နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံကို အလည်အပတ် ခရီးစဉ် အဖြစ် ရောက်ရှိ လာတဲ့ အမေရိကန် သမ္မတ ဘားရက်အိုဘားမားရဲ့ ရန်ကုန် တက္ကသိုလ်
ဘွဲ့နှင်း သဘင်ခန်းမ အတွင်း ပြောကြားခဲ့တဲ့ မိန့်ခွန်း အရ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည် နလန် ထူနိုင်ပြီး ပြည်သူတွေ အတွက် အခွင့်အလမ်း တွေပေါ်ပေါက် လာအောင် ကူညီပေး မယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ မိန့်ခွန်း ပြောကြားမှုမှာ မြန်မာနိုင်ငံ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ရှိနေမယ့် အနာဂတ် တစ်ခု ဖြစ်တယ် လို့လည်း ပြောကြားခဲ့ ပါတယ်။
အဲ့ဒီ အနာဂတ် ခရီးကို ရောက်အောင် သွားဖို့ အတွက်လည်း အမေရိကန် ပြည်ထောင်စုက အဆင့် တိုင်းမှာ ကူညီပေး သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အမေရိကန် သမ္မတရဲ့ မိန့်ခွန်း ပြောကြားမှု အတွင်း မြန်မာနိုင်ငံဟာ အရပ်သား အစိုးရနဲ့ အတူ ပြည်သူ့ လွှတ်တော်လည်း အင်အားယူ ပေါ်ထွက် လာနေပြီ ဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲ တွေမှာ မိတ်ဆွေ အဖြစ် လက်ကမ်းဖို့ အဆိုပါ ခရီးစဉ်ကို လာရောက် ခဲ့တာ ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ ပါတယ်။
ယခု လာရောက်ခဲ့တဲ့ ခရီးစဉ်က တဆင့် နောက်ပိုင်း မှာလည်း ရှေ့ဆက် လုပ်ငန်းစဉ်တွေ အမြောက်အများ လုပ်ဆောင် သွားဖို့ ရှိတယ်လို့ သမ္မတရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား သွားခဲ့ ပါတယ်။ ဒါ့အပြင် အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အတွင်း ပြောကြားသွားခဲ့တဲ့ မိန့်ခွန်း မှာလည်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို ထောက်ခံတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး ပိတ်ဆို့မှု များကို လျှော့ချပေးခဲ့တဲ့ အပြင် ပြည်သူတွေ အတွက် ကောင်းမွန်တဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရရှိဖို့ကိုပါ လုပ်ဆောင်ဖို့ အတွက် ထည့်သွင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။

No comments:
Post a Comment