ်။ လျှောက်လွှာ များကို နိုဝင်ဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၂၁ ရက်နေ့ အထိ ထုတ်ပေး သွားမှာ ဖြစ်ပြီး အဆိုပါ လျှောက်လွှာ များကို နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံး ထားပြီး အမျိုးသား စီမံခန့်ခွဲမှု ပညာ ကောလိပ်၊ ကုန်သည်လမ်း၊ ဗိုလ်တစ်ထောင် မြို့နယ်သို့ လာရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဒီပလိုမာ သင်တန်းသို့ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးသူများ  တက်ရောက်နိုင်ပြီး သင်တန်း လျှောက်လွှာ များနဲ့အတူ လိုင်စင် ဓာတ်ပုံ ၂ ပုံ၊ ဘွဲ့လက်မှတ် မိတ္တူနဲ့ မူရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူနဲ့ သက်ဆိုင်ရာ ထောက်ခံချက်များ လိုအပ်ပြီး နိုင်ငံဝန်ထမ်း ဖြစ်ပါက ညွှန်ကြားရေးမှူးချုပ်ရဲ့ ခွင့်ပြုတဲ့ စာပါရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းမှာ ဘာသာရပ် ပို့ချမှု အနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ၀န်ကြီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိ သူများက အချိန်ပိုင်း ပို့ချသွားမှာ ဖြစ်ပြီး ပညာရေး ၀န်ကြီးဌာနမှ DTSM ဒီပလိုမာ ဘွဲ့ကရရှိထားတဲ့ ဆရာ၊ ဆရာမများမှ ဦးဆောင်ပြီး သင်တန်းပို့ချ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်းနဲ့ အသေးစိတ် သိရှိလိုပါက အမျိုးသား စီမံခန့်ခွဲမှု ပညာကောလိပ်၊ ကုန်သည်လမ်း၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁-၂၉၂၅၆၆၊ ၀၁-၂၉၉၀၈၈သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့